မိမိလုပ်လိုက်တဲ့အရာတွေဟာ online မှာအများအတွက်အကျိုးရှိစေချင်လို့ပါ
ကွန်ပျူတာ dtpပိုင်း photo ပိုင်း Video editing ပိုင်းကိုပြည့်စုံအောင်ရေးသားတင်ပြသွားမယ်လို့
ရည်ရွယ်ထားပါတယ်
အချိန်ရရင်ရသလို Web ပိုင်းကိုလည်းရေးချင်ပါသေးတယ်
အခုလေ့လာဆဲဖြစ်နေတာမို့လို့ပါ
ဘယ်လောက်ထိတောင်ရည်မှန်းထားလဲဆိုတော့
လူဆိုတာပြောမရပါဘူး
နောင်တချိန် မိမိမရှိတော့ရင်တောင်မှ
မိမိရဲ့သင်ခန်းစာပို့ချချက်တွေက
အများအတွက်အကျိုးရှိစေချင်လို့ပါ
များများမတွေးပါဘူး အနီးစပ်ဆုံး
ကျွန်တော့် သမီးလေးအရွယ်ရောက်တဲ့အခါ
မပင်မပန်း လေ့လာနိုင်စေချင်လို့ပါ
အဖေလုပ်သူရဲ့ပေးနိုင်တဲ့အမွေပဲဖြစ်ပါတယ်
နောင်လာနောက်သားအားလုံးအတွက်လဲ
ကျွန်တော်လုပ်ပေးနိုင်တာကို လုပ်ပေးတာဖြစ်ပါတယ်
facebookတို့ blogs တို့ရှိနေသရွှေ့တော့
လုပ်ထားတာလေးတွေဟာ အများအတွက်အကျိုးရှိ
နေမှာပါပဲလို့ရည်မှန်းကုသိုလ်ယူရင်း. . . . .
No comments:
Post a Comment