Wednesday, September 30, 2015

မိုးညှင်းဘုရားစေတီများ

Sent from my Huawei Mobile

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မိုးညှင်းမြို့မရဲတပ်ဖွဲ့စခန်းသို့ ရွာသစ်ကုန်းကျေးရွာအုပ်စု မှ တက်ရောက်

့မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မိုးညှင်းမြို့မရဲတပ်ဖွဲ့စခန်းသို့ ရွာသစ်ကုန်းကျေးရွာအုပ်စု မှ တက်ရောက် photo tun tun oo

`ပြောင်းလဲချိန်တန်ပြီ´DVDခွေကို မိုးညှင်းNLDအဖွဲ့ချုပ်ရုံးနှင့် မြို့မဈေးအတွင်းရှိ ဦးဇော်ဝင်း(ပိုစတာဆိုင်)နှင့် ဒေါ်သက်သက်ခိုင်ထံတွင် အခမဲ့ရယူနိုင်ပါသည်။ ခွေဖြန့်လှူလိုလျှင်လဲ ဆက်သွယ်နိုင်ပါတယ်။

မိုးညှင်းnldအောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးမှတ်တမ်းပုံရိပ်များ

`ပြောင်းလဲချိန်တန်ပြီ´DVDခွေကို မိုးညှင်းNLDအဖွဲ့ချုပ်ရုံးနှင့် မြို့မဈေးအတွင်းရှိ ဦးဇော်ဝင်း(ပိုစတာဆိုင်)နှင့် ဒေါ်သက်သက်ခိုင်ထံတွင် အခမဲ့ရယူနိုင်ပါသည်။ ခွေဖြန့်လှူလိုလျှင်လဲ ဆက်သွယ်နိုင်ပါတယ်။

ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့သူတွေ .

