Tuesday, September 15, 2015

မြန်မာပြည်မှာ တို့ဆေးလို့ပြောနေကြတဲ့အကြောင်းတော့ သေသေချာချာမသိပါဘူး။ အခုပြောမဲ့ မှုတ်ဆေးလို့ခေါ်ရမဲ့ ဒီဆေးးမှုန့်ကတော့ အလွန်ကြောက်စရာကောင်းပါတယ်။ ဒီဆေးမှုန့်ကို အနောက်နိုင်ငံတွေကတော့ Devil's Breath လို့ခေါ်ကြတယ်။



မြန်မာပြည်မှာ တို့ဆေးလို့ပြောနေကြတဲ့အကြောင်းတော့
သေသေချာချာမသိပါဘူး။
အခုပြောမဲ့ မှုတ်ဆေးလို့ခေါ်ရမဲ့ ဒီဆေးးမှုန့်ကတော့ အလွန်ကြောက်စရာကောင်းပါတယ်။
ဒီဆေးမှုန့်ကို အနောက်နိုင်ငံတွေကတော့ Devil's Breath လို့ခေါ်ကြတယ်။
ဒီ Devil's Breath ဟာ ဓါတုဆေးမှုန့်မဟုတ်ပါဘူး။
တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ကိုလံဘီယာ၊ အီကွေဒိုနဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ
သဘာဝအလျှောက်ပေါက်ရောက်တဲ့အပင်တမျိုးရဲ့အစေ့ကိုအမှုန့်ကြိတ်ထားခြင်းပါ။
၎င်းကိုများများရှူရှိုက်မိပါက သေစေပြီး
အနည်းငယ်ရှူရှိုက်မိပါက ကိုယ်ပိုင်ထိန်းချုပ်နိုင်မှုပျောက်ဆုံးသွားပါတယ်။
Physically functioning but mentally unable to control byself လို့ဆိုတယ်။
ဒါကို သူတို့နိုင်ငံတွေမှာ Zombie ဖြစ်သွားတယ်လို့ဆိုကြတယ်။
Zombie ဖြစ်သွားရင် ခိုင်းတာကို ဘာမှမစဉ်းစားပဲလုပ်ကြတယ်။
ရှေးယခင်ကတောင်အမေရိကနိုင်ငံတွေရှိ အချို့အမျိုးအနွယ်များက
၎င်းတို့ရဲ့အကြီးအကဲခေါင်းဆောင်လုပ်သူသေဆုံးပါက
ဇနီးမယားကို အကြီးအကဲခေါင်းဆောင်လုပ်သူနဲ့အတူမြှုပ်နှံလေ့ရှိတယ်။
ဇနီးမယားလုပ်သူကို ဒီဆေးမှုန့်တိုက်ကျွေးလိုက်ပြီး ညွှန်ကြားလိုက်ပါက
သူမဖါသာအခေါင်းအတွင်းသို့ ညင်ညင်သာသာဝင်ရောက်လှဲလျှောင်းသွားကြတယ်။
ရှေးယခင်စစ်အေးကာလမှာ အမေရိကန် CIA များကလည်း
ထောင်သား၊ အကျဉ်းသားများကို ၎င်းဆေးမှုန့်ကိုအသုံးပြုပြီး
စစ်ဆေး၍အမှုမှန်ဖေါ်ထုတ်လေ့ရှိတယ်။
နာဇီလက်ထက်တုန်းကလည်း ဂျူးအကျဉ်းသားများကို ၎င်းဆေးမှုန့်တိုက်ကျွေးဖူးတယ်။
ဒီဆေးမှုန့်တိုက်ကျွေးပြီးရင် ဘာမှအသိတရားမရှိတော့ပဲအဖြစ်မှန်အကုန်ပေါ်လို့
ဒီအချိန်တုန်းကတော့ Truth serum လို့သုံးနှုန်းခေါ်ဆိုကြတယ်။
ဆရာဝန်များကလည်း သားဖွါးသယ်မိခင်များ
မီးဖွါးစဉ်အနာအကြင်သက်သာစေရန် အသုံးပြုခဲ့ကြတယ်။
တရားရုံးများမှာလည်း တရားခံများကိုတိုက်ကျွေး၍
အမှုမှန်ပေါ်ပေါက်ရေးအတွက်အသုံးပြုခဲ့ကြတယ်။
သို့သော် ဘေးထွက်ဆိုးကျိုးအနေဖြင့် အာရုံခံစနစ်အားနည်းဆုံးရှုံးမှုနဲ့
စိတ်ကျရောဂါဖြစ်ပေါ်မှုများကြောင့် ၁၉၃၀ ခုနှစ်များမှစ၍
ဆေးရုံများနဲ့ တရားရုံးများမှာအသုံးပြုမှုရပ်ဆိုင်းခဲ့ကြတယ်။
အမေရိကန် CIA ကလည်း ၁၉၇၃ ခုနှစ်နောက်ပိုင်း အသုံးပြုမှုရပ်စဲခဲ့တယ်။
