Tuesday, October 27, 2015

ဗျောက်တဲ့ . . ဗုံးလားလို့ တွေ့စကလန့်သွားတာပဲ

ဗျောက်တဲ့ . . .ဒါတွေကြောင့် အန္တရာယ်ရှိနေတာ
မဖောက်ကြပါနဲ့ဗျာ
 

Mohnyin ytk

သတင်းမတင်နိုင်တာတောင်ကြာရောပေါ့

Wednesday, October 21, 2015

ytk

ရွှေသာလျောင်းဘုရားနောက်ကျောကtea ဆိုင်နဲ့မုန့်ဟင်းကားဆိုင်ပေါ့
စားလို့သောက်လို့ကောင်းတယ်

Saturday, October 17, 2015

ဒီနေ့ညနေမှာ မိုးညှင်းမြို့ မြို့မရပ်ကွက် နတ်ကြီးကုန်း မှာတည်ရှိပါသော သစ္စာမဏ္ဌိုင် ဆုတောင်းပြည့်ဘုရားမှာ စတုဒီသာကုသိုလ်ပြုဖြစ်ပါတယ်

Maung Win
ဒီနေ့ညနေမှာ မိုးညှင်းမြို့ မြို့မရပ်ကွက် နတ်ကြီးကုန်း မှာတည်ရှိပါသော သစ္စာမဏ္ဌိုင် ဆုတောင်းပြည့်ဘုရားမှာ စတုဒီသာကုသိုလ်ပြုဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ ပထမဦးဆုံးကြားဖူးတာပါရှင် အသည်းရောင်အသားဝါ ဘီပိုး စီပိုး အခမဲ့ ကုသပေးမှာပါ

Su Su Hlaing Htwe

မြန်မာနိုင်ငံမှာ ပထမဦးဆုံးကြားဖူးတာပါရှင်
အသည်းရောင်အသားဝါ ဘီပိုး စီပိုး အခမဲ့
ကုသပေးမှာပါ
ပါမောက္ခဦးခင်မောင်ဝင်း(အသည်း) ကျမတို့ရဲ့ဆရာကြီး အသည်းသမားများအားကိုးရမယ့်ဆရာကြီး
ဦးစီးကြီးမှူးထားပါတယ်

Thursday, October 15, 2015

Motherboard ဘာကြောင့် ပျက်ရတာလဲ?

ကွန်ပြုတာဆိုင်ရာ မေးမြန်နိုင်သောဂရု
Motherboard ဘာကြောင့် ပျက်ရတာလဲ?
ကွန်ပျူတာ တစ်လုံးမှာ Motherboard ဆိုတာဟာလည်း မရှိမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ ဖြစ်တယ်။ ဒီ ကွန်ပျူတာမှာ Motherboard မရှိရင် ဘာမှလုပ်လို့ ဖြစ်မှာမဟုတ်ပါဘူး။ အဲ့ဒီ ကွန်ပျူတာမှာ သိပ်ကို
အရေးပါတဲ့ Motherboard ဟာ တစ်ခုခုကြောင့် ချို့ယွင်းချက်တစ်စုံတစ်ရာရှိလာပြီဆိုရင် ကွန်ပျူတာဟာ ကောင်း
ကောင်းအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလို အရေးကြီးတဲ့ Motherboard ကို မပျက်စီးအောင် ထိန်း
သိမ်းသင့်တာက ကွန်ပျူတာ အသုံးပြုနေသူ အားလုံးအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တယ်။ အဲ့လိုမျိုး
Motherboard ကို မပျက်အောင် ထိန်းသိမ်းနိုင်ဖို့ရန်အတွက်ဆိုရင်တော့ ဘာလုပ်ရမလဲ။ Motherboard ကို
မပျက်အောင် ထိန်းသိမ်းဖို့အတွက်ပါ ဆိုမှတော့ ဒီ Motherboard ဟာ ဘာတွေကြောင့် ပျက်တတ်တယ် ဆိုတာ
ကိုသိထားမှ အဲ့ဒီ ပျက်တတ်တဲ့ အကြောင်းအရာလေးတွေကို ရှောင်သင့်ရင်ရှောင်ရမယ်လေ။ ဒါမမဟုတ် ဂရုစိုက်
ရမယ်။ ဒါမှလည်း ကိုယ့်အိမ်က အသုံးပြုနေသော ကွန်ပျူတာ Motherboard ကို မပျက်စီးအောင် ထိန်းသိမ်း
နိုင်မှာပေါ့။ ဟုတ်ပြီ။ ဒါဆိုရင် Motherboard မပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် Motherbaord ကို ပျက်စေ
တတ်သော အကြောင်းအရာလေးတွေကို အရင်သိထားသင့်တယ် မဟုတ်လား။ ဒီတော့ Motherboard ကို
မပျက်စီးအောင်၊ မပျက်ယွင်းအောင်အတွက် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေကို
အရင်ဆုံးပြောပြချင်ပါတယ်။
အခုပြောမယ့် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေက ယေဘုယျ ဖြစ်တတ်တဲ့အ
ကြောင်းအရာတွေကို ပြောမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ အခုပြောမယ့် အချက်တွေကြောင့်
Motherboard တွေဟာ ပျက်တတ်ပါတယ်။
ပြောရမယ်ဆိုရင် Motheboard တွေဟာ ဖုန်တွေကြောင့်လည်း ပျက်တတ်ပါတယ်။ တစ်ချို့တွေက ဖုန်တွေ
ကြောင့်ပဲ ကွန်ပျူတာ Motherboard ကို ပျက်စီးစေတတ်သလားလို့ ထင်ချင်ထင်ကြလိမ့်မယ်။ ပျက်တတ်တာပေါ့။
ဖုန်တွေကြောင့် Motherboard ကို ပျက်စီးစေတတ်တာပေါ့။ ကွန်ပျူတာကို အသုံးပြုတာ ကြာလာတဲ့အခါမှာ တ
ဖြည်းဖြည်းနဲ့ ဖုန်တွေ ၀င်တတ်ပါတယ်။ မိမိကတော့ သုံးလို့ရနေတာပဲ ကောင်းနေတာပဲ ဆိုပြီးတော့ အဲ့ဒီ ဖုန်တွေ
ကြောင့် Motherboard ပေါ်မှာရှိသော Device တွေ၊ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်
ကွန်ပျူတာကို ဖုန်တွေဝင်ရင် မကြာခဏလေး ကွန်ပျူတာ Casing ဖုံးကိုဖွင့်ပြီး Blower လေးဖြင့် မှုတ်ပေးလိုက်
ခြင်းအားဖြင့် ဖုန်တွေကို သန့်စင်စေနိုင်ပါတယ်။ ဒါဆိုရင် Motherboard ကိုပျက်စီးခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
စိုထိုင်းမှု့ကြောင့်လည်း ကွန်ပျူတာ Motherboard ကို ပျက်စီးစေနိုင်ပါတယ်။ မိုးရာသီတွေမှာဆိုရင် ကွန်ပျူ
တာကို ရေငွေ့ရိုက်မှုကြောင့် စိုထိုင်းမှု့တွေ ဖြစ်တတ်တယ်။ အဲ့ဒီရေငွေ့တွေက Motherboard ပေါ်မှာရှိသော
အစိတ်အပိုင်းတွေ၊ Device တွေကို စိမ့်ဝင်ပြီးတော့ Device တွေရဲ့ Performance ကို ထိခိုက်စေပါတယ်။
ဒါကြောင့် မိုးရာသီတွေမှာ ဆိုရင် ကွန်ပျူတာ Motherboard ကို ရေငွေ့ရိုက် စိုထိုင်းမှု့ မရှိရလေအောင် ဂရုစိုက်သင့်
ပါတယ်။ ကွန်ပျူတာ ကို ရေစိုတာတွေဘာတွေ မဖြစ်အောင် ပြတင်းပေါက်နားမှာ ထားခြင်းတို့ကို ရှောင်သင့်ပါ
တယ်။


နောက်ပြီး Electrostatic ကလည်း ကွန်ပျူတာရဲ့ Motherboard ကို ပျက်စီးနိုင်တဲ့အကြောင်း တစ်ရပ်ဖြစ်
တယ်။ ဆိုလိုတာက လူတွေဟာ လမ်းလျှောက်တဲ့အခါမှာ ကြမ်းပြင်နဲ့ လူရဲ့ ခြေထောက်နဲ့ ထိပြီးတော့ ပွတ်တိုက်မှု
ကြောင့် Static Charge ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး လမ်းလျှောက်ရာကနေ ကွန်ပျူတာ
Motherboard ကို ထိကိုင်လိုက်ပြီဆိုရင် အဲ့ဒီ လူ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်ရဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်တတ်တဲ့
Static Charge ဟာ Motherboard ပေါ်က ပစ္စည်းတွေ၊ Capacitor တွေကို ထိခိုက်ပြီးတော့ Motherboard ကို
ပျက်စီးသွားစေတတ်ပါတယ်။ အပြင်ပန်းကြည့်ရင်တော့ ဘာမှမဖြစ်သလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းအလုပ်လုပ်
တဲ့ အခါမှာတော့ အဲ့ဒီ Motherboard ဟာ အလုပ်မလုပ်တော့ပါဘူး။
Motherboard တွေဟာ အပူချိန်ကြောင့်လဲ ပျက်စီးတတ်ပါတယ်။ အပူချိန်ကြောင့်ဆိုတာက ကွန်ပျူတာအသုံး
ပြုသော အခန်းရဲ့အနေအထား အပူချိန်ကိုပြောတာ ဖြစ်တယ်။ တကယ်လို့ အခန်းဟာ ဥပမာပေါ့ အမိုးတွေနိမ့်ပြီး
အရမ်းပူနေတာပဲဖြစ်ဖြစ်၊ ဒါမမဟုတ် ရာသီဥတုအရမ်းပူတဲ့အခါတွေမှာ Motherboard တွေဟာ အရမ်းပူပြီးတော့
ပျက်စီးတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် အချက်တစ်ခုဖြစ်တယ်။
နောက်တစ်ချက်က ကွန်ပျူတာ Motherboard တွေဟာ မီးအားမငြိမ်မှုကြောင့်လည်း ပျက်တတ်ပါတယ်။
ကွန်ပျူတာ Motherboard ဟာ သူအလုပ်လုပ်နေစဉ်အတွင်းမှာ မီးအားအတက်အကျများရင် သူ့ထဲမှာရှိသော
Capacitor တွေ ပေါက်တာတို့ လောင်တာတို့ ဖြစ်တတ်ပါတယ်။ ဒါဟာ Motherboardကို ပျက်စေတတ်ပါတယ်။
ဒါကြောင့် Motherboard ကို မပျက်စီးစေရအောင် ထိန်းသိမ်းဖို့အတွက် မီးအားအတက်အကျ မရှိဖို့လိုပါတယ်။
မီးအားမငြိမ်ဘူးဆိုလျင်တော့ ကွန်ပျူတာ Motherboard ပေါ်က Capacitor တွေ ပေါက်ပြီးတော့ ကွန်ပျူတာ
Motherboard ကို ပျက်စီးစေတတ်ပါတယ်။

တကယ်တော့ Capacitor ဆိုတာ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေကို Power
ငြိမ်စေဖို့အတွက် အိမ်မီး ပလပ်ပေါက်ကနေလာသော AC Power ကို DC (Direct Current) Voltage ဖြင့်
တည်ငြိမ်သော လျှပ်စစ် Power ကို ပေးတာဖြစ်တယ်။ အမှန်တော့ ဒီ လျှပ်စစ်ပစ္စည်းတွေဆိုတာကတော့ Power
ကို အသုံးပြုတဲ့အခါမှာ လျှပ်စစ်တည်ငြိမ်မှုရှိမှ ကောင်းတာပါ။ လျှပ်စစ်တည်ငြိမ်မှု မရှိဘူးဆိုလျင်တော့
ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ လွယ်လွယ် ပျက်စီးတတ်ပါတယ်။ Capacitor ဆိုတာက
လျှပ်သိုဖြစ်တယ်။ လျှပ်သိုဆိုတဲ့အတိုင်း Capacitor က အစိတ်အပိုင်းတွေလိုအပ်သော လျှပ်စစ်ပမာဏကို
ထုတ်ပေးပြီးတော့ ကျန်တဲ့ လျှပ်စစ်တွေကို သူ့ဆီမှာ စုပ်ယူထားလိုက်တာ ဖြစ်တယ်။ ဒါကြောင့် Motherboard
ပေါ်က အစိတ်အပိုင်းတွေဟာ ဒီ Capacitor တွေကြောင့် တည်ငြိမ်သော လျှပ်စစ်ကို ရရှိနေတာ ဖြစ်တယ်။
ဒါပေမယ့် ဒါဟာ Capacitor ကောင်းနေလို့ ဖြစ်ပါတယ်။ တကယ်လို့ Capacitor သာ မကောင်းဘူးဆိုလျင်တော့
ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေဟာ ဘာတွေဖြစ်လာနိုင်သလဲ။
Motherboard ပေါ်မှ Capacitor တွေဟာ အဓိကအားဖြင့် အလုပ်လုပ်တာကတော့ ကွန်ပျူတာ
Motherboard ပေါ်က အစိတ်အပိုင်းတွေကို လျှပ်စစ်ငြိမ်အောင်လုပ်ပေးတဲ့ အစိတ်အပိုင်းလေးပါ။ ဒါကြောင့်
Capacitor တွေ မကောင်းတော့ဘူး ပျက်ပြီ၊ ပေါက်ပြီဆိုလျင် ကိုယ်ကိုယ်တိုင်ကတောင်မှ ပျက်နေပါပြီဆိုမှတော့
ဘယ်လိုလုပ် တခြားအစိတ်အပိုင်းတွေကို Power လျှပ်စစ်ငြိမ်အောင် ပေးနိုင်တော့မှာလဲ။ ဒီတော့ ကွန်ပျူတာ
Motherboard ပေါ်က အစိတ်အပိုင်းတွေကို Power ကောင်းကောင်း မပေးနိုင်တော့ဘူးဆိုလျင် Motherboard
ဟာ ဘယ်လိုလုပ် အလုပ်ကောင်းကောင်း လုပ်နိုင်တော့မှာလဲ။ ဒီတော့ ကွန်ပျူတာဟာလည်း
အလုပ်မလုပ်တော့ဘူးပေါ့။ ဒါကြောင့် ကွန်ပျူတာ Motherboard ကို ပျက်စီးစေတဲ့ ဒီ Capacitor တွေဟာ
အရည်အသွေးကောင်းဖို့လဲ လိုသလို၊ သူ့ကို အသုံးပြုတဲ့အခါမှာပေးတဲ့ Power ဟာ လုံးဝငြိမ်ဖို့ လိုပါတယ်။

