မိုးညှင်းမြို့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ( မိုးညှင်း မဘသ )မှ မိုင်းထိသူနှစ်ဦးအားအလှူငွေများလှူဒါန်း
Mohnyin 7 October
ကချင်ပြည်နယ် မိုးညှင်းမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ထီးလင်း ဆရာတော်ဘုရားနှင့် အဖွဲ့ဝင်ဆရာတော်များ၏ သြဝါဒအရ
ဒီနေ့ညနေ ၄း၀၀ နာရီအချိန်တွင် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံ ခွဲစိပ်ဆောင်အတွင်း တက်ရောက်ဆေးကုသမူခံယူနေသော မိုးညှင်းမြို့ ထန်းတပင် ရွာမှ ဒေါ်စန်းဦး အသက် ( ၄၈)နှင့်
မယုယုချို အသက် (၃၇ )နှစ်တို့အား မိုးညှင်း မဘသ တွဲဖက် ဘဏ္ဍာရေးမှူး ဦးမောင်ထွန်း ၊မိုးညှင်း မဘသ ပြန်ကြားရေးကိုယ်စလှယ် ကိုဇင်မင်းထွန်း ၊ မိုးညှင်း မဘသ စာရင်းကိုင် အဖွဲ့ဝင် ကိုစိုးထွေးအောင် တို့က အဖွဲ့ ကိုယ်စား
တစ်ဦးလျှင် ၇၀၀၀၀ (ခုနှစ်သောင်း ) ဖြင့် စုစုပေါင်း တစ်သိန်းလေးသောင်း ကျပ်နှင့် စားစရာများလှူဒါန်းခဲ့ကြပါတယ်။
5/10/2015 တနင်္လာနေ့ နေ့လည် ၁ နာရီအချိန်တွင် မိုးညှင်းအရှေ့တောင်ဖက် မျှစ်ချိုးသွားရင် ပေါက်ကွဲစေသည့် မိုင်းဟုယူဆရသော အရာဝတ္ထု ကိုနင်းမိပြီး ပေါက်ကွဲသဖြင့် အခုလို ဒဏ်ရာများရရှိပြီး ဆေးကုသခံနေရပါတယ်လို့ ကာယကံရှင် တစ်ဦးဖြစ်သည့်
မယုယုချို၏ ပြောပြချက်အရသိရှိရပါသည်။
ကျော်ထူး (ထီးလင်း )
photo by စိုးထွေးအောင်


photo by စိုးထွေးအောင်



No comments:
Post a Comment