လောလောဆယ် ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ
တရုပ်ကမ္ဘာလှည့်အမျိုးသမီး ၂ ဦးက ပဲရစ်မြို့ခံအမျိုးသမီးကြီးတဦးထံချဉ်းကပ်ပြီး
မြေပုံပေါ်ရှိနေရာတခုကိုဟန်ဆောင်မေးမြန်းခဲ့တယ်။
မေးနေစဉ်မှာပဲ လက်ခုံပေါ်တင်ထားတဲ့ဒီအဖြူရောင်ဆေးမှုန့်ကို
အမျိုးသမီးကြီးမျက်နှာရှိရာဖက်သို့ မှုတ်ထုတ်ကာ
အမျိုးသမီးကြီးရဲ့ကိုယ်ပိုင်ထိန်းချုပ်မှုကိုပျောက်ဆုံးစေခဲ့တယ်။
၎င်းနောက် လူရှင်းရာသို့အတူသွားရန်အမိန့်ပေးပြီး
ပါလာသမျှငွေကြေးနဲ့ လက်ဝတ်ရတနာများကို ကိုယ်တိုင်ဖြုတ်၍အပ်နှံစေတယ်။
နောက်တဦးကလည်း လမ်းသွားလမ်းလာများကို
၎င်းတို့ရဲ့ထူးဆန်းတဲ့အနံ့ရှိတဲ့အမှုန့်တွေကိုစမ်းသပ်ရှုရှိုက်ရန်ဖျားယောင်ကြပြီး
အသိစိတ်ပျောက်ဆုံးကာ အဖိုးတန်ပစ္စည်းများကို ကိုယ်တိုင်အပ်နှံစေတယ်။
ဒီတရုတ်အမျိုးသမီး ၂ ဦးနဲ့အတူပါဝင်ကူညီလုပ်ဆောင်သူ
ပြင်သစ်နိုင်ငံသားတဦးတို့ကိုဖမ်းမိစစ်ဆေးတဲ့အခါ
၎င်းတို့ရရှိတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို တရုပ်ပြည်ရှိဂိုဏ်းခေါင်းဆောင်ထံ
ပြန်ပေးပို့ကြောင်းထောက်လှမ်းရရှိခဲ့တယ်။
နောက်အဖြစ်တခုကတော့ တောင်အမေရိကနိုင်ငံ ကိုလံဘီယာမှာ
လာရောက်အခြေချစီးပွါးရေးလုပ်နေသူတဦးဟာ
ဘားဆိုင်တခုသို့သွားပြီး အမျိုးသမီးတဦးကိုချဉ်းကပ်ခဲ့တယ်။
၂ ယောက်အတူသောက်စားနေပြီးနောက် သူအသိမဲ့သွားတယ်။
နောက်တရက် သတိပြန်ရတဲ့အချိန်မှာ သူ့ရဲ့အိပ်ယာထဲရောက်နေတာတွေ့ရတယ်။
ဒါပေမဲ့ ဘယ်သူမှမရှိတော့တဲ့အပြင် ဘာပစ္စည်းမှလည်းမရှိတော့တာတွေ့ရတယ်။
ဒါကြောင့် အဆောက်အဦးရဲ့ဂိတ်စောင့်ကိုမေးမြန်းကြည့်တဲ့အခါ
ညက သူကိုယ်တိုင်ကားမောင်းပြီး လူတအုပ်ကြီးခေါ်လာခဲ့ကြောင်း။
နောက်တော့ ပစ္စည်းများကို သူကိုယ်တိုင်ကူညီသယ်မပြီး
ကားပေါ်တင်ပေးခဲ့ကြောင်း ပြောပြတယ်။
ဘယ်သူ့ကိုမှဖမ်းမမိတဲ့အပြင် ဘာပစ္စည်းမှလည်းပြန်မရတော့ပါ။
ဒီလိုအဖွဲ့များ ဥရောပတခွင်နဲ့အမေရိကန်မှာပြန့်နှံ့ကျက်စားနေကြတယ်။
တရုပ်ပြည်နဲ့နီးကပ်နေတဲ့အမြန်မာနိုင်ငံမှာလည်း
ဒီလိုအဖြစ်မျိုးမဖြစ်နိုင်အောင် သတိရှိစေချင်တယ်။
အထူးသဖြင့်တဦးတည်းအပြင်ထွက်ရင် ချဉ်းကပ်လာသူများကို
အထူးသတိထားမျက်ခြေမပြတ်ကြည့်နေပါ။
သံသယရှိရင် ခပ်ခွါခွါနေကြပါ။
သူတို့ဟာ အဖွဲ့လိုက်လှုပ်ရှားတတ်ပါတယ်။
မိမိကောင်းစွာရင်းနှီးမှုမရှိသူများတိုက်တဲ့အအေးတို့ လ္ဘက်ရည်တို့ မသောက်ပါနဲ့။
စီးကရက်တိုက်လည်း မယူပါနဲ့။ ဘာကျွေးကျွေးလည်း မစားပါနဲ့။
သတိဆိုတာပိုတယ်မရှိပါဘူး။
အားနာမှု၊ ကူညီမှုကြောင့် မိမိကိုအန္တရာယ်ပြန်ပေးနိုင်တယ်ဆိုတာ
သတိ၊ အဆင်ခြင်တရားရှိနေချေင်ပါတယ်။

No comments:

Post a Comment