Thursday, October 8, 2015

ဓမ္မာနုပဿနာ ဘယ်လို ရှု့မလဲ ------------------------------------

ဖိုးသုည

ဓမ္မာနုပဿနာ ဘယ်လို ရှု့မလဲ
------------------------------------
တရားစထိုင်ခါစမှာတော့ ဖေါင်းပိန် ဝင်လေ ထွက်လေ စသော ပညတ်ကိုပဲ ထပ်တလဲလဲ
ရှု့ရပါတယ် စိတ်မပြန့် လွင့်စေပဲ ထပ်တလဲလဲ
ရှု့ပါများလာတဲ့အခါ ငြိမ်သက်ခြင်းဆိုတဲ့ သမာဓိ
ဟာ တည်လာပါလိမ့်မယ် အဲဒီအခါမှ ဥာဏ်က
ခန္ဓာရဲ့သဘောကို ဟုတ်တိုင်းမှန်စွာ တွေ့ မြင်ပါ
တော့မယ်

ဖေါင်းပိန် တို့  ဝင်လေ ထွက်လေ တို့ ဟာ
ပညတ်တွေပါ ရုပ်တရားတွေပါ ဝိပဿနာ ဆိုတာ
ပုံသဏ္ဌာန် နိမိတ် ပညတ် အဲဒီသုံးခု ကင်းရပါတယ် ဒါပေမဲ့ ပညတ်ကို မှတ်ပါများလာ
တာနဲ့ အမျှ သမာဓိတည်ပြီး ပညတ်ကို
ခွါနိုင်လာကာ ပရမတ်ကို မြင်လာပါလိမ့်မယ်
ဖေါင်းပိန် မှတ်သူဟာ ဖေါင်းတယ်ဆိုတဲ့ ပညတ်
အခေါ်အဝေါ် ကြီးကို ဖယ်နိုင်ပြီး မြင့်တက်လာတဲ့
သဘောလေးနဲ့  နိမ့်ကျသွားတဲ့ သဘောတရား
သက်သက်ကို မြင်လာပါလိမ့်မယ် ရှု့သွင်းတဲ့
အကြောင်းကြောင်း ဖေါင်းလာတဲ့အကျိုး ရှိုက်ထုတ်လိုက်တဲ့ လေကြောင့် ပိန်ကျသွားခြင်း
အကျိုး စတဲ့ အကြောင်းကြောင့် အကျိုးဖြစ်နေပါလားဆိုတဲ့ အမြင်ဟာ ပညတ်ခွါ
နိုင်တဲ့ ပရမတ်ကို မြင်တဲ့ အမြင်ပါ ပဲ
ဖေါင်းမှုက ပိန်မှု့လေးတွေဟာ တနေရာတည်းမှာ
ဖြစ်ပြီး အဲဒီနေရာမှာပဲ ချုပ်ပျက်သွားတဲ့အတွက်
ရုပ်တရားမှန်သမျှဟာ ဖြစ်ပြီးရင် ပျက်သွားပါ
လားဆိုတဲ့ ဖြစ်ပျက်ကိုလည်း မြင်တက်လာပါ
လမ့်မယ်
နောက်ပြီး အဲဒီမြင့်တက်ခြင်းသဘော နိမ့်ကျခြင်း
သဘောလေးဟာ တရွေ့ ရွေ့  ချုပ်ပျောက်ပြီး
အသစ်အသစ်တွေအစားထိုးနေတဲ့အတွက် မမြဲပါ
လားဆိုတဲ့ အမြင်ကိုလည်း သမာဓိရဲ့အစွမ်းနဲ့  ဥာဏ်က ဟုတ်တိုင်းမှန်စွာ မြင်လာပါလိမ့်မယ်
အဲဒါ အနိစ္စ (မမြဲခြင်း ) ရဲ့ သဘောပါပဲ
ဒါ့ကြောင့် ဖေါင်းပိန်ဖြစ်ဖြစ် ဝင်လေထွက်လေဖြစ်ဖြစ် ပညတ်
မခွါနိုင်ခင်မှာသာ အခေါ်အဝေါ်တွေ ကွဲပြားနေပြီး
ပင်တိုင်ကမ္မဋ္ဌာန်းမတူပေမဲ့
အဲဒီ ပညတ်ခွါနိုင်လာတဲ့အခါကျရင်
မမြဲတဲ့သဘော အကြောင်းအကျိုးသဘောလေးပဲ
ဖြစ်ပျက်သဘောလေးပဲ အကြောင်းကြောင့်
အကျိုးဖြစ်တာတွေပဲ ရှိပါလားဆိုတဲ့
အမြင်ကတော့ အတူတူဖြစ်သွား ပါလိမ့်မယ်
အဲဒီလို မမြဲတဲ့သဘော အကြောင်းအကျိုး
သဘော ဖြစ်ပျက်သဘောကို ထပ်တလဲလဲ ရှု့နေတာကိုတော့
ဓမ္မာအနုပဿနာ ရှု့တယ်လို့ ခေါ်ပါတယ်
ပရမတ်ကိုမြင်နိုင်ပြီဆိုရင်တော့
ဓမ္မအနုပဿနာကို ကျွမ်းကျွမ်းကျင်ကျင်
ရှု့နိုင်ပါလိမ့်မယ်
ဘူတံ ဘူတတော ပဿတိ
ဘူတံ
ခန္ဓာရဲ့ သဘာဝအရှိကို
ဘူတတော
အမှန်အတိုင်း အရှိအတိုင်း
ပဿတိ
ရှု့မြင်ပါ တဲ့
ဓမ္မမိတ်ဆွေများ
ပညတ်လွန်မြောက် ပရမတ်ရောက်အောင်
ရှု့မြင်နိုင်ကြပါစေ

No comments:

Post a Comment