သုတရသ မျှဝေမယ်
ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့သူတွေ
.
ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့တထောင်းထောင်းနဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ်
............................................
ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့ လာရပ်တယ် ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ် .
ဆိုင်အလုပ်သမားတစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲ က လည်း မောင်းထုတ်တော့တယ်
..................................
ဒါပေမဲ့ သူတောင်းစား က ကမန်းကတန်ူးရှင်းပြရှာတယ် “ကျွန်တော် လာတောင်း စား တာ မဟုတ်ပါဘူးခင်ဗျာ ပေါက်စီလာဝယ်တာပါ ” လို့ ကြောက်ကြောက်လန့်လန့် နဲ့ပြောရှာ ယင်း လက်ထဲ မှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကိုဖြန့်ပြရှာတယ် ဆိုင်အလုပ်သမားက နားမထောင်ပဲ အမြင်ကတ်ကတ်နဲ့ သူတောင်းစားလက်ကို ပုတ်ထုတ်ပစ်တော့ ပိုက်ဆံတွေ ကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေ ရော
................................
သူတောင်းစားလေးလဲ ကမန်းကတန်း နဲ့ အလန့်တကြားသူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာတယ်...ဒါပေမဲ့သူ့ပိုက်ဆံ က ၅၀ တန်တစ်ရွက်လို နေရော အောက်အကျမှာ သူ့ငါးဆယ်ကျပ်တန်လေးတစ်ရွက်က ဆိုင်ထဲ လွင့်ပါသွားတာ သူဘယ်လို ကုန်း ရှာ၇ှာ မတွေ့ ဘူးဖြစ်နေရော..
အဲ့အချိန်မှာပဲ
.
“ဒါ သင့်ရဲ့ ပိုက်ဆံ ဟုတ်ပါသ လားခင်ဗျာ ”
.
သူမော့ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင် ဦးလေး သဌေးကြီး ကိုယ်တိုင်ဖြစ်နေရော သူတောင်းစားလေးလဲ သာမှပြန်မပြောရဲတဲ့အပြင် သူ့ပိုက်ဆံ တောင်သူပြန် မယူရဲတော့ပဲ ဆိုင်ထဲ ကနေလှည့်ထွက်ပြေးမ လို့ပြင်ရှာတယ် ဒါပေမဲ့ သဌေးက သူ့ကို ရပ်ခိုင်းပြီး
.
“ ဝမ်းသာကြို ဆိုပါတယ် ဘာ အဆာသွပ်ပေါက်ဆီများ ရချင်ပါသလဲ ခင်ဗျာ ” လို့ ချိသာပြုံးရွင်စွာနဲ့ ကြိုဆိုယင် ပြောတယ် ...
.............................
သူတောင်းစားလည်း အံ့သြစွာ နဲ့ကြောင်နေရှာရော ပြီးတော့မှမဝံ့မရဲနဲ့ “ ကျွန်တော် ဝက်သားပေါက်စီတစ်လုံးရချင်လို့ပါခင်ဗျာ ” လို့ပြောရော သဌေး ကြီးက
.
“ အော်ရပါတယ် ခင်ဗျာ ခဏစောင့်ပါ ”ဆိုပြီ ပေါင်းအိုးထဲ ကပေါက်စီတစ်လုံးကို ယူပြီး သူတောင်းစားကို ထုတ်ပိုးပေးလိုက်ပါတယ် .
.
....................
ပြီးတော့မှ သူ့ရဲ့ အလုပ်သမားဖက်လှည့်ပြီးပြောတာ “ ဒါလား မင်းရဲ့ဖောက်သည်အပေါ် ဆက်ဆံ တဲ့ပုံစံ ???
.
“ သူက သူတောင်းစား လေ ခင်ဗျာ ” “ သူ့ဖာသာသူတောင်းစားမက လို့ ဘာပဲဖြစ်ဖြစ် ပေါ့ ငါတို့ ဆိုင်လာဝယ်ရင်ငါတို့ ရဲ့ဧည့်သည် ဖောက်သည်ပဲ ကွ ...မင်းကို ငါ အလုပ်ဖြုတ်တယ် ဆိုပြီး ..တန်းအလုပ်ထုတ်ပစ်ရော
.........................
အဲ့ဒီနောက်တော့ နောက်နေ့ တွေ မှာ ဆိုင်ကဖောက်သည်တွေ အံ့သြ လန့် ဖြန့်ကုန် စေတာကတော့ သဌေးကြီးဟာ အဲ့ဒီသူတောင်းစားလေးကို ဆိုင်အလုပ်သမားခန့်ထားလိုက်တာပါပဲ
.
ပြီးတော့ သူတောင်းစား လူငယ်လေးဟာ လည်း ဆံပင်မုတ်ဆိတ် တွေ ရှင်းပြီး သန့်သန့် ပြန်ပြန့်လေး ဝတ်စားဆင်ယင်လိုက်တော့ ခန့်ညား ကြည့်ကောင်းတဲ့ လူင
ယ်လေးဖြစ်နေယုံတင်မက ဘူး အရမ်းရိုးသားကြိုးစားပြီး ဆိုင်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အလုပ်သမားဖြစ်နေတော့တာပါပဲ ..
.....................
ဒါနဲ့ ဖောက်သည်တွေ က နောက်ကျတော့ ဆိုင်ရှင်သဌေးကြီးကိုမေးကြတာ “ ဒီကောင်လေး ဟာ ပတ္တမြားနွံနှစ် လေးပဲဖြစ်တယ် ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အကဲဖြတ် တာလဲ ” မီးခဲပြာဖုံး ဆိုတာ ဘယ်လိုသိနေတာလည်း ? ဆိုတော့ သဌေးကပြောတာ
.
“တကယ်တမ်းတော့ အရမ်းကိုလွယ်ပါတယ် သူဟာပေါက်စီကို လာတောင်းစားတာမဟုတ်ဘူး ပိုက်ဆံတွေ ခက်ခက်ခဲခဲ စုလာပြီး ပိုက်ဆံရှိတော့မှ ငါ့ ပေါက်စီ ကို လာဝယ်စား ကတည်းက သူ့ကိုယ်သူ လေးစားတဲ့သူဖြစ်တယ် ဆိုတာ သိနေ နိုင်တာပါပဲ” တဲ့
.............................
-----------------------
တစ်ပါးသူကို လေးစားတတ်တာဟာ မိမိ ကိုယ်ကိုယ်လေးစားတတ်ခြင်းပါပဲ
ကိုယ့်ကိုယ် ကို လေးစားတဲ့ သူမျှ သာလျှင် ကိုယ်လုပ် တဲ့ အလုပ်ကိုလေးစားတတ်မှာပဲ ဖြစ်ပါတယ် ခင်ဗျာ.
+++++++++++++++