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ

Myat Min Soe
He's one of my inspiration smile emoticon
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။
Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့ ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့ ကလေးငယ်များ ရှိနေပါတယ်။
ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။

သစ္စာမဏ္ဍိုင် ရန်ပြေမာရ်ပြေဆုတောင်းပြည့်စေတီ (တေရသမ ) အကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ *****************--**********************************

မိုးညှင်း ဘုန်းကြီးကျောင်းသားလေး
သစ္စာမဏ္ဍိုင် ရန်ပြေမာရ်ပြေဆုတောင်းပြည့်စေတီ (တေရသမ ) အကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
*****************--**********************************
Mohnyin 15 october
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နတ်ကြီးကုန်းရပ်ကွက်
အတွင်းတည်ထားကိုးကွယ်တော်မူသော သစ္စာမဏ္ဍိုင် ရန်ပြေမာရ်ပြေ ဆုတောင်းပြည့်စေတီ အတွင်း နှစ်စဉ်ကျင်းပလျှက်ရှိသော အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉း၀၀ အချိန်တွင် (တေရသမ ) အကြိမ်မြောက်ကျင်းပဖွင့်လှစ်နိုင်ခဲ့ပါပြီ။
အခန်းအနားမှူးအဖြစ် မိုးညှင်း အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဇယန္တ မှ အခန်းအနားမှူးအဖြစ်ဆောင်ရွက်တော်မူခဲ့ပြီး
အခန်းအနားကို
နမောတဿ ( ၃ ) ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး
အခန်းအနားခွင့်ပန်လွှာ ဂါထာကို နန့်ပုတ်ရွာကျောင်း ဦးသုဇန ဆရာတော် အရှင် သူမြတ်မှ ရွတ်ဖတ်ပူဇော်ပြီး
ရောခြည်တော်ဖွင့် ဘုရားပင့်ရန်ဂါထာကို ဦးစန္ဒောဘာသ ပညာရောင်ခြည်ကျောင်းတိုက်မှ၎င်း
ကြွရောက်လာကြသော ဒါယကာ ဒါယိကာမ များအားငါးပါးသီလ ဆောက်တည်နိုင်ရန်အတွက်
ကံဦးကျောင်းဆရာတော်ဦးပညောဘာသမှ ချီးမြင့်ပေးသနားခဲ့ပြီး
နတ်ဗြဟ္မာ များအား ဖိတ်ကြားလွှာဂါထာကို
စက်ကုန်းကျောင်းဆရာတော် ဦးခတ္တိယ မှ ၎င်း
ပဌာန်းအမွန်းဂါထာကို နန့်ပုတ်ရွာကျောင်းဆရာတော် ဦးသုဇနမှဆက်လက်ဆောင်ရွက်ခဲ့ပြီး
ကြွရောက်လာကြကုန်သော သံဃာတော် အရှင်သူမြတ်များက
ပဌာန်း ပစ္စယုဒ္ဒေကို သုံးကြိမ် ရွတ်ဖတ်ပူဇော်၍ နေ့ည အသံမစဲ မဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆက်လက် ကျင်းပသွားကြောင်းသတင်း ရရှိပါသည်။
ကျော်ထူး ( ထီးလင်း)
ဓါတ်ပုံ ကို ချစ်ခိုင် မိုးညှင်းမှ ပေးပို့ကူညီပါသည်
ဓါတ်ပုံလိုအပ်ချက် ရှိ၍ သတင်းဖတ် ရူ့သူများကို အနူးအညွတ် တောင်းပန် အပ်ပါသည်။

ကလေး ၁ယောက် ထပ်ပိုယူမယ့် မိဘ များ အတွက် သတိထားစရာ အငယ်ကလေး မွေးလာတာ ပျော်စရာကောင်းသလား

