ဇီဗေဒ ထိတိုင်းရှ
---------------
ဂေါတမဘုရားအလောင်းတော်ဟာ ငါဘုရားဖြစ်လျင်
ခြောက်နှစ် ကျင့်မည်လို့ ကြုံးဝါးခဲ့လို့ တကယ်ပဲ
ခြောက်နှစ်ကျင့်ခဲ့ရတယ်
ဇောတိက အလောင်းတော်ဟာ ဘဝတစ်ခုမှာ
ဘုရားတည်ခဲ့တယ် ဘုရားတည်နေတုန်း
ရဟန်းတပါးက မပြီးသေးကြောင်းလာပြီး
ပြောတာကို မိန်းမနဲ့ ရန်ဖြစ်ခါစ စိတ်ဆိုးနေတုန်းမို့ 
အရှင်ဘုရားတို့ ဘုရားကို ရေထဲသာမျောလိုက်တော့လို့ 
ပြောခဲ့မိလို့  ဘဝအဆက်ဆက် ရေမျောခံခဲ့ရတယ်
ဘဝတစ်ခုမှာ မအေနဲ့ တပ်ပြီးဆဲခဲ့မိတဲ့ ထေရီမကြီး တဦးဟာ နောက်ထပ်ဘဝတစ်ခုမှာ
မအေက မယားကြီး သမီးက မယားငယ်
သားက လင်လုပ်ပြီး တဘဝထဲမှာ ပြန်လည်
ပေးဆပ်ခဲ့ရတယ်
ဥဂ္ဂါသေနရဲ့ ဇနီးသည်ဟာ ရဟန်းတပါးကို
ကချေသည်နဲ့ တူတယ်လို့ စွပ်စွဲခဲ့မိ
လို့  နောက်ဆုံး
တရားထူးရမဲ့ ဘဝမှာတောင် ကချေသည်ဘဝနဲ့ 
ပေးဆပ်ရတယ်
ဘုရားရှင်ကလည်း ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းဟာ
အကျိုးမခံစားရပဲနဲ့ ပျောက်ပျက်မသွားဘူးလို့ 
ဟောထားခဲ့ပါတယ်
မိတ်ဆွေများ ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ။

No comments:
Post a Comment