Saturday, September 26, 2015

ဝိပဿနာ ရှုတတ်ရင် ============

ဝိပဿနာ ရှုတတ်ရင်
============
အာရုံခြောက်ပါးကို ခံစားရင်း ၀ိပဿနာရှုတတ်ရင် ကုသိုလ်ရပြီး မဂ်ဖိုလ်ရတယ်။
ဝိပဿနာမရှုတတ်ရင် အာရုံခြောက်ပါးအပေါ်မှာ တပ်မက်တဲ့ တဏှာပေါ်ပြီး အကုသိုလ်ဖြစ်လို့ အပါယ်ကျတယ်။
ဉာဏ်အဓိက
=========
ဝိပဿနာတရားဆိုတာ ဉာဏ်ပညာအရာသာဖြစ်တော့ သားရေး၊ သမီးရေး၊ စီးပွားရေး၊ လူမှုရေးနဲ့တွဲပြီး ရှုပွားလို့ရတယ်။ သမထလို အလုပ်မရှုပ်ဘူး။
ဉာဏ်ပညာမပါရင် မဂ်ဖိုလ်မရနိုင်
=======================
ဝိပဿနာကို လောကီစီပွားရေးတွေလို ဉာဏ်မပါဘဲ ၀ီရိယတစ်ခုတည်းအားကိုးပြီး ကြုံးရုန်းလုပ်ရင် ရမယ်လို့ထင်နေကြတယ်၊ ဉာဏ်ပညာမပါရင် မဂ်ဖိုလ်ကို ဘယ်လိုမှမရနိုင်ဘူး။
ဝိပဿနာတရားမှာ ဉာဏ်ပညာက ခေါင်းဆောင်ဘဲ ၀ီရိယတို့၊ သတိတို့၊ သမာဓိတို့က နောက်လိုက်ဘဲ၊ ပဒပရမလို့ခေါ်တဲ့ ဒွိဟိတ်ပုဂ္ဂိုလ်တွေ ဒီဘ၀မှာ မဂ်ဖိုလ်မရတာဟာ ဉာဏ်ပညာမရှိလို့ပါ၊ ၀ီရိယ၊ သတိ၊ သမာဓိ မရှိလို့မဟုတ်ပါဘူး။
ပညာဦးဆောင်သော နည်းကချမ်းသာ
==========================
ဝိသာခါသူဌေးကြီး၏ ရှုပွားနည်းကို ၀ိပဿနာယာနိကနည်းဟုခေါ်၏။ ပညာဦးဆောင်၏။ ၀ီရိယ၊ သတိ၊ သမာဓိ တို့ကနောက်လိုက်၏။
ဓမ္မဒိန္နာ သူဌေးကတော်ကြီး၏ ရှုပွားနည်းကို သမထယာနိက ၀ိပဿနာဟုခေါ်၏။ ထိုနည်း၌ သမာဓိဦးဆောင်၏။ ပညာ၊ သတိ၊ ၀ီရိယတို့က နောက်လိုက်၏။
သို့သော် သမာဓိဦးဆောင်သောနည်းက အနည်းငယ်ဆင်းရဲခံရ၏။ ပညာဦးဆောင်သောနည်းက ချမ်းသာ၏။ ဤမျှသာထူး၏။
မေတ္တာရှင်(ရွှေပြည်သာ)

No comments:

Post a Comment