Itizen Weekly's post.
- မိုးမြင့်ကြယ် -
စမတ်ဖုန်းအသစ်တစ်လုံး ၀ယ်တော့မယ်ဆိုရင် ဒေတာနက်ဝပ် အမျိုး အစား တစ်ခုကို ရွေးချယ်ဖို့ လိုပါတော့မယ်။ လက်ရှိသုံးနေကြတဲ့ 3G နဲ့ 4G အကြောင်းကို နားလည်လွယ်အောင် ရှင်းပြပါမယ်။
သာမန် သုံးစွဲသူတစ်ယောက်အတွက် 3G နဲ့ 4G ဆိုတဲ့ အသုံးအနှုန်း အဓိပ္ပာယ်ကို
မိုဘိုင်းနည်းပညာ အဘိဓာန်ထဲမှာ ရှာကြည့်လို့ ရပါတယ်။ ဆိုင်တွေမှာ ဖုန်းတွေ
တက်ဘလက်တွေ ရောင်းကြတဲ့အခါ ဒီစာလုံး တွေကို မရပ်မနား ပြောဆိုတာ
ကြားရပါလိမ့်မယ်။ တကယ်လို့ ဖုန်းအသစ်တစ်လုံး ၀ယ်တော့မယ်ဆိုရင် 3G နဲ့ 4G
ကို ဘယ်ဟာ သုံးရမလဲဆိုတာ တိတိကျကျ မရွေးချယ်နိုင်ပါဘူး။ များသောအားဖြင့်
နံပါတ်ပိုမြင့်တဲ့ 4G ကို ရွေးချယ်ဖို့လည်း မြန်မြန် မဆုံးဖြတ်ပါနဲ့ဦး။
ဘယ်ဟာ ရွေးချယ်သုံးရမလဲ ဆိုတာ သိနိုင်ဖို့ 3G/4G တို့ရဲ့ အကြောင်းနဲ့
နည်းပညာကို ပထမဦးဆုံး သိထားဖို့လိုပါမယ်။
** 3G နဲ့ 4G ရှင်းလင်းချက်
ပထမဆုံး ရှင်းလင်းချင်တာက မိုဘိုင်းနည်းပညာရဲ့ မျိုးဆက်လို့ ပြောလို့ရတဲ့ G (Generation) မျိုးဆက်ဆိုတဲ့ စာလုံးပါ။ ဖုန်းနဲ့ ဆဲလူလာ နက်ဝပ်တွေမှာ သုံးပါတယ်။ ဖုန်းတိုင်းမှာ ဘယ်မျိုးဆက် ဆိုတာ သိဖို့ G တွေနဲ့ သတ်မှတ်ပေးပါတယ်။ G နံပါတ်မြင့်လာလေ အဆင့်မြင့်လာတဲ့ အတွက် ကုန်ကျစရိတ် ပိုမြင့်လာလေ ဖြစ်ပါတယ်။ ပထမဆုံး မျိုးဆက်က Analog Cell Phone အတွက် (1G) ဖြစ်ပြီး ဒစ်ဂျစ်တယ်ဖုန်းအတွက် (2G) ဖြစ်ပါတယ်။ ဒါတွေက ကျော်လွန်ခဲ့ပြီးပါပြီ။
တတိယမျိုးဆက် မိုဘိုင်းနက်ဝပ်က Third Generation လို့ခေါ်တဲ့ (3G) ဖြစ်ပြီး ၂၀၀၃ ခုနှစ်ကစပြီး အမေရိကားမှာ သုံးပါတယ်။ အနိမ့်ဆုံး အင်တာနက်နှုန်း 144Kbps ပါရှိပြီး 3G ဆိုရင် mobile broadband ပါလာပါပြီ။ အခုဆိုရင် 3G အမျိုးအစားပေါင်း များစွာ ကွဲထွက်လာပြီး အင်တာနက် ချိတ်ဆက်နှုန်း 400Kbps ကနေ စတင်အသုံးပြုနိုင်ပြီး သူ့ထက် ဆယ်ဆ မြန်တဲ့နှုန်းအထိ အသုံးပြုနိုင်လာပါတယ်။
မျိုးဆက်သစ် ဆိုရင် အခြေခံပါရမယ့် နည်းပညာသစ်တွေ ပါဝင်လာ ရပါ မယ်။ ဒေ
တာ အသုံးပြုသူတွေ အတွက်
နက်ဝပ်စွမ်းရည် ပိုပေးလာနိုင်မှာ လည်း ဖြစ်ပါတယ်။ ပေးပို့လိုက်တဲ့
အသံတွေဆိုရင်လည်း ပိုမိုကြည်လင် ပီသပြီး ကောင်းကောင်း ကြားရပါမယ်။ 4G
ဖုန်းတွေက 3G တွေထက် ပိုမြန်မယ်လို့ ထင်ရပေမယ့် အမြဲ မမှန်ပါဘူး။ 4G
မှာလည်း နည်းပညာ အမျိုးအစားများစွာ ရှိနေသေးပါတယ်။ အချို့
အသုံးအနှုန်းတွေဟာ အဓိပ္ပာယ် ဖွင့်ထားတာ မရှိပါဘူး။ အပြည်ပြည် ဆိုင်ရာ
တယ်လီကွန်မြူနီ ကေးရှင်းယူနီယံ (ITU) ကနေ 4G လို့ခေါ်နိုင်ဖို့ လိုအပ်တဲ့