ကချင်ပြည်နယ်မိုးညှင်းမြို့ မြို့မဈေးမဟာဘုံကထိန်ကံထူးရှင်ရွေးချယ်ပွဲကြီးမှအမှတ်တရပုံရိပ်များ

Jellystar Jellystar

ကချင်ပြည်နယ်မိုးညှင်းမြို့ မြို့မဈေးမဟာဘုံကထိန်ကံထူးရှင်ရွေးချယ်ပွဲကြီးမှအမှတ်တရပုံရိပ်များ
Phto-jellystar JellystarJellystar

ည(၁၁း၁၃)နာရီ။ ဒီကနေ့ညနေပိုင်း တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစားတွေဟာ earthquake တိမ် ဆိုတာထက် မိုးတိမ်တော်ငတွေနဲ့အတူတွဲဖြစ်တတ်တဲ့ mammatus တိမ်အမျိုးအစား ပိုဖြစ်နိုင်ပါတယ်။

Mammatus clouds
ပိုဖြစ်နိုင်တဲ့ တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစား
၃၀-၉-၂၀၁၅
ည(၁၁း၁၃)နာရီ။
ဒီကနေ့ညနေပိုင်း တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစားတွေဟာ earthquake တိမ် ဆိုတာထက် မိုးတိမ်တော်ငတွေနဲ့အတူတွဲဖြစ်တတ်တဲ့ mammatus တိမ်အမျိုးအစား ပိုဖြစ်နိုင်ပါတယ်။
Mammatus သို့မဟုတ် mammatocumulus တိမ်ဆိုသည်မှာတမ်တိုက်တစ်ခုရဲ့အောက်ခြေ တွင် ဖြစ်ပေါ်တတ်တဲ့ လုံးဝန်းသောပုံသဏ္ဍာန်ရှိတိမ်အမျိုးအစားဖြစ်ပါတယ်။ mammatus ဆိုသောစကားမှာ latin ဘာသာစကား mamma မှ ဆင်းသက်လာပြီး၊ နွားမ သို့မဟုတ် ဆိတ် တို့၏ နို့အုံ သို့မဟုတ် မိန်းမတို့၏သားမြတ် ဟု အဓိပ္ပါယ်ရပါတယ်။
Mammatus တိမ်များဟာ အများအားဖြင့် ပေခုံသဏ္ဍာန်(anvil shaped) ရှိသောတိမ် (သို့မဟုတ်) မိုးတိမ်တောင်(thunderstorm) တို့နှင့် အတူယှဉ်တွဲဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတစ်ရန်တွင်လည်း altocumulus, altostratus, stratocumulus တိမ်များမှလည်းဖြစ်ပေါ်တတ်ပါတယ်။ ရန်ဖန်ရန်ခါတွင်လည်း မီးတောင်များမှထွက်ရှိလာသော မီးတောင်ပြာမှုန်များကြောင့်လည်း ဖြစ်တတ်ကြပါတယ်။ အရေးကြီးတဲ့အချက်ကတော့ mammatus တိမ်တွေဟာ မိုးတိမ်တောင်နဲ့ယှဉ်တွဲဖြစ်ပေါ်ပါက ဒါဟာ အားကောင်းတဲ့ မိုးကြိုးမုန်တိုင်း (သို့)လေပြင်းတိုက်ခတ်မှု(သို့) လေဆင်နှာမောင်းလေပြင်တစ်ခုရဲ့ရှေ့ပြေး ဖြစ်တတ်ပါတယ်။
