သူရိယပညာရေး ဖောင်ဒေးရှင်း
၂၆.၉.၂၀၁၅တွင်
သူရိယပညာရေးဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော
လူငယ်ရေးရာနှင့်ကွန်ယက်ဖော်ဆောင်ခြင်း ဆွေးနွေးပွဲကို မနက်၉နာရီမှညနေ၄း၃၀ထိ
ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင်
လူငယ်များအသိပညာ၊အတွေးအခေါ်၊စကားပြောစွမ်းရည် များမြင့်တင်စေရန်၊
တက်ရောက်လာသောအဖွဲ့များနှင့်ရှေ့ဆက်လက်တွဲပြီး လူငယ်ရေးရာဆွေးနွေးပွဲများ
ပြုလုပ်ကြရန်၊ လူငယ်နှင့်စာဖတ်ခြင်း စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးကြသည်။
ထိုဆွေးနွေးပွဲသို့
ထုံးရေပေါက်ကျေးရွာ(ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း)မှ ၆ဦး၊
နန့်စော်လော်ပရဟိတလူမှုကူညီရေးအသင်းမှ ၆ဦး၊ သူရိယပညာရေးဖောင်ဒေးရှင်းမှ
လူငယ်များ၊ မြန်မာစာအငြိမ်းစားဆရာမကြီး ဒေါ်ခမ်းကျန်၊
မသင်းသင်းစိုး၊ကိုဌေးဝင်းလှိုင်နှင့်လေ့လာသူများ တက်ရောက်ဆွေးနွေးကြသည်။



No comments:
Post a Comment