Baby Care

ကလေး ၁ယောက် ထပ်ပိုယူမယ့် မိဘ များ အတွက် သတိထားစရာ
အငယ်ကလေး မွေးလာတာ ပျော်စရာကောင်းသလား
ကလေးတယောက်ကို မွေးဖွားရတယ်ဆိုတာဟာ မိခင်တယောက် အတွက် အင်မတန်မှ မလွယ်တဲ့ ကိစ္စရပ်ကြီးပါ။ သားဦးတုန်းကလည်း သားဦးမို့လို့ ဂရုစိုက်ရသလို၊ သားဦးမဟုတ်ဘဲ ဒုတိယကလေးကို မွေးဖို့ ကိုယ်ဝန်ဆောင် ရပြန်တော့လည်း ပထမကလေး အတွက်ရော၊ နောက်မွေးမယ့် ဒုတိယကလေး အတွက်ပါ စိတ်ရော ရုပ်ရော မနာကျင် မထိခိုက်ရအောင် ပြင်ဆင်ကြရ ပြန်ပါတယ်။
ပထမကလေး အတွက် မောင်လေး၊ ညီမလေး (ဒါမှမဟုတ်) ညီလေး၊ ညီမလေး တယောက်ကို မေမေက မွေးတော့မယ် ဆိုတဲ့ သတင်းစကားဟာ ပထမကလေး အတွက်တော့ တကယ့်အချိုးအကွေ့ အပြောင်းအလဲကြီး တခုပါပဲ။ ဟိုးအရင်တုန်းကတော့ အိမ်မှာ ကလေးဆိုလို့ ကိုယ်တယောက်တည်း ရှိနေခဲ့ပေမယ့် အခုတော့ နောက်ထပ် ကလေးတယောက် အိမ်မှာ တိုးလာတော့မယ်။ ဒါဟာ ကလေး တယောက်အတွက် ပျော်စရာ ဖြစ်မလား၊ နာကျင် ဝမ်းနည်းစရာ ဖြစ်မလားဆိုတာကတော့ ကလေးတို့ အနားမှာ ရှိနေကြတဲ့ အဖေ အမေ မိဘဆွေမျိုးများ အပေါ် မူတည်လို့ နေပါတယ်။
ကျမတို့ နိုင်ငံက လူကြီး တော်တော်များများဟာ နောက်ကလေး တယောက်ကို မိခင်က ကိုယ်ဝန်ဆောင်လိုက် ပြီဆိုတာနဲ့ ပထမကလေးကို မခံချင်အောင် စနောက်တတ်ကြ ပါတယ်။ “မေမေက ညီလေးကို မွေးတော့မယ်။ မင်းကို ချစ်တော့မှာ မဟုတ်ဘူး” ဆိုတာမျိုးကအစ၊ မွေးလာပြန်တော့လည်း အငယ်လေးက ပိုချောတယ်တို့၊ ပိုပြီးတော့ ထက်တဲ့ပုံ ပေါက်တယ်နော်တို့ ဆိုတာမျိုးတွေနဲ့ အကြီးကလေးရဲ့ရှေ့မှာ နှိုင်းယှဉ်ပြောတတ် ကြပြန်ပါသေးတယ်။
လူကြီးကတော့ ဘာရယ်မဟုတ် ပြောဆိုလိုက်တာပေမယ့် ဒီလို ပြောဆိုမှုတွေကြောင့် အကြီးကလေးဟာ အငယ်ကလေး လူ့လောကကို မရောက်လာခင်ကတည်းက သူ့အချစ်ကို လုယူသွားတော့မယ့် ပြိုင်ဘက် တယောက်အဖြစ် စတင်ပြီးတော့ မုန်းစိတ်ဝင်လာတော့ တာပါပဲ။
သူ့မေမေရဲ့ဗိုက်ထဲမှာ ကလေးလေးတယောက် ရောက်နေပြီ ဆိုတဲ့စကားဟာ အရင်ရှိနေပြီးသား အကြီးကလေး အတွက် ခံစားချက် အမျိုးမျိုးကို ဖြစ်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့အတွက် အပြောင်းလဲ ကြီးတခုကို သူ့ အရွယ်လေးနဲ့ ကြုံရတော့မှာမို့ ပါ။ ဒီအပြောင်းလဲကြီးဟာ ကလေး တယောက်အတွက် သိပ်ကိုမှ အရေးကြီးတဲ့ အပြောင်းအလဲကြီးပါပဲ။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို မနာကျင်၊ မထိခိုက်စေဘဲနဲ့ ညင်ညင်သာသာ ပျော်ပျော်ရွှင်ရွှင် ပြောင်းလဲနိုင် စေဖို့ သိပ်ကို အရေးကြီးလှ ပါတယ်။
တကယ်တော့ ကလေး အသစ်တယောက် ရောက်ရှိလာမယ့် ကိစ္စဟာ အရင်ရှိနှင့်ပြီးသား သားကြီး (သို့မဟုတ်) သမီးကြီးအတွက် မမွေးခင် ကတည်းကိုက အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကိစ္စရပ်ကြီးပါ။ မေမေ့ ဝမ်းဗိုက်ကြီး တဖြည်းဖြည်း ပူပြီး ဖောင်းလာတာက အစ၊ ဗိုက်ထဲက ကလေးလေးဟာ ညီမလေးလား ညီလေးလား၊ မွေးလာရင် ဘယ်လိုပုံစံလေး ဖြစ်မှာလဲ၊ အသားလေးရော ဖြူမှာလား စသဖြင့် သူ့အတွက် တွေးစရာတွေက အများကြီးပါပဲ။
ကလေးလေးမွေးရင် နာမည် ဘယ်လိုပေးမယ်၊ သူနဲ့အတူတူ ဘာတွေကိုအတူ လုပ်ပြီးတော့ ဘယ်လိုတွေ ကစားကြမယ် စသဖြင့် မွေးလာမယ့် ကလေးအတွက် စိတ်ကူးယဉ်စရာတွေလည်း အများကြီးပါပဲ။
ဒါပေမယ့် အဲဒီကလေးတို့ရဲ့ စိတ်ကူးယဉ်မှုဟာ ဗိုက်ထဲကကလေး အပြင်ကို ရောက်ပြီဆိုတာနဲ့ သူတို့ မျှော်မှန်း ထားသလို ဖြစ်မလာတော့ပါဘူး။ ညဘက် တကျီကျီနဲ့ နားပူအောင် ငိုလွန်းတဲ့ ကလေးနားမှာ တအိမ်လုံးက ဝိုင်းနေတာမို့ သူ့ကို ဂရုစိုက်မယ့်သူ တယောက်မှ မရှိတော့ဘူးလို့ အကြီးကလေးက ခံစားရပါတော့တယ်။
အရင်တုန်းက သူ့အနားမှာ စာအုပ်ဖတ်ပြ၊ ပုံပြောပြနေကျ အမေကလည်း ကလေးအငယ်လေးနဲ့ အလုပ်ရှုပ် လို့။ ဟိုးအရင်က အိမ်ကိုလာရင် သူ့ကိုပဲ အရေးတယူ လုပ်နေတတ်ကြတဲ့ ဧည့်သည်တွေကလည်း မွေးစ နီတာရဲကလေး ကိုပဲ အရေးတယူ လုပ်နေကြပါတော့တယ်။ အိမ်မှာ သူရှိနေသလား၊ မရှိနေဘူးလား ဆိုတာကို တောင်မှ ဘယ်သူမှ သတိမပြုမိကြ တော့ပါဘူး။
ကလေးမွေးလာရင် အတူတူကစားမယ်၊ ဆော့မယ်လို့ သူစိတ်ကူးယဉ်ထားခဲ့ ပေမယ့်လည်း တကယ်မွေးလာတဲ့ အချိန် မှာတော့ ကလေးက အနှီးထုပ်ကွေးလေး ထဲမှာမို့ သူနဲ့ မကစားနိုင်၊ မဆော့နိုင်သေးပါဘူး။
အဲဒီထက် ပိုဆိုးတာကတော့ ဟိုးအရင်တုန်းကလိုမျိုး အိမ်မှာ လွတ်လွတ်လပ်လပ် မဆော့မကစား နိုင်တော့ တာပါပဲ။ နီတာရဲကလေး အိပ်နေတုန်း တခုခု ဆူညံမိလို့ ရှိရင် လူကြီးတွေက သူ့ကို အပြစ်တင် ဆူပူကြပါတော့တယ်။ ဟိုးအရင်တုန်းက လိုမျိုး မေမေ့နားကိုလည်း ကပ်ခွင့် မရှိတော့ဘူး။ ခုတင်ပေါ်ကို ခုန်တက်လိုက်၊ ခုန်ချလိုက်နဲ့လည်း လုပ်လို့ မရတော့ဘူး။
ဒီလိုနဲ့ အသစ်မွေးလာတဲ့ ညီလေး (သို့မဟုတ်) ညီမလေးဟာ အကြီးကလေးအတွက် အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ သတ္တဝါကလေး ဖြစ်လို့လာပါ တော့တယ်။
မွေးကာစကလေး အသေးလေးကို တအိမ်လုံး ဝိုင်းပြီးတော့ ဂရုစိုက်ကြ၊ အိမ်မှာ ရှိနေတဲ့ လူကြီးတွေ အားလုံး ဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်မှာ အကြီး ကလေးရော ပျော်နေသလား၊ ဒါမှမဟုတ် ဝမ်းနည်း နေသလား၊ စိတ်ထဲမှာ အထီးကျန် ခံစားနေရသလား ဆိုတာကို မိဘဆွေမျိုးများ ဘယ်သူမှ သတိမပြုကြပါဘူး။
အကြီး ကလေးအတွက်ကတော့ အနှီးထုပ်ထဲက ကလေးလေးဟာ အရင်က သူရရှိနေကျ အချစ်၊ သူ့ရဲ့ လွတ်လပ်မှု၊ သူ့ရဲ့ ပျော်ရွှင်မှုတွေကို လုယူသွားသူ လို့ ခံစားနေရပါပြီ။ ဒီခံစားမှုကို ပြသတဲ့အနေနဲ့ အကြီးကလေးလေးဟာ မွေးစကလေးကို ဆိတ်ဆွဲတာမျိုး၊ လူကြီးလစ်ရင် လစ်သလို ဆွဲကုတ်ဖဲ့တာမျိုး တွေကို လုပ်လာပါတော့တယ်။
အဲဒီ အခါမှာတော့ ကလေးအနားမှာ ရှိနေတဲ့ မိဘဆွေမျိုးများက ကလေးရင်ထဲမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ဒီလိုဆိုး လာရတာလဲ ဆိုတာကို မဆန်းစစ်တော့ဘဲနဲ့ အကြီး ကလေးကို ဆိုးလာတယ်တို့၊ အကြီးက အငယ်ကို မညှာဘူးတို့၊ အင်မတန်ဆိုးတဲ့ အကောင်တို့ စသဖြင့် အလွယ်တကူနဲ့ တံဆိပ်ကပ်လိုက်ကြ ပါတော့တယ်။
အကြီးပဲ အငယ်ကို ညှာရမယ်တို့၊ လူကြီးတွေက ဒီလောက် အလုပ်ရှုပ်နေတာကို သူက နားမလည်ဘူးတို့ ကလေးကို ပြောတဲ့ အချိန်မှာ အကြီးကလေးဟာလည်း ကလေးပဲရှိသေးတယ် ဆိုတာကိုတော့ လူကြီးများ မေ့နေကြပါတယ်။
သူဟာလည်း ကလေးပဲမို့ လူကြီးတွေ ဘယ်လောက် အလုပ်ရှုပ်နေသလဲ ဆိုတာတွေ၊ အကြီးက အငယ်ကို ညှာတာ ရမယ့် ကျင့်ဝတ် ကိစ္စတွေကို သူ့အနေနဲ့ ဘယ်လိုမှ နားလည်နိုင်ဖို့ မလွယ်သေးပါဘူး။ နားမလည်နိုင်သေးတဲ့ ကလေးကို နားမလည်ရကောင်းလား ဆိုပြီးတော့ ပြစ်တင် ဆူပူတာဟာ ကလေးဆီကနေ မဖြစ်နိုင်တာကို တောင်းဆိုနေတာ ပါပဲ။
အဲဒီ အချိန်မျိုးမှာ ကလေးမွေးပြီးစ အမေ့ခမျာ မှာလည်း မွေးစကလေးနဲ့ အလုပ်ရှုပ်တာ၊ ဟော်မုန်း အပြောင်း အလဲကြောင့် စိတ်ဓာတ်ကျတာ၊ အိပ်ရေးပျက်ရလို့ စိတ်ညစ်ရတာတွေကြောင့် ကလေးအကြီးလေးကို ဟိုးအရင် တုန်းက လိုမျိုး ဂရုစိုက်နိုင်ဖို့ မလွယ်တော့ပါဘူး။ အဲဒီလို အချိန်မျိုးမှာ အကြီး ကလေးအတွက် အမေ့ ကိုယ်စား နွေးနွေးထွေးထွေးနဲ့ ကြင်နာပေးနိုင်မယ့် ရင်ခွင် လိုလာပါပြီ။
အဖေ (သို့မဟုတ်) ဆွေမျိုး သားချင်းတယောက်ယောက်က အကြီးကလေးနဲ့ အတူတူ ဆော့ပေးတာမျိုး၊ အကြီး ကလေး ပြောချင်တာ လေးတွေကို စိတ်ဝင်တစားနဲ့ နားထောင်ပေးတာ မျိုးလေးတွေ လုပ်ပေးမယ် ဆိုရင်ဖြင့် အမေ့နား မကပ်ရလို့ ဝမ်းနည်းနေရှာတဲ့ အကြီးကလေးရဲ့ ခံစားချက်တွေ လျော့နည်းသွားမှာပါပဲ။
ကလေးအကြီး တော်တော်များများဟာ အငယ်လေး မွေးတဲ့အချိန်မှာ သူတို့ ကိုယ်တိုင်လည်း အငယ်လေးလိုမျိုး ကလေး ပြန်လုပ်ပြီးတော့ မေမေ့ အနားကို ကပ်ချင်ကြပါတယ်။ အဲဒီအခါမျိုးမှာ မေမေက “ဒီမှာ မအားဘူး၊ လာမရှုပ်နဲ့” လို့ အော်ထုတ်မယ် ဆိုရင်ဖြင့် သူတို့ခမျာ သိပ်ကိုမှ ဝမ်းနည်း အထီးကျန် ခံစားသွားရမှာပါ။ ဒီလို ဝမ်းနည်း အထီးကျန် ခံစားမှုကနေ “မေမေက ငါ့ကို မချစ်တော့ဘူး၊ ညီလေးကိုပဲ ချစ်တော့တယ်” လို့ တွေးလာ တတ်ပါတယ်။
မေမေက အငယ်လေးနဲ့ အလုပ်ရှုပ်နေတယ် ဆိုပေမယ့်လည်း အငယ်လေးကို နို့တိုက်ရင်းနဲ့ပဲ အကြီးလေးကို ပုံပြောပြတာမျိုး၊ အကြီးလေးနဲ့ စကားထာဝှက်တမ်း ကစားတာမျိုး၊ အကြီးကလေး ပြောချင်တဲ့ စကားတချို့ကို စိတ်ပါ လက်ပါနဲ့ နား ထောင်တာမျိုးတွေကို လုပ်ပေးလို့ ရတာပါပဲ။
ညီလေးက ကလေးသေးသေးလေးမို့ ညီလေးကို အများကြီး ဂရုစိုက်ဖို့လိုတယ် ဆိုတဲ့အကြောင်း၊ သူ ငယ်ငယ်တုန်းက လည်း ဒီလိုပဲ ဂရုစိုက်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေကို မေမေက အကြီးကလေးကို ပြောပြပေးဖို့ လိုပါတယ်။ အထူးသဖြင့် အိမ်သားများ အနေနဲ့ အငယ်လေးက ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောမယ့်အစား အငယ်လေးက ချစ်ဖို့ ကောင်းလိုက်တာ သားကြီးငယ်ငယ်တုန်းကလိုပဲ၊ သားကြီးလည်း အဲလိုမျိုးလေးပဲ သိပ် ချစ်ဖို့ကောင်းတာ ဆိုတာမျိုးကို ပြောပေးရပါမယ်။
ဒါဆိုရင်ဖြင့် အငယ်လေးမွေးလာတဲ့ အချိန်မှာ အကြီးကလေးတို့ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ လျော့နည်းသွားမှာ ပါပဲ။ ကလေးတို့ရဲ့ ငယ်ဘဝဟာ အင်မတန်မှ အရေးကြီးပါတယ်။ ငယ်ဘဝမှာ ပျော်ရွှင်ဖို့၊ စိတ်ဒဏ်ရာတွေမရဖို့ လိုပါ တယ်။
အမေ့ ရင်ခွင်ထဲကို အချိန်မရွေး တိုးဝင်လို့ ရနေရာကနေ အဲဒီနေရာကို ဖယ်ပေးလိုက်ရတဲ့ ခံစားချက်ဟာ ကလေး တယောက် အတွက်ကတော့ အင်မတန်မှ ပြင်းထန်တဲ့ အပြောင်းအလဲကြီး တခုပါ။ ဒီအပြောင်းလဲကြီးကို ညင်ညင် သာသာနဲ့ ကူး ပြောင်းနိုင်အောင်လို့ ကလေးနားက လူကြီးမိဘများ အနေနဲ့ လုပ်ပေးနိုင်မယ် ဆိုရင်ဖြင့် ညီလေး မွေးတာ သိပ်ပျော်စရာ ကောင်းတာပဲ၊ ညီမလေးမွေးလာတာ ပျော်ဖို့ကောင်းလိုက်တာ လို့ ကလေးတို့ ခံစားကြရပြီး ညီအစ်ကို မောင်နှမကြား ချစ်ခင်တွယ်တာမှု တွေလည်း ပိုပြီး ရရှိခိုင်မြဲလာမှာ အမှန်ပါပဲ။ ။
ပန်းရိပ်ဖြူ

ရုတ်တရက် လေဖြတ်လျှင် အရေးပေါ် ကုသနည်း

Lwin Pyin

ရုတ်တရက် လေဖြတ်လျှင် အရေးပေါ် ကုသနည်း
--
(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။
ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။
လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။
(phyutharlaykyawzinhein.b)