mammatus တိမ်နဲကအတူယှဉ်တွဲဖြစ်ပေါ်နေတဲ့ မိုးတိမ်တောင်တစ်ခုကိုတွေ့ရပါက အဆိုပါတိမ်အနီးပတ်ဝန်းကျင်မှာ ပြင်ထန်တဲ့အထက်အောက်လေရွဲ့စောင်းမှု (vertical wind shear) ရှိတတ်တာကြောင့် လေယာဉ်များအနေနဲ့ ဝေးရာကို အထူးရှောင်ရှားသွားရလေ့ ရှိပါတယ်။
Mammatus တိမ်များဟာ များသောအားဖြင့် နုးညံ့တဲ့ပုံသဏ္ဍာန်ရှိတဲ့တိမ်များဖြစ်ကြပြီး၊ အများအားဖြင့်လည်း အလင်းပိတ်တိမ်များဖြစ်တတ်ကြပါတယ်။ mammatus တိမ်တွေဟာ ကီလိုမီတာပေါင်းများစွာဝေးကွာတဲ့ဒေသတလျှောက် ပြန့်ကျဲဖြစ်တတ်ကြသလို မျဉ်းတပြေးတည်း ပေါ်မှာ အရွယ်အစားအမျိုးမျိုးများနဲ့ စုဝေးပြီးတော့လည်းဖြစ်တတ်ကြပါတယ် mammatus တိမ်လုံးတစ်ခုဟာ အချင်း 1-3 km အလျားရှိတတ်ပြီး ပျမ်းမျှအချင်းဝက်ကတော့ 0.5 km ခန့်ရှီတတ်ကြပါတယ်။ တိမ်လုံးတစ်လုံးဟာ အများအားဖြင့် (၁၀)မီနစ်ခန့်သာကြာမြင့်တတ်ပါတယ်။ အစုအဝေးကြီးတစ်ခုလုံးအနေဖြင့်တော့ 15 min မှ နာရီအတော်အတန်ကြာအောင် ကြာမြင့်တတ်ပါတယ်။ အဲဒီတိမ်တွေဟာ ရေခဲပွင့်တွေ၊ ဒါမှမဟုတ် ရေခဲပွင့်နဲရေရောရာ၊ သို့မဟုတ် ရေသန့်သန့် တို့ဖြင့် ဖွဲ့စည်းတည်ဆောက် ထားလေ့ရှိပါတယ်။
အရေးကြီးတဲ့အချက်တစ်ခုကတော့ mammatus တိမ်တွေဟာ များသောအားဖြင့် မုန်တိုင်းတစ်လုံး ဒါမှမဟုတ် လွန်ကဲရာသီဥတုဖြစ်စဉ်တစ်ခုတို့ရဲ့ရှေ့ပြေးဖြစ်နေတတ်ခြင်းဖြစ်ပါတယ်။ အကယ်၍ ရေခဲများဖြင့်သာ ဖွဲ့စည်းထားပါက mammatus တိမ်တွေဟာ အလျားမိုင်ရာချီပြီး ပြန့်ထွက် နေတတ်ပြီး တိမ်လုံးတစ်လုံးချင်းဟာလည်း 10-15 min ခန့်အထိ သက်တမ်းရှိတတ်ကြပါတယ်။
ဒီကနေ့ တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်ဟာ Earthquake cloud ထက် Mammatus Cloud ဖြစ်ဖို့ ပိုသေချာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
Tun Lwin's post.

ပြည်သူ့အတွက် NDFဖြစ်စေရပါမည်ဟုမိုးညှင်းNDF ကိုယ်စလှယ်ပြော

ပြည်သူ့အတွက် NDFဖြစ်စေရပါမည်ဟုမိုးညှင်းNDF
ကိုယ်စလှယ်ပြော

Mohnyin Today's post.

ရဲတပ်ဖွဲ့နေ့

Tuesday, September 29, 2015

ဗုဒ္ဓဘာသာဝင်တိုင်းသိထားရမည့် စေတသိက်များ

ဗုဒ္ဓဘာသာဝင်တိုင်းသိထားရမည့်
စေတသိက်များ

Foe Cho's photo.


