Saturday, September 26, 2015

ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမပါလ စာမေးပွဲကျင်းပနိုင်ရေ ကြိုင်တင်ညှိနိုင်းစီးဝေးကျင်းပ

မိုးညှင်း ဘုန်းကြီးကျောင်းသားလေး

ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမပါလ စာမေးပွဲကျင်းပနိုင်ရေ ကြိုင်တင်ညှိနိုင်းစီးဝေးကျင်းပ
********************************************
စက်တင်ဘာ၂၆ မိုးညှင်း
ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမပါလ စာမေးပွဲကျင်းပနိုင်ရေးကြိုတင်ညှိနိုင်းအစည်းအဝေးကို ဒီနေ့နေ့လည် (၁ )နာရီအချိန်တွင် မိုးညှင်းမြို့ နတ်ကြီးကုန်းရပ်ကွက် ဗုဒ္ဓပီယ ကျောင်း အတွင်း ကျင်းပခဲ့သည်။
အဆိုပါ အခန်းအနားကို
မိုးညှင်းမြို့ပစ္ဆိမာရုံ ရိပ်သာ ဆရာတော်
ဝါဆိုကျောင်းတိုက်ဆရာတော်
ကံဦးကျောင်းတိုက်ဆရာတော် စသည့် ဆရာတော်ကြီးများအပါ အဝင် မိုးညှင်းမြို့နယ်ရှိ ဆရာတော် အပါး ၅၀ နှင့်အတူ ဌာန ဆိုင်ရာဝန်ထမ်းများတက်ရောက်ကြပါတယ်။
အခန်းအနား တွင် စာမေးပွဲကျင်းပစဉ်အတွင်း လိုအပ်ချက်များနှင့် လုပ်ဆောင်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆရာတော်ကြီးများက အကြံပြုဆွေးနွေးကြပါသည်။
မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးကလည်း အကြုံပြုဆွေးနွေးခဲ့ကြောင်း အစည်းအဝေးအတွင်း သိရှိရပါတယ်။
ကျော်ထူး(ထီးလင်း ) P.A.M

No comments:

Post a Comment