Sony ရဲ့ ဒုတိယမျိုးဆက်သစ် - Alpha 7s II
===========================================
Price - 2999 US$ (Body Only)
Sony E-Mount စနစ်သုံး Alpha 7 Series ကင်မရာတွေကို အမျိုးအစား ခွဲခြားကြည့်မယ်ဆိုရင် စွမ်းဆောင်ရည်အဖက်ဖက်က သမမျှတပြီး ဘက်စုံသုံးနိုင်တဲ့ Full-Frame Mirrorless အဖြစ် Alpha 7 နဲ့ 7 II တို့ကို သတ်မှတ်ရမှာပါ ။ Mega Resolution Mirrorless အဖြစ်နဲ့ ကျော်ကြားလှတဲ့ 7R နဲ့ 7R II တို့ကို ရွေးချယ်မယ့် ဓါတ်ပုံသမားတွေ ရှိသလို Sensitivity နဲ့ Video ရိုက်ကူးရေးအပိုင်းမှာ အားသာချက်တွေရှိတဲ့ 7s နဲ့ 7s II တို့ကို ကြိုက်နှစ်သက်တဲ့ Videography တွေလည်း အများအပြား ရှိနေပြန်ပါတယ် ။
Alpha 7 Series ရဲ့ ဒုတိယမျိုးဆက်သစ်ဖြစ်တဲ့အတွက် 7s II ဟာ 7 II
နဲ့ 7R II တို့မှာ ပါဝင်တဲ့ In-Body 5-Axis Image Stabilization စနစ်ကို
ပိုင်ဆိုင်ပါတယ် ။ ယခင် Alpha 7s နဲ့ Physical Dimension တွေကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကိုယ်ထည် အလျား အပြောင်းအလဲမရှိပေမယ့် ကိုယ်ထည်
အထူ နဲ့ အမြင့်မှာ ကွဲပြားခြားနားမှုတွေ တွေ့ရတယ် ။ ကင်မရာကို ဆုပ်ကိုင်ရ
ပိုပြီး မြဲမြံမှု ရှိစေမယ့် Grip လက်ကိုင် ခပ်ထူထူ ထည့်သွင်းပေးလိုက်သလို
12.1 mm လောက် ထူထဲလာတယ် ။ ဒါ့အပြင် ကိုယ်ထည်အမြင့်မှာလည်း 1.3mm
လောက်မြင့်တက်လာပြန်တယ် ။ အလေးချိန်ဘက်မှာလည်း ယခင် 489g ကနေ ယခု 627g
အဖြစ် ပြောင်းလဲသွားတယ် ။
ကိုယ်ထည်အတွင်းဘက် Image Sensor ပေါ် က ဖုန်နဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်တဲ့ Anti-dust System အနေနဲ့လည်း Ultrasonic Vibration Mechanism ကို Image Sensor Shift Mechanism နဲ့ အစားထိုးထားတယ် ။ ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုက ရိုက်ကူးရေး Recording System အဖြစ်နဲ့ 14-bit Uncompressed Raw File တွေကို Process ပြုလုပ် သိမ်းယူပေးနိုင်ခြင်းပဲဖြစ်ပါတယ် ။ ကင်မရာရဲ့ Image Sensor ကနေ ဖမ်းယူရရှိထားတဲ့ ပုံရိပ်အရည်အသွေးအတိုင်း Data ဆုံးရှုံးမှု မရှိဘဲ Post-Processing ပြုလုပ် တည်းဖြတ်ပြုပြင်နိုင်သလို စိတ်ကြိုက် အရည်အသွေး Format သို့ ပြောင်းလဲသိမ်းယူ Playback ပြုလုပ်နိုင်ခွင့်ကို ပေးတယ် ။
ဗီဒီယိုရိုက်ကူးရေးတွေအတွက် အဆင့်မြှင့်တင်ထားတဲ့ မျိုးဆက်သစ် ကင်မရာဖြစ်တာနဲ့ အညီ 4K (3840 x 2160) အရည်အသွေးရှိတဲ့ ရုပ်သံဖိုင်တွေကို Frame Rate 30fps မှာ အချက်အလက်ရွေ့ပြောင်းမှုနှုန်း 100Mbps နဲ့ ရိုက်ကူး သိမ်းယူနိုင်ပြန်တယ် ။ XAVC S Format စနစ်နဲ့ 4K Movie File တွေကို ကင်မရာအတွင်းက SDXC (Class 10) Memory Card သို့ တိုက်ရိုက် Save ပြုလုပ်ပေးနိုင်တယ် ။ ဒါ့အပြင် Picture Profile တွေအနေနဲ့လည်း ဗီဒီယိုသမားတွေ ကြားမှာ ရေပန်းစားနေတဲ့ S-Gamut/S-Log2 ကို ထောက်ပံ့ပေးနိုင်သလို S-Gamut3.Cine/S-Log3 နဲ့ S-Gamut3/S-Log3 Profile တွေလည်း အသစ်ထပ်မံ တိုးမြှင့်ပါဝင်လာတယ် ။ Full HD (1920x1080) ရုပ်သံဖိုင်တွေကို Frame Rate - 120fps မှာ Data Transfer Rate -100Mbps နဲ့ ရိုက်ကူးပြီး သာမန်ထက် ၄/၅ဆလောက် နှေးကွေးတဲ့ Slow-Motion Video အဖြစ် ပြောင်းလဲပေးနိုင်ပါတယ် ။
Image Sensor & Processor -
ယခင် Alpha 7s တုန်းက အတိုင်း 12.2 Megapixels Resolution ပဲဖြစ်သလို 35mm Full-Frame (35.6 x 23.8 mm) Exmor CMOS Image Sensor ကိုပဲ ပြန်လည်အသုံးပြုထားပြီး BIONZ X Image Processing Engine နဲ့ တွဲဖက်အလုပ်လုပ်ပါတယ် ။ Contrast Detection Autofocus System တစ်မျိုးတည်းနဲ့သာ Autofocus ဖြတ်ယူမှာဖြစ်သလို 7s မှာ 25 Point သာရှိခဲ့ပေမယ့် 7s II မှာ 169 Point အထိ တိုးတက်လာခဲ့ပါတယ် ။ ရုပ်သံရိုက်ကူးရေးအပိုင်းမှာလည်း Autofocus လုပ်ဆောင်မှုက ယခင်ကထက် နှစ်ဆလောက် ပိုမို မြန်ဆန်မယ်လို့ Sony က ဆိုထားပါတယ် ။
Sensitivity -
ရှေးယခင် ASA - 50 ဖလင်နဲ့ ထပ်တူညီတဲ့ ISO - 50 (Minimum Sensitivity) ကို Expand Mode မှာ ရယူနိုင်သလို Native ISO အနေနဲ့ 100-102400 ရှိပြီး လိုအပ်ပါက ISO - 409600 လောက်အထိ တိုးမြှင့်နိုင်တယ် ။ ရုပ်ငြိမ် ဓါတ်ပုံရိုက်ကူးရေးမှာသာမက ရုပ်ရှင် ဗီဒီယို မှတ်တမ်းတင်ခြင်းတွေအတွက်ပါ ဒီ ISO Sensitivity စွမ်းဆောင်ရည်က အကျုံးဝင်သလို အလင်းရောင် အားနည်းတဲ့ ညအချိန်လို ရိုက်ကွင်းတွေမှာတောင် Noise ကင်းစင်လျော့ပါးပြီး ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာပါ ။
Video -
မြင်ကွင်းပုံရိပ်အတွင်းက Overexpose ဖြစ်နေတဲ့ ဧရိယာတွေကို မျဉ်းကြားအသွင်နဲ့ ဖော်ပြမှု Zebra Function ကိုလည်း အဆင့်မြှင့်တင်ပြောင်းလဲထားသလို Gamma Display Assist စနစ်လည်း ထပ်မံပါဝင်လာပါတယ် ။ Clean HDMI Output ပါဝင်တဲ့အတွက် ရိုက်ကူးရယူထားတဲ့ ရုပ်သံဖိုင်တွေကို Uncompressed Movie File တွေအဖြစ်နဲ့ External Recorder (သို့) Monitor ပေါ်ကို တိုက်ရိုက်ပေးပို့နိုင်ပြန်တယ် ။ ဒါ့အပြင် 7s မှာပါဝင်တဲ့ White Balance Adjustment ထက် ပိုပြီး အသေးစိတ် တိကျတဲ့ Step တွေ ပါဝင်လာတဲ့အတွက် ပြင်ပသဘာဝအရောင် အရိပ်နဲ့ ထပ်တူညီမယ့် ရုပ်ပုံတွေကို အလိုအလျောက် ဖမ်းယူပေးနိုင်တယ် ။
Viewfinder & Display -