Foe Cho's photo.

“ဖားကန့်လမ်းဆိုးရွာစွာပျက်စီး”

7Day News Journal a

“ဖားကန့်လမ်းဆိုးရွာစွာပျက်စီး”
မြစ်ကြီးနားမှ ဖားကန့်သို့သွားသောလမ်းမှာ ဆိုးရွားစွာပျက်စီးနေသဖြင့် ကုန်တင်ကားများသွားလာရာ ၁၀ရက်မျှပင်ကြာမြင့်လျှက်ရှိကြောင်းဒေသခံများ ကဆိုသည်။ မြစ်ကြီးနားဖားကန့်လမ်းဆိုးရွားစွာပျက်စီးနေသဖြင့် နမ့်ယားရွာအနီးမှစတင်ကာ လယ်ပြင်ရွာအထိ ကားအစီးရေ ၄၀၀ကျော်မှာ စက်တင်ဘာ ၂၈ရက်ကတည်းကပိတ်မိနေသည်။
ဓာတ်ပုံ- မရန်

လပတ်အစည်းအဝေးနှင့် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကျင်းပနိုင်ရန်အစည်းအဝေးကျင်းပ **********************************************************


လပတ်အစည်းအဝေးနှင့် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကျင်းပနိုင်ရန်အစည်းအဝေးကျင်းပ
**********************************************************
မိုးညှင်း စက်တင်ဘာ ၂၉
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဘသ လပါတ်အစည်းအဝေးနှင့်
အမျိုးစောင့်ဥပဒေအောင်ပွဲကျင်းပနိုင်ရန် အစည်းဝေးကို ဒီနေ့နေ့လည် ၁ နာရီတွင် မိုးညှင်းမြို့ထီးလင်းကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
အဆိုပါအခန်းအနားကို ပြည်နယ်သံဃာမဟာနယက ကံဦးကျောင်းဆရာတော်အပါအဝင် မြို့ပေါ်ကျောင်းထိုင်ဆရာတော်များနှင့် မိုးညှင်းမြို့နယ် အတွင်း အင်းတော်ကြီးဒေသ၊ ဟိုပင်ဒေသ ၊ နမ္မားတိုက်နယ် ၊
မော်ဟန်နယ်၊ နန့်စီးအောင် ဒေသ တို့မှ ထေရ်ကြီးဝါကြီး ကျောင်းထိုင်ဆရာတော် ၅၅ ပါးအပါအဝင် သံဃာတော် အပါး ၁၀၀ကျော် နှင့်အတူ သီလရှင် ဆရာလေးများ မြို့မိမြို့ဖများနှင့်အတူ လူပုဂ္ဂိုလ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အခန်းနား မှူးအဖြစ် မိုးညှင်း ကံဦးကျောင်းတိုက် ဦးပညာစက္က ကဆောင်ရွက်ခဲ့ပြီး
အစီအစဉ်အရ
အခန်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ကြပြီး
အစီအစဉ် ၂ အရ ပြည်နယ်သံဃမဟာနာယက ဦးပညောဘာသ ကံဦးကျောင်းဆရာတော်မှ သြဝါဒ ပေးခြင်း
မိုးညှင်းမြို့နယ် မဘသ ဥက္ကဌ ထီးလင်းဆရာတော်မှ စီတန်းလှည့်လည်ခြင်းအခန်းအနား ဆိုင်ရာသြဝါဒ ပေးခြင်း
မိုးညှင်းမဘသ ပြန်ကြားရေးဌာန ဦးသြသဓ မှ စီတန်းလှည့်လည်ခြင်းပုံစံရှင်းပြခြင်း။
မိုးညှင်းမဘသ တွဲဖက်အတွင်းရေးမှူး ဦးကောဝိဒ (ပညာရောင်ခြည်စာသင်တိုက် ) မှ စီတန်းလှည့်လည် ပွဲအတွင်း ကော်မတီဖွဲ့စည်းခြင်းလူစာရင်းကို ဖတ်ကြားခြ
င်း
နှင့် ဟိုပင် ဆရာတော်ကြီးမှ အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး
နေ့လည် ၂း၃၀ တွင် အခန်းအနားကို *ဗုဒ္ဓသာသနာ စိရံတိဌတု *သုံးကြိမ်ရွတ်ဆိုပြီ အခန်းအနား ကို ရုတ်သိမ်းခဲ့ပါတယ်။
မိုးညှင်းမြို့တွင် မျိုးစောင့်ဥပဒေ အထိန်းအမှတ်အောင်ပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက် 1/10/2015 နေ့လည် ၁ နာရီမှ ညနေ့ ၄ နာရီ အထိ ကျင်းပပါမည်။
စု ရပ် မြို့မရပ် မြသိန်းတန် ဘုရား အရှေ့မုဒ် မှ တောင်ဘက် ပြည်ထောင်စုလမ်းမကြီးမှ ထီးလင်းသာသနာ့ဗိမာန်ကျောင်းအထိ လှည့်လည်မှာဖြစ်ပါတယ်။
ကျော်ထူး (ထီးလင်း ) PAM
photo hy စိုးထွေးအောင် အံ့ဘွယ် မိုးညှင်းမဘသ

