Friday, October 2, 2015

"ဝိုင်ဝိုင်း၏ တစ်ကိုယ်တော် Live 90 ဖျော်ဖြေပွဲ"

"ဝိုင်ဝိုင်း၏ တစ်ကိုယ်တော် Live 90 ဖျော်ဖြေပွဲ"
ရေဘေး ရန်ပုံငွေ ဖျော်ဖြေပွဲများကြောင့် ရက်ရွှေ့ကျင်းပခဲ့သည့် အိုင်းရင်းခရော့ခ်အဖွဲ့၏ ပင်တိုင်အဆိုတော် ဝိုင်ဝိုင်း၏ တစ်ကိုယ်တော် Live 90 ဖျော်ဖြေပွဲကို ယနေ့ ည ၈ နာရီခွဲတွင် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်သည်။
ယင်းဖျော်ဖြေပွဲတွင် ဝိုင်ဝိုင်းက သီချင်း ၁၆ ပုဒ်သီဆိုဖျော်ဖြေပေးမည်ဖြစ်ပြီး ည ၉ နာရီအချိန်မှ စတင်၍ 4HD နှင့် 5SPECIAL ရုပ်သံလိုင်းများမှ ပြသပေးမည်ဖြစ်သည်။
ဝိုင်ဝိုင်း၏ တစ်ကိုယ်တော် Live 90 ဖျော်ဖြေပွဲကို ယခင်က သြဂုတ် ၂၃ ရက်တွင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ရေဘေးရန်ပုံငွေ ဖျော်ဖြေပွဲများ
ရှိနေသောကြောင့် ရက်ရွှေ့ကျင်းပခဲ့ခြင်းဖြစ်သည်။
7Day News

No comments:

Post a Comment