my group

https://www.facebook.com/groups/404300549772173

Wednesday, October 14, 2015

နည်းစနစ်ကျကျအတွေးအခေါ်

နည်းစနစ်ကျကျအတွေးအခေါ်
မြန်မာ အိုင်တီနည်းပညာရှင် အမျိုးသမီးတစ်ဦး
ကျွန်မနာမည်က ချိုဇင်ဝင့် ပါ။ IT လောကထဲကိုစဝင်ခဲ့ပုံ ကိုပြောရရင်
လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က သူငယ်ချင်းနှစ်ယောက် မန္တလေး တောင်ခြေ
အထိ စက်ဘီးစီးပြီး အကြားမြင်ဆရာကို ရန်ကုန်မှာ အလုပ်ရနိုင်ပါသလားဆိုပြီး သွားမေးခဲ့ဘူးတာကတော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။
ငယ်စဉ်တုန်းကတော့ Movie တွေကြည့်တိုင်း Computer တွေအသုံးပြုပြီး အလုပ်လုပ်နေတဲ့သူတွေကို အရမ်းအားကျမိခဲ့တယ်။ (၁၀) တန်းဖြေပီးတာနဲ့ သူငယ်ချင်းတွေ အိမ်တိုင်ရာရာက်လာခေါ်ခဲ့လို့ လားရှိုး Computer ကောလိပ်နဲ့ ပေါင်းဖွင့်ထားတဲ့Diplomaသင်တန်းတစ်ခုကိုစပြီး
တက်ဖြစ်ခဲ့ပါတယ်။ နယ်မှာဆိုတော့ အပြင်သင်တန်းကလည်း ကောင်းကောင်းမရှိတော့ Computer နဲ့ပတ်သတ်တဲ့ ဂျာနယ်တွေကိုပဲ အမြဲတန်း ဝယ်ဖတ်ဖြစ်ခဲ့တယ်။
ကျောင်းကသင်တဲ့ Programming အခြေခံ Knowledge နဲ့ စာအုပ်တွေကတဆင့် Programming ကို Self Study စတင်လေ့လာဖြစ်ခဲ့ပါတယ်။ Computer မပါပဲ စာအုပ်ကနေ
Programming လေ့လာရတာက တော်တော် မလွယ်တဲ့ အလုပ်ပါ။
ဒါပေမဲ့ နာလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အမြဲတမ်းဖတ်ဖြစ်
တယ်။ လေ့လာဖြစ်တယ်။ အဲဒီ့မှာပဲ ကိုယ့်ရဲ့ စိတ်ဝင်စားမှုက 
ဘာလဲဆိုတာ သိခဲ့ရပါတယ်။ ကျောင်းကဆရာမတွေ ရဲ့အားပေး
စကားတွေ၊ စာအုပ်တွေထဲမှာပါတဲ့ Software Engineer တယောက်
ရဲ့ အနာဂါတ်တွေကို ဖတ်မိတော့ ဒီလမ်းကြောင်းပေါ်လိုက်ဖို့ ဆုံးဖြတ်ချက်ကပိုပြီး ခိုင်မှာခဲ့ပါတယ်။
တက္ကသိုလ် မတက်ရသေးဘူး အလုပ်က စလုပ်ချင်နေပါပီ။ အိမ်ကို ဘယ်လိုပြောရမလဲ မသိဘူး။ ဒါနဲ့ပဲ ကိုယ်တိုင် IT company တွေကိုဖုန်းဆက်၊ စာတိုက်ကတဆင့် စာတွေပို့၊ အဲဒီမှာ ဟိုက ဖုန်းဆက် Interview လှမ်းခေါ်တော့ အိမ်က ဖေဖေကတော့ ဒီအရွယ်မှာ အိမ်နဲ့ ခွဲပြီး အလုပ်လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူး။
မေမေကတော့ အားပေးပါတယ်၊ ပြီးတော့ မမက ဖေဖေ ကိုသေချာရှင်းပြတယ်။ ကျွန်မက ဆုံးဖြတ်ချက်ချပြီးနေပီ။ ဒါနဲ့ပဲ Interview ဖြေခွင့်ပြုလိုက်ရတယ်။ အဲဒီမှာ Interview က မနက်(၉) နာရီ ရန်ကုန်ကို ရောက်တာ မနက် (၆) နာရီ၊ ရုံးနဲ့ နီးတဲ့ hotel တခုမှာပဲတည်းပြီး Interview ဖြေခဲ့တယ်။
အလုပ်ရချင်ဇော နဲ့ ပင်ပန်းတာတွေလည်းမသိတော့ဘူး။ တနေကုန် ထိုင်ဆုတောင်းနေလိုက်တာ၊ Company က နေ့ခင်းဖုန်းပြန်ဆက်ပါဆိုလို့ ဖုန်းဆက်တော့ အလုပ်ခန့်လုက်ပြီးလို့ပြောတော့ အရမ်းပျော်ခဲ့ရတယ်။ ကျွန်မဘဝမှာ အပျော်ဆုံးနေ့ထဲက တနေ့ပါပဲ။ အဲဒီ့တုန်းက အသက်က
(၁၈) နှစ်မပြည့်သေးပါဘူး။ အလုပ်သင်စလုပ်ဖြစ်ခဲ့တယ်။
အိမ်နဲ့သေချာတိုင်ပင်ပြီး အဝေးသင်သာ တက်ခဲ့ပြီး စီးပွားရေးဘွဲ့ ပဲယူခဲ့ပါတယ်။ အိမ်နဲ့ စခွဲပြီးနေခဲ့တယ်။ အခက်အခဲတွေများစွာကြားက ကိုယ်သိချင်တဲ့ နည်းပညာတွေကို ရအောင်လေ့လာသင်ယူခဲ့ပါတယ်။
IT လောကမှာ ထူးချွန်ထက်မြတ်တွေသူတွေကို အရမ်းအားကျခဲ့ပါတယ်။ တနေ့မှာ ကိုယ်ပိုင် IT Company ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိပ်မပျော်ပဲ မနက်မိုးလင်းတဲ့ အထိစဉ်းစား ပြီး ပျော်နေ့ခဲ့တဲ့ နေ့တွေလဲရှိခဲ့ဘူးတယ်။ ၂၀၀၆ ခုနှစ်မှာတော့ စင်္ကာပူမှာ အလုပ်စလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။
အိမ်က မိသားဝင်တွေက အကူအညီတွေအများကြီးပေးခဲ့တယ်။
စင်္ကာပူကို စနေနေ့ရောက်တယ်၊ အင်္ဂါနေ့ ပထမဆုံး ဖြေတဲ့ Interview
မှာ အလုပ်ခန့်လိုက်တယ်ပြောတော့ အံသြပြီး ပျော်ဖို့တောင် မေ့နေခဲ့တယ်။
အဲဒီ့မှာ ကျွန်မအလုပ်လုပ်ခဲ့ဘူးတဲ့ ကုမ္မဏီတိုင်းက Government
project လုပ်တဲ့ Company တွေပဲဖြစ်နေတော့ Singapore governments အဖွဲ့အစည်း (၆)ခုလောက်ရဲ့ Project တွေမှာဝင်ပါဖြစ်ခဲ့တယ်။ Singapore Changi Airport အတွက်လည်း Program ဝင်ရေးခဲ့ဘူးပါတယ်။
OCOE Bidding system(ကားအသစ်တွေ Register လုပ်ဖို့ ဈေးသတ်မှတ်တဲ့ တန်ဒါ ခေါ်ဆိုတဲ့ စနစ်) အတွက်ဝယ်ရေးပေးရတုန်း
ကတော့ အဲဒီ့က Bank အားလုံးနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။
အလုပ်လုပ်နေရင်းနဲ့မှ ကိုယ့်ရဲ့ဝါသနာတစ်ခုဖြစ်တဲ့ Teaching ပိုင်းကိုလည်း လုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီက ပညာဒါနအဖွဲ့မှာ Programming ဘာသာရပ်ကို လေ့လာချင်တဲ့ အထူးသဖြင့် ကျောင်းတက်နေတဲ့ အလုပ်လာရှာတဲ့ သူတွေကို တပတ်မှာတစ်ရက် ရုံးဆင်းချိန်ညနေတွေမှာ အခမဲ့စာသင်ကြားပေးခဲ့ပါတယ်။
ညစာလွတ်ခဲ့တဲ့ညတွေပါ။ ကျွန်မ စာသင်ပေးလိုက်လို့ အလုပ်ရသွားတယ်လို့လာပြောတဲ့ စကားတွေဟာ ကျွန်မအတွက်ခွန်းအားတွေပါပဲ။ အဲဒီမှာ သုံးနှစ်ဆက်တိုက်သင်ကြားပေးဖို့ အားတွေ ဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ အချိန်နည်းနည်းဖဲ့ပြီး သူတို့ရဲ့ရှိပြီးသား အရည်အသွးကို Polish ပဲလုပ်ပေးခဲ့တာပါ။
၂၀၁၃ မှာတော့ ကျွန်မအလုပ်လုပ်နေတဲ့ Company တစ်ခုရဲ့
Management ပိုင်းမှာစတင်ပါဝင်ပြီး အလုပ်လုပ်ခဲ့ရတယ်။ အမြင့်ကနေကြည့်ရင် View ပိုကောင်းပါတယ်။ ကျွန်မ အရမ်းကြိုက်တဲ့
View ပါ။ ကျွန်မ နိုင်ငံခြားမှာ အကြာကြီး နေဖို့စိတ်ကူးမရှိပါဘူး။ြ
မန်မာပြည် ကိုပြန်ဖို့ စိတ်ကူးအမြဲရှိခဲ့ပါတယ်။ ၂၀၁၄ အစမှာပဲ Company တခုက ကျွန်မကို အလုပ်လာအပ်ပါတယ်။ ကျွန်မ ရဲ့သူငယ်ချင်းတွေ သင်တန်းသားတွေနဲ့ ပေါင်းပြီး ရေးပေးနိုင်မလားပေါ့။ အဲဒီ့ Project ကကြီးနေတယ်။ အချိန် အတိုအတွင်းလည်း ပြီးမှာမဟုတ်တဲ့အတွက် မြန်မာပြည်ပြန်ပြီး Company စလုပ်ဖို့အခွင့်အလှမ်းဖြစ်ခဲ့ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့သေချာတိုင်းပင်ပြီးတော့မှ ကျွန်မမြန်မာပြည် အပြီး ပြန်လာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
၂၀၁၄ အစပိုင်းမှာ ကျွန်မမြန်မာပြည်ကို အပြီးပြန်ဖြစ်ခဲ့တယ်။ High
Society ဆိုတဲ့စကာလုံးကို ကျွန်မနှစ်သက်နေတာ ကြာပါပြီ။ ကိုယ်ပိုင် လုပ်ငန်းစလုပ်ဖြစ်ပြီဆိုတော့ Company နာမည်ကို Myanmar High
Society လို့ပေးခဲ့ပါတယ်။ ကိုယ့် Society ထဲမှာရှိတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝကို ဒီထက်မြင့်တက်သွားအောင် ကိုယ်တက်ကျွမ်းတဲ့နည်းပညာနှင့် စွမ်းဆောင်မည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
Company မှာ Customized Software တွေရေးပါတယ်။ လက်ရှိမှာတော့ Myanmar ပြည် မှာရှိတဲ့ Bank, College, Petrol Station စတဲ့ Industry တွေက Software တွေကို Customer စိတ်တိုင်းကြရေးပေးနေပါတယ်။ Oversea က Customers တွေ နဲ့ကတော့ long term စာချုပ်ချုပ်ပြီး အလုပ်လုပ်ပါတယ်။ Offshore development လုပ်ပေးနေတာဖြစ်ပြီး အဲဒီ့က Project တွေကို ဒီဘက်ကနေတာဝန်ယူပြီး ရေးသားပေးနေတာပါ။
ဝန်ထမ်းတွေကို ကျွန်မကိုယ်တိုင် အချိန်ရတိုင်း Programming ဘာသာရပ်ကို အသေးစိတ် သင်ကြားပေးပါတယ်။ အခုနောက်ပိုင်းတော့ Seniors တွေကိုအားကိုးနေရ ပြီး သူတို့ကတဆင့် Junior တွေကိုတွဲခေါ်ကြပါတယ်။
ရုံးက ဝန်ထမ်းတွေ နည်းပညာအသစ်တွေ အမြဲ လေ့လာနေနိုင် အောင်၊ Freedom ရှိရှိ ပျော်ရွှင်စွာ အလုပ်လုပ်လုပ်နိုင်အောင်၊ ဘောင်တွေ စည်းမျည်းတွေမရှိအောင် သေချာစီမံထားပါတယ်။
အလုပ်နဲ့ပတ်သတ်ပြီး ကျွန်မကိုယ့်ကိုကိုယ် တန်ဖိုးအထားဆုံးအချက်
ကတော့ Customers တွေနဲ့ ဝန်ထမ်းတွေအပေါ်မှာ ထားရှိတဲ့ ကျွန်မရဲ့ စေတနာပါပဲ။ လွန်ခဲ့တဲ့ (၂) လလောက်က Yangon ကွန်ပြူတာတက္ကသိုလ်
မှာ IT လောကကို ခြေဆန့်မဲ့ လူငယ်တွေ အတွက် လုပ်တဲ့ Panel Discussion တစ်ခုမှာ ပါဝင်ဆွေးနွေးပေးခဲ့ပါတယ်။
သူတို့ရဲ့ Passion တွေ စိတ်ပါဝင်စားမှုတွေကို မြင်တွေ့ရတော့ မြန်မာပြည်
ရဲ့  IT development အတွက် ကျွန်မအားတက်မိပါတယ်။ ကိုယ်သိထားတဲ့ Knowledge တွေကို အခါအခွင် သင့်တိုင်း Sharing လုပ်ပေးသွားမှာပါ။
ကျွန်မ Programming ကို ၁၂ နှစ်ကျော်လုပ်ခဲ့ပြီးသွားပါပီ။
အခု လက်ရှိမှာတော့ Business Engagement တွေပိုလုပ်ဖြစ်ပြီး
Business ပိုင်းကို ပိုလေ့လာဖြစ်ပါတယ်။ ကျွန်မ Company ထောင်
ထားတာ (၁)နှစ် ခွဲကျော်နေပါပြီ။ ဒီကာလအတွင်းမှာ ဝန်ထမ်းတွေ
ပိုပြီးတော့ ပျော်လာတာတွေ၊ တက်တက်ကြွကြွ အလုပ်လုပ်နေတာတွေ ပိုတွေ့ခွင့်ရလာခြင်းက ကျွန်မအတွက် Achievement တွေပါပဲ။
ကျွန်မဆီမှာ ပုံမဖော်ရသေးတဲ့ ရည်မှန်းချက်ပန်တိုင်းတွေ ရှိနေသေးတယ်။ လူငယ်တိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ်။ ကံ ဥာဏ် ဝိရယ ကို
Balance ရှိရှိ အသုံးချတတ်နိုင်ဖို့ အရေးကြီးပါတယ်။
ကျွန်မရဲ့ ယုံကြည်ချက်ကတော့ ဘဝမှာ မိသာစုဝင်တွေ သူငယ်ချင်း မိတ်ဆွေတွေစီက စိတ်ဓါတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ကသာ အဓိက
ကျပြီး ကိုယ့်ဖြစ်ချင်ရဲ့ အရာကို တကယ်ကြိုးစားပြီးလုပ်ရင် Right Time ရောက်ရင် ဖြစ်ပါတယ် လို့ပြောချင်ပါတယ်။ တခြားအထောက်အပံ့ ရတဲ့သူတွေကတော့ ကံထူးတဲ့သူတွေပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ချိုဇင်ဝင့်
K.K(ကနောင်)

ာက်အားပေးခဲ့ကြောင်းသိရှိရပါသည်။မြေနုကျေးရွာကျောင်းထိုင်ဆရာတော်မှလည်းအောင်မင်္ဂလာပန်းကုန်းများအောင်သပြေပန်းများချီးမြင့်ခဲ့ကြောင်းသိရှိရပါသည်။

Ko Nay Myo 
ာက်အားပေးခဲ့ကြောင်းသိရှိရပါသည်။မြေနုကျေးရွာကျောင်းထိုင်ဆရာတော်မှလည်းအောင်မင်္ဂလာပန်းကုန်းများအောင်သပြေပန်းများချီးမြင့်ခဲ့ကြောင်းသိရှိရပါသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်စိုးလေးမှကျောင်းထိုင်ဆရာတော်ဘန္ဒတ္တဦးပညောဘာသအားဦးခိုက်ဖူးမြော်ကာသက်ကြီးမိဘနှစ်ဆယ်ကျော်အားလည်းကန်တော့ခဲ့ကြောင်းသိရှိရပါသည်။