Monday, September 28, 2015

မိုးညှင်းတွင်မြို့နယ်အုပ်ချုပ်ရေးမှုးတာဝန်ထမ်းဆောင်သွားသောဦးစိုင်းစံဝင်း

မိုးညှင်းတွင်မြို့နယ်အုပ်ချုပ်ရေးမှုးတာဝန်ထမ်းဆောင်သွားသောဦးစိုင်းစံဝင်းမိုးညှင်းgolferဟောင်းတစ်ဦးယခုအချိန်တွင်ကျောက်ကပ်ပျက်စီးနေ၍ဆေးဝါးကုသရာတွင်မိုးညှင်းမြို့ရှိgolferအချို့မှစေတနာရှေ့ထားပြီးမေတ္တာဖြင့်အောက်ပါစာရင်းအတိုင်းပါဝင်လှုဒါန်းငွေအားနောင်ချိုရှိသူငယ်ချင်းမှတဆင့်ပေးအပ်လှုဒါန်းပြီးဖြစ်ပါကြောင်း ခရိုင်အုပ်ချုပ်ရေးမှုးဦးအောင်စိုးမိုးတစ်သိန်းကျပ်တိတိ အမြောက်တပ်ရင်းမှုးဒုဗိုလ်မှူးကြီးရဲထွဒ်သုံးသောင်းကျပ်တ်တိ မြို့နယ်စည်ပင်မှEeဝင်းဦးငါးသောင်းကျပ်တ်တိ ဦးစိုင်းမြင့်စိုး MDဆေးဆိုင်မှငါးသောင်းကျပ်တိတိ ကိုမျိုးသန့်လင်းမိုးသောက်ကြယ်သဲရောင်းဝယ်ရေးနှစ်သောင်းကျပ်တိတိစုစုပေါင်းနှစ်သိန်းငါးသောင်းကျပ်တိတိပေးပို့လှုဒါန်းပြီးဖြစ်ပါကြောင်းနှင့်ကျန်အလှုငွေများဆက်လက်လက်ခံရရှိပြီးပါထပ်မှန်ပေးပို့လှုဒါန်းသွားမည်ဖြစ်ပါကြောင်းအားလုံးကိုအသိပေးအပ်ပါသည် MD Bawn Ying's post.

✿ ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာများ ✿ ════════════════════════════════

✿ ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာများ ✿
════════════════════════════════
ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။ ၎င်းတို့မှာ...
(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။
(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။
(ဖာယီယန်၏ မှတ်တမ်းအရ)
(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။
(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။
(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။
(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။
(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။
မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွသုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။
ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။
ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကိုတံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။
သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီးတောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။
သတင်းချစ်သူ

'Hotel Mohnyin' Hotel & Restaurant


'Hotel Mohnyin'
Hotel & Restaurant
 

ဟိုတယ်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် Esperado Hotel Groupမှ ၀န်ထမ်းများ ခေါ်ယူနေပါတယ်..