အချက် အလက်တွေကို ထုတ်ပြန်ပေးထားပါတယ်။ ဒါပေမယ့် လိုက်နာတာ နည်းပါတယ်။ 4G
နည်းပညာတွေထဲမှာ HSPA+ 21/42 ၊ WiMAX နဲ့ LTE တို့ ပါဝင်ရပါမယ်။
တချို့ကလည်း LTE ပါရင် 4G လို့ ပြောလို့ရ တယ်လို့ အလွယ်တကူ သတ်မှတ်ကြပေမယ့်
အချို့ကလည်း 4G အရည်အသွေးရှိဖို့ အဲဒါတွေ တစ်ခုမှ မဟုတ်ဘူးလို့လည်း
ပြောကြတယ်။
LTE ကို ရှင်းပြဖို့ မတူညီတဲ့ နည်းလမ်းတွေ ရှိပါတယ်။ LTE အားလုံး ရဲ့speed ဟာ အတူတူပဲလို့လည်း မယူဆလိုက်ပါနဲ့ဦး။ LTE အတွက် ဒေတာတွေကို သယ်ဆောင်ပေးမယ့် ရေဒီယိုလှိုင်းတွေ ပိုမို ရနိုင်တဲ့ အတွက် သာမန် spectrum နည်းတဲ့ လှိုင်း သယ်ဆောင်တာထက် ပိုပြီး နက်ဝပ်ဒေတာတွေကို ပိုမိုမြန်ဆန်စွာ သယ်ဆောင်ပေးပါတယ်။
LTE အကြောင်းတွေ၊ 4G အတွက် ကမ္ဘာ့စံသတ်မှတ်ချက်က ဘာလဲ နဲ့ ထူးခြားလာတဲ့ နည်းပညာတွေ အကြောင်း ဆက်ပါဦးမယ်။
- ဆက်လက် ဖော်ပြပါမည် -
** 3G နဲ့ 4G ရှင်းလင်းချက်
ပထမဆုံး ရှင်းလင်းချင်တာက မိုဘိုင်းနည်းပညာရဲ့ မျိုးဆက်လို့ ပြောလို့ရတဲ့ G (Generation) မျိုးဆက်ဆိုတဲ့ စာလုံးပါ။ ဖုန်းနဲ့ ဆဲလူလာ နက်ဝပ်တွေမှာ သုံးပါတယ်။ ဖုန်းတိုင်းမှာ ဘယ်မျိုးဆက် ဆိုတာ သိဖို့ G တွေနဲ့ သတ်မှတ်ပေးပါတယ်။ G နံပါတ်မြင့်လာလေ အဆင့်မြင့်လာတဲ့ အတွက် ကုန်ကျစရိတ် ပိုမြင့်လာလေ ဖြစ်ပါတယ်။ ပထမဆုံး မျိုးဆက်က Analog Cell Phone အတွက် (1G) ဖြစ်ပြီး ဒစ်ဂျစ်တယ်ဖုန်းအတွက် (2G) ဖြစ်ပါတယ်။ ဒါတွေက ကျော်လွန်ခဲ့ပြီးပါပြီ။
တတိယမျိုးဆက် မိုဘိုင်းနက်ဝပ်က Third Generation လို့ခေါ်တဲ့ (3G) ဖြစ်ပြီး ၂၀၀၃ ခုနှစ်ကစပြီး အမေရိကားမှာ သုံးပါတယ်။ အနိမ့်ဆုံး အင်တာနက်နှုန်း 144Kbps ပါရှိပြီး 3G ဆိုရင် mobile broadband ပါလာပါပြီ။ အခုဆိုရင် 3G အမျိုးအစားပေါင်း များစွာ ကွဲထွက်လာပြီး အင်တာနက် ချိတ်ဆက်နှုန်း 400Kbps ကနေ စတင်အသုံးပြုနိုင်ပြီး သူ့ထက် ဆယ်ဆ မြန်တဲ့နှုန်းအထိ အသုံးပြုနိုင်လာပါတယ်။
မျိုးဆက်သစ် ဆိုရင် အခြေခံပါရမယ့် နည်းပညာသစ်တွေ ပါဝင်လာ ရပါ မယ်။ ဒေ


LTE ကို ရှင်းပြဖို့ မတူညီတဲ့ နည်းလမ်းတွေ ရှိပါတယ်။ LTE အားလုံး ရဲ့speed ဟာ အတူတူပဲလို့လည်း မယူဆလိုက်ပါနဲ့ဦး။ LTE အတွက် ဒေတာတွေကို သယ်ဆောင်ပေးမယ့် ရေဒီယိုလှိုင်းတွေ ပိုမို ရနိုင်တဲ့ အတွက် သာမန် spectrum နည်းတဲ့ လှိုင်း သယ်ဆောင်တာထက် ပိုပြီး နက်ဝပ်ဒေတာတွေကို ပိုမိုမြန်ဆန်စွာ သယ်ဆောင်ပေးပါတယ်။
LTE အကြောင်းတွေ၊ 4G အတွက် ကမ္ဘာ့စံသတ်မှတ်ချက်က ဘာလဲ နဲ့ ထူးခြားလာတဲ့ နည်းပညာတွေ အကြောင်း ဆက်ပါဦးမယ်။
- ဆက်လက် ဖော်ပြပါမည် -
No comments:
Post a Comment