မိုးညှင်းဆရာတော်ကြီး၏ ဝေဒနာရှုပုံ -------------------------------------

Than Bula

မိုးညှင်းဆရာတော်ကြီး၏ ဝေဒနာရှုပုံ
-------------------------------------
ဝေဒနာရှိရာသို့ စိတ်ကိုစေလွတ်ပြီး ထိုဝေဒနာရဲ့မမြဲတဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို
အာရုံပြုပြီး သိ သိ သိ ဟူ၍အထပ်ထပ်ဆင်ခြင်
သုံးသပ်ရမည် ဝေဒနာကိုအာရုံပြုပြီး
ရှု့ မြင်သုံးသပ်လျှင် ရုပ် သညာ
သင်္ခါရ ဝီဥာဏ်တို့ လည်း
မကင်းတဲ့သဘော ပါဝင်ပြီးသားဖြစ်တယ်
အဲဒီလို မိမိနဲ့ မတန်တဲ့ ဘုံကျယ် ဘုံလတ် ကိုမလိုက်ပဲ
ဘုံကျဉ်းကိုသာလိုက်ရမယ် ဝိပဿနာ ဘုံကျဉ်းနဲ့ မိမိဥာဏ်ဟာသင့်တော်လို့ အမြန်ဆုံးဥာဏ်ပွင့်နိုင်တယ်
ခန္ဓာ လေးပါး ငါးပါးကိုရှု့ လျှင် ဘုံကျယ်နှစ်ပါးသုံးပါးကိုရှု့ လျှင် ဘုံလတ် တပါးကိုရှု့ လျှင် ဘုံကျဉ်းဖြစ်တယ်
အဇ္ဈတ (အတွင်း)ဗဟိဒ္ဓ (အပြင်) ရှု့ ပုံကတော့ အတွင်းကိုသုံးသပ်တဲ့အခါ ထင်မှ အပြင်ကိုရွှေ့ မယ် မထင်ပဲ မရွှေ့ ရဘူးအပြင်ကိုသုံးသပ်ရင်လည်း ထင်မှ အတွင်းကိုရွှေ့ ရမယ် အတွင်း အပြင် သင်္ခါရတရားတို့ ၌
ငြိတွယ်ခြင်းကို မငြိတွယ်ရအောင် ဖယ်ရှား၍အားထုတ်လျှင် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုဆိုက်ရောက်ပါလိမ့်မယ်

ယနေ့ ၁၃.၁၀.၂၀၁၅ ရွေးကောက်ပွဲလုံးခြုံရေးဆိုင်ရာများကို မိုးညှင်းခရိုင်ရဲမင်ကြီးထွန်းထွန်းဝေ မှတက်ရောက်လာသူများအားရှင်းလင်းတင်ပြ

Maung Than a
ယနေ့ ၁၃.၁၀.၂၀၁၅
ရွေးကောက်ပွဲလုံးခြုံရေးဆိုင်ရာများကို
မိုးညှင်းခရိုင်ရဲမင်ကြီးထွန်းထွန်းဝေ
မှတက်ရောက်လာသူများအားရှင်းလင်းတင်ပြ

အုံးလွဲရင် =======

အုံးလွဲရင်
=======
April Maung Maung's photo.
လူတော်တော်များများအုံးလွဲတတ်ကြပါတယ်။
အုံးလွဲလျှင် ဦးခေါင်းကို လှည့်မရတော့ပဲ အလွန်နာကျင်တဲ့
ဝေဒနာကို ခံစားရတတ်ပါတယ်။
-
ဒီအခါမှာ ဆေးသောက်ဆေးထိုး ဒဏ်ကျေဆေးမျိုးစုံလိမ်းပြီး
နှိပ်နယ်တတ်ကြပေမဲ့ ဝေဒနာကား မသက်သာ။
-
နာကျင်နေတဲ့ကြွက်သားများကိုနှိပ်နယ်ခြင်းကြောင့်
နာကျင်တဲ့ဒဏ်ကို ပို၍ပင် ခံစားရတတ်ပါတယ်။
-
ဒီလိုဖြစ်ရင်…ဦးခေါင်းရဲ့ ပထဝီကြော ခြေထောက်ကို သတိရလိုက်ပါ။
ခြေဖဝါးစောင်းကိုဦးစွာနှိပ်ပါ။ ပြီးတော့ခြေခလယ်ကိုနှိပ်ပါ။ ပြီးရင်ခြေသူကြွယ်ကိုနှိပ်ပါ။မပြင်းထန်ရင် တစ်ကြိမ်နှိပ်ရုံနဲ့
ပျောက်ပြီးပြင်းထန်ရင်နာရီဝက်ခြားတစ်ကြိမ်နှိပ်ပေးပါ။
-
အများဆုံး၃၄ကြိမ်နှိပ်ရုံဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
-
ယခုတင်ပြချက်မှာစာတွေ့မဟုတ်။လက်တွေ့ဖြစ်ပါတယ်။
============
ဦးပညာဇောတ 

Tuesday, October 13, 2015

Monday, October 12, 2015

မိုးညှင်းထီးလင်းသာသနာ့ဗိမာန်ကျောင်းမှာ ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဖွင့်မည်

မိုးညှင်းထီးလင်းသာသနာ့ဗိမာန်ကျောင်းမှာ
ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဖွင့်မည်
မိုးညှင်း ဘုန်းကြီးကျောင်းသားလေး

"သွေးလှူ သင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့ အရမ်းမွန်မြတ်တဲ့ အလုပ်ဖြစ်နေလို့ပါပဲ"