ဟိုတယ်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် Esperado Hotel Groupမှ ၀န်ထမ်းများ ခေါ်ယူနေပါတယ်..
အလုပ်ခေါ်ကြော်ငြာများကို အခွင့်အလမ်းဂျာနယ် website ဖြစ်သည့် www.opportunity.com.mm တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Sunday, September 27, 2015

ထီးလင်းရေကြည်တော်ခပ်သွား ပုံရိပ်

Mohnyinlugyi Mc

ဘီလူးမြို့...မြသပိတ်ဆွမ်း၊ရေကြည်တော်ခပ်။

ဘီလူးမြို့...မြသပိတ်ဆွမ်း၊ရေကြည်တော်ခပ်။

Kyawnaing Yeu's post.

၂၆.၉.၂၀၁၅တွင် သူရိယပညာရေးဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာနှင့်ကွန်ယက်ဖော်ဆောင်ခြင်း ဆွေးနွေးပွဲကို မနက်၉နာရီမှညနေ၄း၃၀ထိ ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် လူငယ်များအသိပညာ၊အတွေးအခေါ်၊စကားပြောစွမ်းရည်

သူရိယပညာရေး ဖောင်ဒေးရှင်း
၂၆.၉.၂၀၁၅တွင် သူရိယပညာရေးဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာနှင့်ကွန်ယက်ဖော်ဆောင်ခြင်း ဆွေးနွေးပွဲကို မနက်၉နာရီမှညနေ၄း၃၀ထိ ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် လူငယ်များအသိပညာ၊အတွေးအခေါ်၊စကားပြောစွမ်းရည် များမြင့်တင်စေရန်၊ တက်ရောက်လာသောအဖွဲ့များနှင့်ရှေ့ဆက်လက်တွဲပြီး လူငယ်ရေးရာဆွေးနွေးပွဲများ ပြုလုပ်ကြရန်၊ လူငယ်နှင့်စာဖတ်ခြင်း စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲသို့ ထုံးရေပေါက်ကျေးရွာ(ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း)မှ ၆ဦး၊ နန့်စော်လော်ပရဟိတလူမှုကူညီရေးအသင်းမှ ၆ဦး၊ သူရိယပညာရေးဖောင်ဒေးရှင်းမှ လူငယ်များ၊ မြန်မာစာအငြိမ်းစားဆရာမကြီး ဒေါ်ခမ်းကျန်၊ မသင်းသင်းစိုး၊ကိုဌေးဝင်းလှိုင်နှင့်လေ့လာသူများ တက်ရောက်ဆွေးနွေးကြသည်။

ဦးရာကျော်(ဇနီး ) ဒေါ်မဲကြွယ် တို့၏၃ခန်း ၂ ခန်း ပျဉ်ထောင်အိမ်သည် ဒီနေ့ နံနက် ၄း၃၀ မှစတင်မီးလောင်းကျွမ်းပြီး

မိုးညှင်း ဘုန်းကြီးကျောင်းသားလေး
မိုးညှင်း ဗောဓိကုန်းရွာ၌ မီးလောင်မူဖြစ်ပွား
***********************************
စက်တင်ဘာ ၂၈ မိုးညှင်း
ကချင်ပြည်နယ် မိုးညှင်းမြို့ ဗောဓိကုန်းရွာ
ဦးရာကျော်(ဇနီး ) ဒေါ်မဲကြွယ် တို့၏၃ခန်း ၂ ခန်း ပျဉ်ထောင်အိမ်သည်
ဒီနေ့ နံနက် ၄း၃၀ မှစတင်မီးလောင်းကျွမ်းပြီး
၅း၄၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
အင်ဗာတာ မီးအားမြင့်စက်မှ စတင်လောင်ကျွမ်းခဲ့တယ်လို့ အိမ်ရှင် ဦးရာကျော် အသက် ( ၇၇) ပြောပြချက်အရ သိရှိရပါတယ်။
ကျော်ထူး (ထီးလင်း ) PAM