Monday, October 5, 2015

web Designer

Tha Su with Jar Go August 7 · Edited Web Designer တယောက်ဘာတွေလုပ်ရလဲတဲ့… (အပိုင်း ၁) ကျွန်မကို မေးထားတာတွေ ပြန်ဖြေပေးပါ့မယ်.. တပတ်တိတိနောက်ကျမှ ပြန်ဖြေပေးရတဲ့အတွက် နားလည်ပေးပါလို့.. ဒီကြားထဲ အလုပ်များနေတာရယ်… မဟုတ်ကဟုတ်က အပိုလုပ်တွေ လုပ်မိနေတာရယ်ကြောင့်ပါ။ ကျွန်မတို့ အလုပ်စလုပ်တုန်းကတော့ 2005 လောက်ကဖြစ်မယ်ပေါ့.. အခုလို CMS ဖြစ်တဲ့ Wordpress, Joomla, Drupal တွေ မပေါ်သေးပါဘူး.. Photoshop မှာ ဒီဇိုင်းအရင်ဆွဲပါတယ်.. ဒီလို ဒီဇိုင်း idea ရဖို့ reference ယူပါတယ်.. အဲ့တုန်းကဆို templatemonster.com ဆိုရင် hot ပေါ့.. အဲဒိကနေ ကိုယ်အဆင်ပြေမဲ့ ဒီဇိုင်းတွေ အများကြီးကြည့်.. ပြီးရင် ကိုယ့် idea နဲ့ပေါင်း၊ ကိုယ်ဆွဲပေးရမဲ့ business trend ပေါ်မှုတည်ပြီး ဒီဇိုင်းချပါတယ်.. စစလုပ်ချင်းတုန်းကတော့ Business trend တို့ဘာတို့ မသိခဲ့ပါဘူး.. ဒီလိုပဲ မျက်လုံးထဲကြည့်ကောင်းအောင် ဆွဲခဲ့တာပေါ့နော်.. အဲဒါပြီးရင် Photoshop မှာ ဆွဲထားတဲ့ ဒီဇိုင်းကို slice လုပ်ပြီး ဖြတ်ပါတယ်.. photoshop မှာပါတဲ့ convert to html နဲ့ မဟုတ်ဘူးနော်.. တခုချင်းစီကို ဖြတ် ညှပ်ပါတယ်.. ဘာလို့ အဲလိုလုပ်လဲဆိုတော့ ပုံရဲ့ size (space) ကို နဲစေချင်လို့ပါ.. အရင်က ဒီလောက်အင်တာနက်မကောင်းခဲ့တော့ ပုံတွေဆိုလဲ အကြီးကြီးတွေ သိပ်ဖြတ်လို့ မရဘူးရှင့်.. 1250 x 100 လောက်ဆိုရင် လေးပိုင်းလောက်ပိုင်းပြီးမှ html table ထဲ တခုချင်းစီ ပြန်ထည့်တာပါ.. ဘာနဲ့ အလားသဏာန် တူလဲဆိုရင် ကျွန်မတို့ ငယ်ငယ်တုန်းက ရုပ်ပုံတွေကို ဆွဲဖြဲ ပြီး ပြန်စပ်တယ်ဆိုတဲ့ သဘောပါပဲ… ပြန်စပ်တယ် ပြန်ဆင်တဲ့ နေရာမှာ ကျွန်မတို့ Dreamweaver မပေါ်ခင်က frontpage ကိုသုံးပြီး ဆွဲခဲ့ပါတယ်.. ခုနောက်ပိုင်းမှာတော့ အသုံးပြုလို့ရတဲ့ application တွေ အများကြီးပါ… အဲ့တုန်းက animation သုံးချင်ရင် Flash ကိုသုံးပါတယ်။ များသောအားဖြင့် slideshow တို့ သုံးမယ်ဆိုရင်ပေါ့.. တစ်ဆိုဒ်လုံး Flash နဲ့ ရေးခဲ့တာတော့ ရှားပါတယ်.. ရောင်းတန်းထဲမှာဆိုရင် ရေးတာတွေ ရှိပါတယ်.. ကျွန်မတို့သုံးတာကြ ခုန ပြောတဲ့ slideshow တို့ menu တို့ product items လေးတွေမှာ သုံးခဲ့ပါတယ်.. Home page ကို အရင်တည်ဆောက်တယ်.. ပြီးတော့ တခြား စာမျက်နှာတွေပေါ့.. css နဲ့ အရောင်တွေ align တွေချိန်ပါတယ်.. အဲ့တုန်းက CSS က အဲ့လောက်ပဲ သုံးလို့ရသေးတာ.. ခုလို လုပ်ချင်တိုင်း လုပ်လို့ရတဲ့ ခေတ်မဟုတ်သေးဘူး.. shadow တွေ round တွေ ထည့်ချင်ရင် photoshop မှာပဲ ဒီဇိုင်းတခါတည်းဆွဲ ဖြတ် ပြီး လုပ်ခဲ့ရတာ.. လက်ဝင်တာလဲ တအားပေါ့လေ.. အဲဒိမှာ မေးခွန်းတခုဖြေချင်ပါတယ်။ အားလုံးကလဲ မေးမှာပါ.. ဘယ်မှာ Web Design သင်တန်း တက်ခဲ့လဲလို့ပေါ့.. အဲဒိခေတ်က အဲလိုတွေလဲ ရှိသေးဘူး… ACE က ခွဲထွက်တဲ့ BizSoft မှာ Software Engineering Level I, II, III တက်ခဲ့ပြီး. . Web designer အလုပ်ရလို့ ၀င်လုပ်ခဲ့တာ.. အဲ့တုန်းက Web ဆိုရင် asp ပဲ ရှိသေးတာ.. .net တောင် မပေါ်သေးဘူး.. ကံကောင်းတာတခုကတော့ အလုပ်ဝင်တဲ့ company မှာ Australia ကနေ Web Design သင်ပြီး ပြန်လာတဲ့ အမကလဲ အလုပ်လုပ်နေတော့ သူ့ဆီကနေပညာသင်ခွင့်ရခဲ့ပါတယ်.. ခုလို ကျွန်မရပ်တည်နိုင်တာ အဲဒိအမကြောင့်ရော. အဲဒိ Company ကြောင့်ပါဖြစ်တဲ့အတွက် ရိုသေစွာ လက်စုံမိုးဂရ၀ါပြုလိုက်ပါတယ်.. ဆက်ရန် အပိုင်း (၂) ကို ဆက်လက်စောင့်မျှော်ပါဦး.. အရေးအသား မညှက်ရင် ခွင့်လွှတ်ပါ.. ညည့်နက်သန်ခေါင်ထိ အလုပ်လုပ်ပြီး ညဘက်တွေလဲ အချိန်ပြည့်မအိပ်ရတဲ့အတွက်ပါ.. အားလုံးကိုကျေးဇူးတင်စွာဖြင့် သဲဆုဇင်ဝင်း

No comments:

Post a Comment