Momolay
"သွေးလှူ သင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့ အရမ်းမွန်မြတ်တဲ့ အလုပ်ဖြစ်နေလို့ပါပဲ"
..heart emoticon
သွးမလှူမီနှင့် သွေးလှူပြီး ဆောင်ရန်ရှောင်ရန် သိသင့်စရာများ နှင့် သွေးလှူခြင်းအကျိုး
မိမိခန္ဓာကိုယ်ထဲက သွေးကို ဖောက်ထုတ်ပြီး လှူဒါန်းတဲ့ သွေးအလှူဟာ ဘုရားလောင်း သူတော်ကောင်းကြီးတွေ ဆည်းပူးဖြည့်ကျင့်ကြတဲ့
ဒါနဥပပါရမီ(အင်္ဂါစွန့်ဒါနပါရမီ)ကုသိုလ်ထူးကြီး ဖြစ်ပါတယ်..
သွေးလှူခြင်းကြောင့် သွေးအားနည်းပြီး ကျန်းမာရေးထိခိုက်တာမျိုး လုံးဝမဖြစ်နိုင်ပါဘူး.. ဟေမိုဂလိုဘင် ပြည့်မပြည့် အရင်ဆုံးစစ်ဆေးပြီးမှ ပြည့်ဝတဲ့သွေးကိုပဲ လက်ခံတာဖြစ်ပါတယ်..
ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥတွေထဲမှာရှိတဲ့ ဓာတ်တစ်မျိုးပါ..
သံဓာတ်နဲ့ပရိုတင်းဓာတ်တစ်မျိုးတို့ ပေါင်းစပ်ရာကနေ ဖြစ်ပေါ်လာပါတယ်.. ဟေမိုဂလိုဘင်က ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိပ်အပိုင်း အသီးသီးက လိုအပ်တဲ့ အောက်စီဂျင်ကို အဆုတ်ကတစ်ဆင့် သယ်ယူ ပို့ဆောင်ပေးပါတယ်. ဟေမိုဂလိုဘင်အားနည်းရင် ခန္ဓာကိုယ်မှာ အောက်စီဂျင်အားနည်းပြီး လူပါအားနည်းသွားတာမို့ ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်အတွက် သိပ်ကိုအရေးကြီးပါတယ်..
သွေးလှူလိုက်လို့ သွေးပမာဏ လျော့နည်းသွားတဲ့အပေါ်မှာလည်း
တစ်ချို့က စိုးရိမ်ပူပန်တတ်ကြပါတယ်.. အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာ သွေးပမာ(၅ လီတာမှ ၆ လီတာ)အထိ ရှိပါတယ်.. (၁၀၀၀မီလီလီတာ=၁လီတာ) သွေးလှူဒါန်းမှုတစ်ကြိမ်တွင် သွေး(၄၅၀မီလီလီတာ)ကိုသာ ထုတ်ယူတာပါ..
ထုတ်ယူလိုက်တဲ့သွေးပမာဏဟာလည်း (၇၂)နာရီ အတွင်းမှာ ပြန်ပြည့်သွားမှာဖြစ်ပါတယ်..
ဟေမိုဂလိုဘင်ပြည့်အောင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးရပါတယ်.. သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့-
အသား ငါး အသည်း ဥနှင့် သွေးခဲများ ဟင်းနုနယ် မုံညင်း ကန်စွန်း ချဉ်ပေါင် ကညွတ် ကိုက်လန်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ
နှင့် ပဲအမျိုးမျိုး တို့ပါပဲ..ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးမှာပါဝင်တဲ့ သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူ စုပ်ယူနိုင်ရန်
အချဉ်နှင့်တွဲ၍စားပါ (ဥပမာ-ချည်ရည်ဟင်းစားခြင်း
အသီးအရွက်သုပ်များမှာ သံပုရာရည်ညှစ်စားခြင်း) ထမင်းစားပြီး အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေ စားတာဟာလည်း သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်..ဒါပေမယ့် လက်ဖက်ဟာ အူမှသံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ပြုလို့ ထမင်းစားပြီးပြီးချင်း လက်ဖက်ရည် ကော်ဖီ ရေနွေးကြမ်းဖန်ဖန်သောက်ခြင်း လက်ဖက်စားခြင်းတို့ကိုရှောင်ကြဉ်သင့်ပါတယ်.. အနည်းဆုံး နာရီဝက်တော့ ခြားပြီးမှ စားသောက်သင့်ပါတယ်..
သွေးလှူမယ့်နေ့ဆိုရင်တော့ လုံးဝရှောင်တာက အကောင်းဆုံးပါပဲ..
သွေးလှူတော့မယ်ဆိုရင် ဒါတွေဖတ်ပြီးမှ လှူပါ
- - - - - - - - - - - - - - -
အသက်(၁၈)နှစ်မှ(၅၅)နှစ်အတွင်း ဖြစ်ရပါမယ်..
အမျိုးသားက ကိုယ်အလေးချိန်ပေါင်(၁၀၀)နှင့် အထက် အမျိုးသမီးက ပေါင်(၉၀)နှင့်အထက် ရှိရပါမယ်..
သွေးလှူတာ တစ်ကြိမ်နဲ့တစ်ကြိမ် လေးလခြားရပါမယ်..
သွေးပေါင်ချိန် ၁၁၀/၇၀ ရှိရပါမယ်..
အမျိုးသမီးများအနေနဲ့ ဓမ္မတာလာနေသောရက်အတွင်း
မလာခင်တစ်ပတ်နှင့် လာပြီးတစ်ပတ်အတွင်းတွေမှာ သွေးမလှူသင့်ပါ..ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း သွေးမလှူသင့်ပါ..
မူးယစ်ဆေးစွဲနေသူ သုံးစွဲသူ အရက်စွဲနေသူနှင့် အရက်သောက်ထားသောသူများ သွေးမလှူသင့်ပါ
HIV/AIDS ရောဂါပိုးကူးစက်ခံရပြီး(၃)လမှ (၆)လအတွင်း သွေးစစ်ဆေး၍ မပေါ်နိုင်သောကြောင့် ရောဂါပိုးကူးစက်နိုင်သည့်
အနေအထားနှင့် ကြုံတွေ့သည့်နေ့မှစ၍ (၆)လအတွင်း လုံးဝ သွေးမလှူသင့်ပါ..
နှလုံး သွေးတိုး ဆီးချို သွေးအားနည်းရောဂါ အသည်းရောင်အသားဝါ (ဘီပိုး စီပိုး)နှင့် ကူးစက်ရောဂါဖြစ်ပွားနေသူများ သွေးမလှူသင့်ပါ..
လွန်ခဲ့သော(၃)ရက်အတွင်း နှာစေးချောင်းဆိုးခြင်းနှင့် ဆေးဝါးများ မှီဝဲထားခြင်း (ဥပမာ-Aspiric, Ponstan, Antibiotic) တို့ရှိပါက သွေးမလှူသင့်ပါ..
လွန်ခဲ့သော(၃)ပါတ်အတွင်း ရေကျောက် သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်(စ်)ကြောင့် ဖြစ်သည့်ရောဂါများဖြစ်ခဲ့ခြင်း လွန်ခဲ့သည့်(၁)နှစ်
အတွင်း ခွဲစိပ်ကုသမှုခံယူခဲ့ခြင်းတို့ရှိပါက သွေးမလှူသင့်ပါ..
သွေးလှူပြီးသွားရင်တော့ ဒါတွေကို လိုက်နာပါ
- - - - - - - - - - - -
သွေးဖောက်ထားတဲ့လက်ကို ဒီနေ့အဖို့ တတ်နိုင်သမျှ အနားပေးပါ..
သွေးဖောက်ထားတဲ့နေရာကို သန့်ရှင်းစွာထားပါ..
အရေပြားအောက်တွင် သွေးယိုစိမ့်တတ်သဖြင့်
သွေးဖောက်ထားတဲ့နေရာမှာ အမဲကွက် ယာယီ ပေါ်တတ်ပါတယ်..အန္တရာယ်မရှိပါ..
သွေးလှူပြီးစမှာ ခေါင်းမူးပါက မိနစ်အနည်းငယ် လှဲနေပါ.. ဒါမှမဟုတ် ဒူးနှစ်လုံးကြား ဦးခေါင်းထားပြီး ထိုင်နေပါ..
ဒီနေ့အဖို့ ရေ(သို့)အရည်များများ သောက်ပါ..
သွေးလှူပြီးတဲ့အချိန်ကစလို့ (၇၂)နာရီအတွင်း အရက် ဘီယာ ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့
မပြုလုပ်သင့်ပါ..
သွေးလှူဒါန်းလိုက်တဲ့အခါ သံဓာတ်များစွာ ပါသွားတဲ့အတွက် သံဓာတ်ချို့တဲ့စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ပါ..
--------------------------------------------------------
သွေးလှူရင် သွေးဖောက်တဲ့အခါ အရမ်းနာမှာပဲ ဆိုပြီး တစ်ချို့က အသားနာမှာကြောက်တာနဲ့ သွေးမလှူဖြစ်ကြတော့ပါဘူး..သွေးကြောထဲကိုပဲ အပ်ထိုးသွင်းတာမို့ အရေပြားကိုဖောက်တဲ့အချိန်
ခဏလေးပဲ နည်းနည်းအောင့်သွားတာပါ.. ပြီးရင် လုံးဝ မနာတော့ပါဘူး..
အကောင်းဆုံးကတော့ သွေးဖောက်တော့မယ်
ဆိုတာနဲ့ မျက်လုံးမှိတ်ပြီး မေတ္တာပို့နေလိုက်ပါ.. (ဥပမာ-ဒီသွေးကို သွင်းခွင့်ရတဲ့လူနာ ရောဂါဝေဒနာ အမြန်ဆုံး ပျောက်ပါစေ.. ကျန်းမာပါစေ စသဖြင့် ကိုယ်အားသန်သလို ကိုယ်အာရုံကျသလို အပိုမေတ္တာတွေဖြည့်စွက်ပြီး ပို့သနိုင်ရင် ပိုကောင်းပါတယ်)
တစ်ချို့ကလည်းသွေးလှူရင် ဝလာတတ်တယ် ဆိုပြီး မလှူဖြစ်ကြပါဘူး.. ဒါဟာမဟုတ်ပါဘူး.. တစ်ကယ်တော့`ငါသွေးလှူထားတယ် ခါတိုင်းထက် များများစားမှ မဟုတ်ရင် အားနည်းသွားလိမ့်မယ်´ဆိုတဲ့အတွေးနဲ့ လိုအပ်တာထက် ပိုစားလို့ ဝလာတာပဲဖြစ်ပါတယ်..
သွေးလှူတာသက်သက်နဲ့တော့ ကိုယ်အလေးချိန် ပိုတိုးလာစရာ အကြောင်းမရှိပါဘူး..
တစ်ချို့ကလည်း`မင်းတို့က သွေးကို အလကားလှူပေမယ့် သူတို့က လူနာကို သွေးအလကားပေးတာ မဟုတ်ဘူး လူနာဆီက ပိုက်ဆံယူတယ် မင်းတို့ အလကားလှူထားတဲ့သွေးတွေကို သူတို့က ပိုက်ဆံနဲ့ ရောင်းစားတာ´ဆိုတဲ့ စကားတွေကြောင့် လှူချင်ပေမယ့် မလှူဖြစ်တဲ့လူတွေ အများကြီးရှိပါတယ်.. တစ်ကယ်တော့ သွေးသွင်းခံလူနာရှင်ဆီက ငွေယူတာဟာ သက်ဆိုင်ရာ သွေးဝန်ထမ်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် ယူတာမဟုတ်ပါဘူး..
တစ်ကယ်လို့ ကိုယ့်သွေးကို သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချတယ်ဆိုရင်လည်း အဲဒီသူရသွားတဲ့ ကိုယ်ကျိုးစီးပွားဟာ ကိုယ့်ရဲ့အလှူပါပဲ.. လူနာကို ကိုယ့်သွေး ရောင်းစားလိုက်လို့ သူငွေရ
သွားတယ်ဆိုရင် လူနာကိုလည်းသွေးလှူပြီးသား ဖြစ်သွားတယ် သူ့ကိုလည်းငွေလှူပြီးသားဖြစ်သွားတော့ ကိုယ့်အတွက် ကုသိုလ်နှစ်ထပ်ကွမ်း ဖြစ်သွားပါတယ်.. သူ့ဘာသာသူ သွေးရောင်းစားလို့ အကုသိုလ်ဖြစ်သွားတာကတော့ သူ့အပိုင်းနဲ့သူပါ..
ဘယ်နေရာမှာပဲဖြစ်ဖြစ်`စုန်းပြူး´ဆိုတာက ရှိတတ်တာမို့လို့ မဟုတ်တာလုပ်တတ်တဲ့သူတွေအပေါ်မှာ အဲဒီလို စိတ်ရှင်းအောင် ထားတတ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ လှူဖို့ရည်ရွယ်ထားတဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် မပျက်နိုင်တော့ပါဘူး..
အလကားလှူတဲ့သွေးကို သွေးခံအိတ်နဲ့ ထည့်ယူရတာမို့ သွေးခံအိတ်ဖိုး ကုန်ပါတယ်.. သွေးကြောကိုဖောက်ပြီး ပိုက်ကတစ်ဆင့်
သွေးခံအိတ်ထဲထည့်ရတာမို့ အပ်ဖိုး ပိုက်ဖိုး ကုန်ပါတယ်.. လှူထားတဲ့သွေးထဲမှာ ရောဂါပိုးရှိမရှိ စစ်ဆေးခ သွေးစစ်ခကုန်ပါတယ်.. လှူထားတဲ့သွေးကို အထူးအအေးခန်းထဲမှာ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရတာမို့ အအေးခန်းခ မီတာခ အအေးခန်းစက်ပစ္စည်းများ ပြုပြင်ခ ကုန်ပါတယ်..သွေးမလှူခင် သွေးအမျိုးအစားစစ်ဖို့ လက်ထိပ်ဖောက်တဲ့ နေရာမှာလည်း ကုန်ကျစရိတ်ရှိသလို သွေးအားပြည့်မပြည့် ဟေမိုဂလိုဘင် စစ်တဲ့နေရာမှာလည်း ကုန်ကျစရိတ်တွေရှိပါတယ်..သွေးလှူပြီး
အာဟာရပြည့်အောင်ကျွေးမွေးရတဲ့ ကုန်ကျစရိတ် နှစ်ပတ်စာ ပေးလိုက်ရတဲ့ သံဓာတ်အားဖြည့်ဆေး ကုန်ကျစရိတ်စသဖြင့် အများကြီးပါပဲ.. သွေးလှူရှင်ရဲ့သွေးကြောနဲ့ လူနာရဲ့ သွေးကြော
တိုက်ရိုက်ဆက်သွယ်ပြီး လှူတာမဟုတ်ဘူး ဆိုတာကို သတိပြုရပါမယ်..ဒါကြောင့် သွေးလက်ခံတဲ့ ၀န်ထမ်းတွေ အပေါ်မှာလည်း ရမ်းပြီး အထင်မမှားသင့်ပါဘူး..
သွေးလှူတယ်ဆိုတာ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါ.. ကာလဒါနပါ.. ကာလဒါနဆိုတာ အချိန်ကိုက် အလှူ လိုအပ်ချက်နဲ့ ကွက်တိဖြစ်တဲ့အလှူလို့ အဓိပ္ပာယ်ရပါတယ်..
တူသောအကျိုးပေးတတ်တဲ့ ကံတရားအရ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် ကိုယ့်ရဲ့လိုအပ်ချက်တွေလည်း
ပြည့်စုံလာမှာပါပဲ.. ဘာမဆိုဖြစ်နိုင်တယ်လို့ မဆိုလိုပေမယ့် အတိုင်းအတာတစ်ခုထိတော့ အကျိုးဖြစ်ထွန်းနိုင်ပါတယ်..
"ကျွန်ုပ်သည် ဘယ်နေ့ဘယ်ရက်မှစပြီး သွေးလှူဒါန်းခဲ့ပါသည် ဤမှန်သော သစ္စာစကားကြောင့်.. ဘာဖြစ်ပါစေ"လို့ မိမိလိုရာ ဆုတောင်းလိုက်မယ်ဆိုရင်တော့ သွေးလှူခြင်းရဲ့ အကျိုးဟာ ဘာပါလို့ ဘောင်ခတ်ကန့်သတ်လို့ ရနိုင်ပါဦးမလား..
လူသားတစ်ဦးလိုအပ်တဲ့သွေးကို တစ်ခြားလူတစ်ဦးဆီကပဲ ရယူနိုင်တာမို့ သွေးနေရာမှာ ဘာပစ္စည်းနဲ့မှ အစားထိုးလို့မရတဲ့အတွက် ပုံမှန်ကျန်းမာရေး ကောင်းသူတိုင်း ပုံမှန်သွေးလှူသင့်ပါတယ်..
ငွေလည်းမကုန် သူတစ်ပါးရဲ့အသက်ကိုလည်း ကယ်တင်နိုင်တဲ့ သွေးအလှူဟာ ငွေသိန်းရာထောင်ချီ အကုန်ခံပြီးလှူတဲ့ အခြားအလှူတွေထက် အဆပေါင်းများစွာ ကြီးကျယ်မြင့်မြတ်ပါတယ်..
မြတ်စွာဘုရားအလောင်းတော် ပါရမီဖြည့်ရာကာလ တစ်လျှောက်လုံး လှူဒါန်းခဲ့တဲ့သွေးတွေဟာ သမုဒ္ဒရာလေးစင်းမှာရှိတဲ့ ရေတွေထက်
အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် များတယ်လို့ ဆိုတဲ့အတွက် သွေးလှူတဲ့အလုပ်ဟာ ဘုရားအလောင်းတော်တိုင်းရဲ့ မလုပ်မဖြစ်
အလုပ်ကြီးပါလားလို့တွေးပြီး သွေးလှူရှင်တိုင်း ဝမ်းမြောက်ဝမ်းသာ ပီတိဖြာသင့်ပါတယ်..
Credit: : original uploader
ကိုကို (မိုမိုလေး)
ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖို့ Momolay Android app ကို နီးစပ်ရာ ဖုန်းဆိုင်တိုင်း (သို့) www.momolay.com (သို့ ) Google play မှာအခုပဲဒေါင်းလိုက်ပါ။

Saturday, October 10, 2015

မနေ့တုန်းက ညနေ၃ နာရီခန့် မြို့ပေါ်ပျံသွားတဲ့ရဟတ်ယဉ်ကိုရိုက်လိုက်တာပါ

မနေ့တုန်းက ညနေ၃ နာရီခန့် မြို့ပေါ်ပျံသွားတဲ့ရဟတ်ယဉ်ကိုရိုက်လိုက်တာပါ

မြစ်ြကီးနား စက်မှု့ရပ်ကွက်အနီး တံတားအောက် လူငယ်သုံးဦး သေဆုံးနေပါတယ် ၎င်းတို့စီးလာ သောဆိုင်ကယ်ဖြစ်ပြီးပိုင်ရှင်မပေါ်သေးပါ မူးယစ်ဆေးဝါးများသုံစွဲထားပါတယ်

မြစ်ြကီးနား စက်မှု့ရပ်ကွက်အနီး တံတားအောက်
လူငယ်သုံးဦး သေဆုံးနေပါတယ် ၎င်းတို့စီးလာ
သောဆိုင်ကယ်ဖြစ်ပြီးပိုင်ရှင်မပေါ်သေးပါ
မူးယစ်ဆေးဝါးများသုံစွဲထားပါတယ်