ကျောဘက်က အပေါ်အောက် Tilting ပြုလုပ်နိုင်တဲ့ အရွယ်အစား 3.0inch ရှိ TFT LCD Display ကို အပြောင်းအလဲ မလုပ်ခဲ့ပေမယ့် Pixel Dot အနေနဲ့ ယခင် 921,600 ရှိခဲ့ရာက ယခု 1,228,800 လောက်အထိ တိုးမြှင့်ပေးလိုက်တယ် ။ Electronic Viewfinder က ဒီဇိုင်းတည်ဆောက်ပုံ ပြောင်းလဲသွားသလို ကင်မရာ ကိုယ်ထည် အမြင့်တက်လာရခြင်းအတွက် အဓိက အစိတ်အပိုင်းပြောင်းလဲမှုလို့ ဆိုနိုင်ပါတယ် ။ Color Dot အရေအတွက်နဲ့ Coverage ပြောင်းလဲမှု မရှိပေမယ့် Magnification Factor မှာ ယခင် 0.71 ရှိခဲ့ရာကနေ ယခု 0.78 လောက်အထိ တိုးတက်လာခဲ့တဲ့ အတွက် Viewfinder Magnification ကမ္ဘာ့ အမြင့်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ် ။
Connectivity -
WiFi / NFC အစရှိတဲ့ ကွန်ယက် ချိတ်ဆက်မှု စနစ်တွေ ပြည့်ပြည့်စုံစုံ ပါရှိသလို ကင်မရာကို အဝေးကနေ ထိန်းချုပ်စေခိုင်းနိုင်ဖို့အတွက် iOS/Android App ဖြစ်တဲ့ PlayMomories Camera နဲ့ တွဲဆက်အလုပ်လုပ်နိုင်ပါတယ် ။ နောက်ထပ်ထူးခြားတဲ့ လုပ်ဆောင်မှုတစ်ခုက USB Charging စနစ်ပဲဖြစ်ပါတယ် ။ ကင်မရာကို USB Cable အသုံးပြုလို့ Mobile Battery တွေနဲ့ ချိတ်ဆက်ပြီး ပါဝါပေးနိုင်တဲ့အတွက် ရိုက်ကူးရေးတွေ ပြုလုပ်နေစဉ်မှာ ဘက်ထရီ ကုန်ခမ်းသွားမှာကို စိုးရိမ်စရာမလိုသလို အစားထိုး လဲလှယ်နေစရာလည်း မလိုအပ်ပါဘူး ။ ဒါ့အပြင် ကင်မရာကို ရိုက်ကူးရေးတွေ မပြုလုပ်တဲ့ အချိန် Power Off ထားရင်လည်း ကိုယ်ထည်အတွင်းက ဘက်ထရီကို USB Cable ကနေ အားပြန်သွင်းနိုင်တယ် ။
Body & Dimension -
ကင်မရာတည်ဆောက်ပုံ ဒီဇိုင်းအပြောင်းအလဲ မရှိပေမယ့် ကိုယ်ထည်အထူနဲ့ အမြင့်မှာ တိုးတက်လာတဲ့ အပြင် Dial/Button နေရာချထားမှုမှာလည်း ပိုပြီး သေသပ်ကျနလာပါတယ် ။ Mode Dial ကို Lock ချ ထားနိုင်မယ့် Locking Mechanism ထည့်သွင်းပေးထားတဲ့အပြင် ကိုယ်ထည်ကို အကြမ်းခံ/ရာသီဥတုဒဏ်ခံနိုင်အောင် မဂ္ဂနီဆီမယ် သတ္တုစပ်နဲ့ ပုံသွင်းတည်ဆောက်ထားပါတယ် ။ အကြီးမားဆုံး တိုးတက်ပြောင်းလဲလာမှုတစ်ခုက Shutter Mechanism ပဲဖြစ်ပြီး Shutter Count အကြိမ်ရေ - 500,000 လောက်အထိ သက်တမ်းတာရှည်ခံမှာဖြစ်သလို Shuttter Vibration ကိုလည်း ယခင်ကထက် ၅၀ ရာခိုင်နှုန်းလောက်လျော့ချနိုင်ခဲ့ပါတယ် ။
Price -
Sony Alpha 7s II ကင်မရာ ကိုယ်ထည်ချည်းသက်သက်ကို အမေရိကား မှာ ဒေါ်လာ ၃၀၀၀ ၀န်းကျင်နဲ့ အောက်တိုဘာလအတွင်း ရောင်းချမှာဖြစ်သလို ဥရောပနိုင်ငံတွေကို ပေါင် ၃၄၀၀ ၀န်းကျင်လောက်နဲ့ နိုဝင်ဘာလကျမှ ဈေးကွက်တင်ပို့မည်လို့ သိရပါတယ် ။ အမျိုးအစား ၆၀ ကျော်ရှိတဲ့ Sony E-Mount Lens တွေတပ်ဆင်ရိုက်ကူးနိုင်သလို Adapter ခံပြီး A-Mount Lens တွေနဲ့လည်း တွဲဖက်အသုံးပြနိုင်တဲ့အပြင် Third Party Lens တွေကိုလည်း Support လုပ်ပေးနိုင်ပါတယ် ။
Cyra _ ( ပြန်ဆိုရေးသားမျှဝေသည် )
Digital Camera မဂ္ဂဇင်း @ www.fb.com/myanmardcm

No comments:
Post a Comment