Thursday, October 15, 2015

သစ္စာမဏ္ဍိုင် ရန်ပြေမာရ်ပြေဆုတောင်းပြည့်စေတီ (တေရသမ ) အကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ *****************--**********************************

မိုးညှင်း ဘုန်းကြီးကျောင်းသားလေး
သစ္စာမဏ္ဍိုင် ရန်ပြေမာရ်ပြေဆုတောင်းပြည့်စေတီ (တေရသမ ) အကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
*****************--**********************************
Mohnyin 15 october
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နတ်ကြီးကုန်းရပ်ကွက်
အတွင်းတည်ထားကိုးကွယ်တော်မူသော သစ္စာမဏ္ဍိုင် ရန်ပြေမာရ်ပြေ ဆုတောင်းပြည့်စေတီ အတွင်း နှစ်စဉ်ကျင်းပလျှက်ရှိသော အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉း၀၀ အချိန်တွင် (တေရသမ ) အကြိမ်မြောက်ကျင်းပဖွင့်လှစ်နိုင်ခဲ့ပါပြီ။
အခန်းအနားမှူးအဖြစ် မိုးညှင်း အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဇယန္တ မှ အခန်းအနားမှူးအဖြစ်ဆောင်ရွက်တော်မူခဲ့ပြီး
အခန်းအနားကို
နမောတဿ ( ၃ ) ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး
အခန်းအနားခွင့်ပန်လွှာ ဂါထာကို နန့်ပုတ်ရွာကျောင်း ဦးသုဇန ဆရာတော် အရှင် သူမြတ်မှ ရွတ်ဖတ်ပူဇော်ပြီး
ရောခြည်တော်ဖွင့် ဘုရားပင့်ရန်ဂါထာကို ဦးစန္ဒောဘာသ ပညာရောင်ခြည်ကျောင်းတိုက်မှ၎င်း
ကြွရောက်လာကြသော ဒါယကာ ဒါယိကာမ များအားငါးပါးသီလ ဆောက်တည်နိုင်ရန်အတွက်
ကံဦးကျောင်းဆရာတော်ဦးပညောဘာသမှ ချီးမြင့်ပေးသနားခဲ့ပြီး
နတ်ဗြဟ္မာ များအား ဖိတ်ကြားလွှာဂါထာကို
စက်ကုန်းကျောင်းဆရာတော် ဦးခတ္တိယ မှ ၎င်း
ပဌာန်းအမွန်းဂါထာကို နန့်ပုတ်ရွာကျောင်းဆရာတော် ဦးသုဇနမှဆက်လက်ဆောင်ရွက်ခဲ့ပြီး
ကြွရောက်လာကြကုန်သော သံဃာတော် အရှင်သူမြတ်များက
ပဌာန်း ပစ္စယုဒ္ဒေကို သုံးကြိမ် ရွတ်ဖတ်ပူဇော်၍ နေ့ည အသံမစဲ မဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆက်လက် ကျင်းပသွားကြောင်းသတင်း ရရှိပါသည်။
ကျော်ထူး ( ထီးလင်း)
ဓါတ်ပုံ ကို ချစ်ခိုင် မိုးညှင်းမှ ပေးပို့ကူညီပါသည်
ဓါတ်ပုံလိုအပ်ချက် ရှိ၍ သတင်းဖတ် ရူ့သူများကို အနူးအညွတ် တောင်းပန် အပ်ပါသည်။

No comments:

Post a Comment