Lwin Oo 

*** ဂေါက် ရောဂါ ဘာ့ကြောင့်ဖြစ် ***

The Precious Time

*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
*** ဂေါက် ရောဂါ ဘာ့ကြောင့်ဖြစ် ***
*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
ဂေါက်ရောဂါဆိုတာ မွေးရာပါရောဂါမျိုးမဟုတ်ဘဲ၊ အနေအစားမမှန်ကန်ခြင်း/စိတ်ဖိစီးမှုများခြင်း/သုံးစွဲနေသောပဋိဇီဝဆေးအချို့  ၏ဘေးထွက်ဆိုးကျိုးများ…စသည့် တို့ ကြောင့် ခန္ဓာကိုယ်တွင်း ဓာတုပြုမှုတို့  မူမမှန်တော့ဘဲ၊ ယူရစ်အက်ဆစ်များ မြင့်တက်လာ ပါတော့တယ်။ ထိုယူရစ်က်စ်များ အထူးသဖြင့် လက်ချောင်းများ/ခြေမအဆစ်/ဒူးခေါင်း/တံတောင်ဆစ်များတွင် အနည် ကျကျောက် တည်ကာ မခံမရပ်နိုင်အောင် နာကျင်ရောင်ကိုင်းပြီး ဂေါက်ရောဂါဖြစ်လာရပါတယ်။ အမျိုးသား အသက် ၄၀ကျော် တွင် ဂေါက်ရောဂါအဖြစ်များလေ့ရှိပြီး၊ သွေးဆုံးကိုင်ပြီးအမျိုးသမီးများ လည်းဖြ စ်တတ်ပါတယ်။ဖိဖိစီးစီးမကုသနိုင်ပါက ကျောက်ကပ် ကျောက်တည်ခြင်းပါ ဖြစ်လာနိုင်ပါတယ်။
ရာဂါလက္ခဏာများ…။
(၁) ညဉ့် နက်သန်းခေါင် (သို့ မဟုတ်) မိုးသောက်ယံအချိန်တို့ တွင် နှစ်ခြိုက်စွာအိပ်ပျော်နေစဉ် အရိုး အဆစ်များ တဆစ်ဆစ်နာကျင်ကိုက်ခဲပြီး ရုတ်တရက် အိပ်ယာမှလန့် နိုးလာခြင်း။ (၂)ြေ ခချောင်း-လက်ချောင်း၊ ခါး၊ ခြေဖနောင့်၊ ခြေချင်းဝတ် နှင့် ဒူးခေါင်းများ တဆစ်ဆစ်နာကျင်ကိုက် ခဲရောင် ကိုင်းပြီး အဖျားတက်လာခြင်း။ (၃) အဆစ်အမြစ်များ သူ့ အလိုလို နီရဲ၍ ခံရခက်အောင် ယားယံထူပူလာလိုက်၊ ခဏကြာပျောက်သွားလိုက်၊ နောက်ထပ်ပြန်ဖြစ်လိုက်-ပျောက်သွားလိုက် စသည်ဖြင့် ၁နာရီကြားတခါ ခံစားနေရခြင်း။ (၄) အရိုးအဆစ်များကို အိပ်ယာခင်း-ဖျာ တို့ နဲ့ေ တာင် ပွတ်တိုက်အထိမခံနိုင်ဘဲ အလွန်အမင်း နာကျင်ခြင်း…တို့ ဖြစ်ပါတယ်။
ရှောင်ရန်…။
(၁) ပူရင်းဓာတ်ပါရှိသော အစားအစာများက ခန္ဓာကိုယ်ထဲရောက်သွားသောအခါ၊ ယူရစ်အက် ဆစ်ပ မာဏ ၅၀% ထိ ထုတ်လွှတ်လေ့ရှိပြီး၊ ဂေါက်ရောဂါအခြေအနေကို ပိုမိုဆိုးရွားလာစေ ပါတယ်။ ပူးရင်းဓာတ်ပမာဏ အမြောက်အများပါရှိသော အနီ ရောင်အသားများ၊ ကြက်-၀က်-ဆိတ်-အမဲကလီစာများ(အသည်း/ကျောက်ကပ်/နှလုံးများ)၊ အကြေးခွံပါသောငါးများ၊ ကဖိန်း ဓာတ်ပါသော ကော်ဖီ/လ္ဘက်ရည်များ၊ သကြားများ၊ ဆီအဟောင်းကို ထပ်ခါတလဲလဲ သုံး၍ကြော် ထားသော အစားအစာများ၊ ခရမ်း ချဉ်သီးအစေ့များ၊ ပဲပင်ပေါက်/အာလူး/ပဲမြစ်/ပိန်းဥ စသည့် အမြစ်တွယ်အပင်ပေါက်သော သစ်ဥသစ်ဖုများ၊ ကဇော် ဖောက် ထားသော အစားအစာများ၊ အရက်/ဘီယာများ၊ ဖရူးတို့ ဓာတ်ဖြင့် ပြုပြင်ထားသောအချိုရည်များ စသည်တို့ ကိုရှောင်ပါ။ (၂) အက်စပရင် ဆေးဝါးများက ယူရစ်အက်ဆစ်ပမာဏကို တိုးပွားလာကာ၊အထူးသဖြင့် ခြေချောင်း/ လက်ချောင်းအဆစ်များ တွင် အနည်ကျကျောက်တည်စေပါတယ်။ (၃)ဆီးရွှင်ဆေးအချို့ က ဂေါ က်ရော ဂါ နှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုး ဖြစ်စေလို့  ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး လို အပ်မှသာ ဆီးရွှင်ဆေးမှီဝဲပါ။ (၄) သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် အက်စ ထရို ဂျင်ဟိုမုန်း ပြောင်းလဲမှုတို့ ကြောင့် ဂေါက်ရောဂါ ဖြစ်နိုင်ချေအလားအလာရှိစေပါတယ်။ ကြိုတင် ကာကွယ်သည့်အနေဖြင့် အမှတ်စဉ်(၁)တွင် အကြံပြုထားသော အစားအစာများကိုရှောင်ပါ။ ချယ်ရီးသီးနှင့် ဗီတာမင်စီပါသော လတ်ဆတ်သည့် အော်ဂဲနစ် သီးများစားပေးပါ။ (၅) ခုန်ပေါ က်ပြေးလွှားခြင်း/အရိုးအဆစ်များကို အားစိုက်လုပ်ရသည့်အလုပ်များ/ခါးလှည့်ချိုးခြင်း/သေး ကျပ် သောဖိနပ်များစီးခြင်း စသည်ဖြင့် အရိုးအဆစ်နာကျင်စေမည့် အပြုအမူများကိုရှောင်ပါ။ (၆) ကိုယ်လက်လှုပ်ရှားမှု (လုံးဝ)မရှိခြင်း က ဂေါက်ရောဂါကိုပိုမိုဆိုးရွားစေလို့  သင့်တင့်မျှတပြီး မိမိလုပ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုပြုပေးပါ။ (၇) ဂေါက်ရောဂါ ဝေဒနာသည် ၂၀% ကို လေ့လာကြည့်သောအခါ၊ မျိုးရိုးလိုက်စေတတ်၍ သတိနှင့်ဆင်ခြင်နေထိုင်ပါ။အိမ်တွင်းကုထုံး…။
ဂေါက်ရောဂါအမြစ်ပြတ်ပျောက်ဖို့ ရာ မလွယ်ကူးလှပါဘူး။ ဒါ့ပြင် ဂေါက်ရောဂါပျောက် ပဋိဇီ ၀ဆေးအချို့ က လည်း ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လို့  နာကျင်မှုလျော့ပါးသက်သာစေ ရန်အ တွက် သဘာဝအိမ်တွင်းကုထုံးများဖြင့် ထိန်းထား နိုင်ပါတယ်။ (၁) ရောဂါတက်နေတဲ့အချိန် အရိုး အဆစ်အားပြုရတဲ့အလုပ်တွေမလုပ်ဘဲ အိမ်မှာအနားယူပါ။ ကိုက်ခဲနာကျင်သည့် ခြေထောက် (သို့ မဟုတ်) လက်တို့ ကို နူးညံ့သည့် ခေါင်းအုံးပေါ်တင်၍ ငြိမ်ငြိမ်လေးနေခြင်းက နာကျင်မှုဝေ ဒနာ များ သက်သာ စေပါတယ်။ (၂) ရေခဲအိတ်ဖြင့် မိနစ် ၂၀-ခန့် ကပ်ပေးခြင်းက နာကျင်ကိုက် ခဲမှု များ သိသိသာသာလျော့စေပါတယ်။ (၃)လိပ် ခေါင်းသွေးကျရောဂါ လိမ်းဆေးကရင်မ်က လည်း ဂေါက်ရောဂါ ရောင်ကိုင်းနာကျင်မှုကိုသက်သာစေလို့ လိမ်းပေးနိုင်ပါတယ်။ (၄) သန်မာေ သာကြွက်သားများက အရိုးပေါ် ပိမကျစေလို့  ၀န်ထုပ်ဝန်ပိုးမဖြစ်စေတော့ဘဲ နာကျင်မှုလျော့ ပါးစေပါတယ်။ ထို့ ကြောင့် ကြွက်သားသန်မာသော လေ့ကျင့်ခဏ်းများလုပ်ပေးပါ။ (၅) ဆားခါး ကို ရေနွေးနဲ့ ဖျော်ပြီး၊ ရေအေးလာသည်အထိ ရောင်ကိုင်းနေ သော ခြေလက်များကို စိမ်ပေြး ခင်းဖြင့် နာကျင်မှုများချက်ချင်းလက်ငင်း သက်သာလာစေပါမယ်။ (၆) ခွက်ကြီးကြီးတစ်ခု ထဲ ကျောက်မီးသွေး မှုန့် များထဲ့၍ ရေလောင်းပါ။ ထိုကျောက်မီးသွေးမှုန့် ဖျော်ရည်ခွက်ထဲ သို့  ခြေ ဆစ်လက်ဆစ်နာများ နှစ်စိမ်ခြင်း ဖြင့်နာကျင်မှုသက်သာစေပါတယ်။ ခြေဆစ်လက်ဆစ်မဟုတ်ဘဲ အခြားအရိုးအဆစ်ရောင်သူများကတော့ ကျောက်မီးသွေးမှုန့် ကို ရေဖြင့်ပျစ်ပျစ်ဖျော်၍ ရလာသော အနှစ်ဖြင့် လိမ်းကျံပေးနိုင်ပါတယ်။ (၇) ဂျင်းထောင်း ၍အုံပေးခြင်းက ချွေးပုပ်များထွက် လာ ကာ ဝေဒနာဖိစီးခြင်းကိုပေါ့ပါးသွားစေပါတယ်။ (၈) ဂျုံမှုန့် ကို မုန့် ညင်းဆီဖြင့်ရော လူးပေြး ခင်းဖြင့် ထူးခြားတဲ့အာနိသင်ရရှိစေမှာပါ။ (၉) မုန့့်ဖုတ်ဆော်ဒါမှုန့် ကို ရေဖျော်၍ နေ့ စဉ်ရက် ဆက် လိမ်းပေးခြင်းဖြင့် ရောင်တင်း နာကျင်မှုများသက်သာစေပါတယ်။
ဓာတ်စာများ…။
(၁) ရေသောက်ခြင်းက ခန္ဓာကိုယ်ထဲရှိ ယူရစ်အက်ဆစ်ပမာဏကို မျှတစေတဲ့အတွက်၊ တစ်နေ့  လျှင် ရေ ၈-ခွက် မှ ၁၀-ခွက်အထိ သောက်ပေးပါ။ (၂) ချယ်ရီသီးထဲရှိ အာဟာရဓာတ်များဟာ ယူရစ်အက်ဆစ်ပမာဏကို သိသိသာသာ လျော့ကျ စေတဲ့အတွက် အမေရိကန်နိုင်ငံတွင်ရှေး ယခင်ကာလများကတည်း ဂေါက်ရောဂါဓာတ်စာအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ရောဂါ တက်ေ န ချိန်မှာ ချယ်ရီသီး တစ်နေ့ အလုံး၂၀ စားပေးပြီး၊ ရောဂါသက်သာသွားသောအခါ တစ်နေ့ လျှင် ၁၀လုံးမျှ ဆက်လက်စား ပေးခြင်းဖြင့် ဂေါက်ရောဂါ လုံးဝပျောက်တယ်လို့ ဆိုပါတယ်။ (၃) ဗိုစားပဲ သီးကို အစိမ်းလိုက်ဝါးစားခြင်း (သို့ မဟုတ်) ဗိုစားပဲသီး ဖျော်ရည် တစ်နေ့  ၁၅၀ မီလီလီ တာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မယ်။ (၄) ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ် က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ ၊ နံက်-နေ့ လည်-ည ထမင်းစားပြီးတိုင်း ပန်းသီးတစ် လုံးစီစားပါ။ (သို့ မဟုတ်) ပန်းသီး ဖျော်ရည်ကို သဘာဝပျားရည်ဖြင့် ဆတူရောဖျော်သောက်ပါ။ (၅) ဂေါက်ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေချိန်မှာ တစ်နေ့ လျှင် ဌက်ပျောသီး ၁-လုံးကျစီဖြင့် ၄-ရက် ဆက်တိုက်စားပေးပါ။ (၆) ရှောက်သီး နှင့် သံပရိုသီးထဲရှိ ဗီတာမင်စီဓာတ်များက အရိုး အဆစ်များကို သန်မာစေရုံသာမက၊ ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့  ရှောက်ရည် (သို့ မဟုတ်) သံပရိုသီးဖျော်ရည် သောက်ပါ။(သကြားနှင့် ဆား လုံးဝမထဲ့ပါနှင့်) (၇) ibuprofen (ခေါ်) နာကျင်မှုနှင့်ယောင်တင်းမှုများကို ပျောက်ကင်းစေသည့် ဆေးဝါးမှီဝဲပါ။ (၈) ယူရစ်အက် ဆစ် ကိုမျှတစေသော စတော်ဘယ်ရီးသီး/ရှားရှားပါးပါး bromelain ဓာတ်ပါရှိသော နာနတ်သီး/ ဗီတာမင်စီကြွယ်ဝသော ဂေါ်ဖီထုပ်-အနီရောင်ပန်းငရုပ်သီးပွ-လိမ္မော်သီး-ပန်းလိမ္မော်များ/ တရုပ်နံနံပင်/မုန်လာဥနီ/သခွားသီး/ဆ လတ်ရွက်တို့ များများစားပါ။ (၉) သင်္ဘောသီးအစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး၊ လ္ဘက်ခြောက်ခပ်၍ ရောသောက်ပါ။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
ကိုးကား။ Theodore Vanitallie, MD, professor emeritus of medicine at Columbia University College of Physicians and Surgeons in New York.
++++++++++++++++++++++++++++++++++++
2-05-2014 နေ့ ထုတ် ကြေးမုံသတင်းစာ(စာမျက်နှာ ၁၇)မှာပါ တဲ့ ဆောင်းပါးလေးပါ။ ယခုလို ရွေးချယ်ဖေါ်ပြပေးပါသော ကြေးမုံသတင်းစာ မှ အယ်ဒီတာအဖွဲ့ ဝင်များနှင့် ကျေးဇူး တင်ထိုက်သူများ (အားလုံး ) ကိုကျေး ဇူးတင် ပါတယ်ရှင်။ FB မှ စာဖတ်ချစ်မိတ်ဆွေများ သုတရစေလိုသော စိတ်စေတနာဖြင့် မျှဝေ လိုက်ရပါတယ်ရှင်။ (ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)
++++++++++++++++++++++++++++++++++++
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

၁၀၀၀၀ိ/တန်အတုတွေ တော်၂များ၂တွေ့နေရတယ်၊ လုပ်ထားတာကလည်းရှယ်ပဲ၊

Aung Theha to ကျိန်းရိပ်မြီ(မင်းပြား) Minbya Group
BREAKING; ဒီတစ်ရက်နှစ်ရက်အတွင်း မင်းပြားမှာ ငွေကျပ် ၁၀၀၀၀ိ/တန်အတုတွေ တော်၂များ၂တွေ့နေရတယ်၊ လုပ်ထားတာကလည်းရှယ်ပဲ၊ အတုမှန်းတောင်မထင်ရဘူး၊ ခွဲမရအောင်ကိုတူနေတယ်၊ ဖမ်းမိတာ(၂)ချက်ပဲရှိတယ်၊ CBM ဆိုတဲ့အသားတံဆိပ်ရယ် ကြိုးအရောင်ပြန်တာရယ် အဲနှစ်ခုပဲ၊ အားလုံးသတိထားလို့ရအောင်လို့ share ပေးလိုက်ပါတယ်!!!

ဆွဲလက်စ မိမိရဲ့website လေးကို အလည်လာကြပါဦး

ဆွဲလက်စ မိမိရဲ့website လေးကို အလည်လာကြပါဦး
http://naingmyooo.host22.com

Friday, October 9, 2015

မဲစာရင်မျာကိုစစ်ဆေးနေကြပါသိရွာသစ်ကုန်းကျေးရွာအုပ်စု ၁၀ ၁၀ ၂၀၁၅

မဲစာရင်မျာကိုစစ်ဆေးနေကြပါသိရွာသစ်ကုန်းကျေးရွာအုပ်စု ၁၀ ၁၀ ၂၀၁၅ ရွာသား post

Root Apk (၃၈) မျိုး စုစည်းမှု ••••••••••••••••••••••••••••••••••••

MYO MIN KHANT
Root Apk (၃၈) မျိုး စုစည်းမှု
••••••••••••••••••••••••••••••••••••
-Android ဖုန်းအတွက် ဖုန်းထဲမှာတင် Apk ကို အသုံးပြုပြီး root ဖောက်လို့ ရစေနိုင်မယ့် Root Apk (၃၈)မျိုးနှင့် တကွ၊ မြန်မာစာဖောင့် ချိန်းရန် apk များနှင့် မြန်မာစာ ရိုက်ရန် keyboard apk များကိုပါ တပါတည်း ပူးတွဲတင်ဆက်ပေး လိုက်ရ ပါတယ်-
-ကျနော် တစ်ခုပြောချင် တာက Device ဟန်းစက်ပေါင်းများစွာနဲ့ version မျိုးစုံ ရှိတာကြောင့် ဖုန်း တိုင်းနှင့် အဆင်ပြေမည်ဟု မဆိုလိုပါ။ အဆင်ပြေတဲ့ ဖုန်းများ ရှိသလို၊ အဆင်မပြေတဲ့ ဖုန်းများ လည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိဆန္ဒအရ အသုံး ပြု လုပ်ကြည့် ချင်ပါတယ် ဆိုရင်တော့ အောက်က လင့်ခ်များမှာ ဒေါင်းလုပ် ဆွဲယူ အသုံးပြုနိုင်ပါတယ်..
-Apk များအားလုံးကို တစုတစည်းတည်းနဲ့ ဒေါင်းယူ နိုင်စေဖို့ Rar file အဖြစ် ချုပ်ပေးထားပါ သေးတယ်။ အဲ့ဒိ rar file ကို ဒေါင်းပြီး၊ ဖုန်းထဲမှာ rar ဖြည်ချလိုက်ပါက ၎င်း apk များကို တစုတစည်းထဲ ရရှိပါမည်-
★ Apk အားလုံးအား Rar file အဖြစ်ရယူရန်★
http://www.solidfiles.com/…/RootApksAndMMfonts-By-Kozawthwi…
ဒါမှမဟုတ် မိတ်ဆွေက apk တွေကို တစ်ခုခြင်းစီပဲ သီးသန့်ရွေးပြီး ဒေါင်းခြင်ပါတယ် ဆိုရင်လည်း ကျနော် apk တစ်ခုခြင်းစီ တင်ပေးထားပါ သေးတယ်-
-Apk များကို တစ်ခုခြင်းစီ ဒေါင်းယူခြင်ပါက အောက်က လင့်ခ်များမှာေ ဒေါင်းလုပ်ဆွဲပါ-
(၁)Pro Myanmar Root v1.3.6 အားဒေါင်းရန်
http://www.solidfiles.com/…/pro_myanmar_root_v1.3.6_kozawth…
(၂)V root v1.0.5.1 အားဒေါင်းရန်
http://www.solidfiles.com/…/Vroot(RootMaster)-v1.0.5.1-Koza…
(၃)Root Master v1.3.6 အားဒေါင်းရန်
http://www.solidfiles.com/…/Root-Master-1.3.6-Kozawthwin.apk
(၄)Mobile Easy root v1.2.1 အားဒေါင်းရန် ဒီ apk ကတော့ version 4.3 တွေကိုတောင် root နိုင်တယ်လို့ ဆိုပါတယ်။ စမ်းတော့ မစမ်းဖူးသေးပါ။ တရုတ်စာတွေကြီးပဲ တွေ့ရပါတယ်။
http://www.solidfiles.com/…/Mobile-Easyroot-V1.2.1-Kozawthw…
(၅)Frama root v1.9.1 အားဒေါင်းရန်
http://www.solidfiles.com/d/…/Framaroot-1.9.1_kozawthwin.apk
(၆)Exynos Abuse v1.40 အားဒေါင်းရန်
http://www.solidfiles.com/…/Exynos_Abuse_v1.40_Kozawthwin.a…
(၇)Baidu root v2.3.4 အားဒေါင်းရန်
http://www.solidfiles.com/…/baidu_root_v_2.3.4_kozawthwin.a…
(၈)360 root v1.1 အားဒေါင်းရန်
http://www.solidfiles.com/d/5b…/360_root_v1.1_kozawthwin.apk
(၉)Z4 root v1.2.1 အားဒေါင်းရန်
http://files.fm/u/mitizfi
(၁၀)King root v2.3.0 အားဒေါင်းရန်
http://files.fm/u/gvqhezn
(၁၁) R-root(onekeyroot)-v1.3.8 အားဒေါင်းရန်
http://www.solidfiles.com/…/R-root(onekeyroot)-v1.3.8-Kozaw…
(၁၂)Apkol-root-v1.2.5 အားဒေါင်းရန်
http://www.solidfiles.com/…/apkol-root-v1.2.5-kozawthwin.apk
(၁၃)Appnow-hztfont-v1.0.0 အားဒေါင်းရန်
http://www.solidfiles.com/…/appnow-hztfont-v1.0.0-kozawthwi…
(၁၄)Baidu-SuperRoot-v1.0.2ဒေါင်းရန်
http://www.solidfiles.com/…/baidu-superroot-v1.0.2-kozawthw…
(၁၅)Is-Root-v1.0.6 အားဒေါင်းရန်
http://www.solidfiles.com/d/d…/Is-Root-v1.0.6-kozawthwin.apk
(၁၆)Greenify-v2.4 အားဒေါင်းရန်
http://www.solidfiles.com/d/37…/Greenify-v2.4-kozawthwin.apk
(၁၇)Flipboard rootthree-v1.0 ဒေါင်းရန်
http://www.solidfiles.com/…/flipboardrootthree-view-v1.0-ko…
(၁၈)Kinguser_3.3.5 အားဒေါင်းရန်
http://www.solidfiles.com/d/5adf6d3eee/Kinguser_3.3.5.apk
(၁၉)Kingroot-Rushroot-v3.3.2 ဒေါင်းရန်
http://files.fm/u/orcxuiu
(၂၀)Root-genius-v1.0.23 ဒေါင်းရန်
http://www.solidfiles.com/…/Root-genius-v1.0.23-kozawthwin.…
(၂၁)Root-Helper v3.0 ဒေါင်းရန်
http://files.fm/u/breziri
(၂၂)Root-Manager-v2.0.1 ဒေါင်းရန်
http://www.solidfiles.com/…/Root-Manager-v2.0.1-Kozawthwin.…
(၂၃)Root-Manager-v4.1.9 ဒေါင်းရန်
http://www.solidfiles.com/…/Root-Manager-v4.1.9-Kozawthwin.…
(၂၄)Root-tool-v2.1.8 အားဒေါင်းရန်
http://www.solidfiles.com/d/…/Root-tool-v2.1.8-kozawthwin.a…
(၂၅)Root-Tools-v1.4 အားဒေါင်းရန်
http://www.solidfiles.com/d/…/Root-Tools-v1.4-kozawthwin.apk
(၂၆)Root-Tools-v2.0 အားဒေါင်းရန်
http://www.solidfiles.com/d/…/Root-tools-v2.0-kozawthwin.apk
(၂၇)Root-v11.0 အားဒေါင်းရန်
http://www.solidfiles.com/d/8d3ab…/Root-v11.0-kozawthwin.apk
(၂၈)Root-v3.0 အားဒေါင်းရန်
http://www.solidfiles.com/d/b863e0…/Root-v3.0-kozawthwin.apk
(၂၉)Root-v4.3.5 အားဒေါင်းရန်
http://www.solidfiles.com/d/b648…/root-v4.3.5-kozawthwin.apk
(၃၀)Root-v6.0 အားဒေါင်းရန်
http://www.solidfiles.com/d/90f157…/Root-v6.0-kozawthwin.apk
(၃၁)Root-Helper v1.3.1 အားဒေါင်းရန်
http://files.fm/u/breziri
(၃၂)Suboo-root v2.1 အားဒေါင်းရန်
http://files.fm/u/bdjmvem
(၃၃)Super-root v1.0 အားဒေါင်းရန်
http://files.fm/u/othmfzm
(၃၄)Towel-root v1.0 အားဒေါင်းရန်
http://files.fm/u/znwgppy
(၃၅)UniversalAndroroot v1.8.2 ဒေါင်းရန်
http://files.fm/u/sqzptkk
(၃၆)Yijianroot အားဒေါင်းရန်
http://files.fm/u/sigaaoy
(၃၇)SuperUser v3.11.06 အားဒေါင်းရန်
http://files.fm/u/hepwniv
(၃၈)SuperUser v1.0.5 အားဒေါင်းရန်
http://files.fm/u/kvlsajj
★Root ပြုလုပ်ပြီးပါက Super Su Apk ကို install ပြုလုပ်ပါ★
-Super Su v1.89 Apk အားဒေါင်းရန်
http://www.solidfiles.com/d/83b83b0a6e/SuperSU_v1.89.apk
★ပြီးရင် Root ရ/မရ ကို စစ်ဆေးဖို့အတွက် RootChecker Apk ကို ဒေါင်းပြီး install လုပ်၍ စစ်ဆေးကြည့်ပါ။ စစ်ဆေးကြည့်လို့ Root အောင်တယ်ဆိုရင်...
"Congratulations! This device has root access" ဆိုပြီးပြမှာဖြစ်ပါတယ်။ တကယ်လို့ Sorry! This device does not has Proper root access လို့ပြနေရင်တော့ Root ဖောက်တာ မအောင်မြင်ပါဘူး★
-RootCheckerPro Apk အားဒေါင်းရန်
https://www.solidfiles.com/…/RootCheckerAndUnRootPRO-v1.5-K…
★Huawei Font ပြင် Apk★
http://www.solidfiles.com/d/fa437ab538/HuaweiFont_1.0.apk
★Huawei G-730 MMfont Apk★
http://www.solidfiles.com/d/ef8ff0d…/huawei_G730_mmfont_.apk
-ဖုန်းဗားရှင်း v1.6 ကနေ v4.3.3 အထိ ဖုန်းများကို မြန်မာစာဖောင့်န် သွင်းပေးနိုင်တဲ့
" MMAio_Zawgyi_Fontchanger" Apk ကို အောက်က လင့်ခ်မှာ ဒေါင်းလုပ်ဆွဲပါ-
http://www.solidfiles.com/d/da…/MMAio_Zawgyi_Fontchanger.apk
-မြန်မာစာတွေ လွဲနေသေးရင် ပြင်ပေးနိုင်မယ့် Fepfz v2.1 Apk အား အောက်ကလင့်ခ်မှာ ဒေါင်းလုပ် ဆွဲယူပါ-
http://www.solidfiles.com/d/1c8cdc66dc/fepfz_v2.1_.apk
-မြန်မာစာရိုက်ဖို့အတွက် ကီးဘုတ် တစ်ခုဖြစ်တဲ့ "Frozen keyboard pro v0.5.3 အား အောက်က လင့်ခ်မှာ ဒေါင်းလုပ် ဆွဲယူပါ-
http://www.solidfiles.com/…/frozen_zawgyi_keyboard_pro_v0.5…
တစ်ချို့ဖုန်းတွေဆို FrozenKeyboard Pro မကိုက်ပါဘူး။ အဲ့ဒါဆိုရင် အရင်ဗားရှင်းဟောင်း ဖြစ်တဲ့ Frozen Keyboar Old Version ကို သုံးရပါမယ်..
-FrozenKeyboard Oldversion ဒေါင်းရန်-
http://www.solidfiles.com/d/c…/FrozenKeyboard-kozawthwin.apk
★BaganKeyboardOrangePremium_v4.4.apk အားဒေါင်းရန်★
http://www.solidfiles.com/…/BaganKeyboardOrangePremium_v4.4…
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)