Supermoon Eclipse
မမြင်ဖူးတော့ မူးမြစ်ထင်
၂၇-၉-၂၀၁၅
နံနက်(၈း၂၄)နာရီ။
စက်တင်ဘာလ(၂၇)ရက်ညမှာ perigee full moon လို့ခေါ်တဲ့
ကမ္ဘာနဲ့အနီးဆုံးကိုချဉ်းကပ်လာမယ့် "ငွေစန္ဒာလရထားရဲ့ အလှပြပွဲ (" the
closest full moon of the year.") " ကို ကမ္ဘာသူ
ကမ္ဘာသားများကြုံတောင့်ကြုံခဲတွေ့မြင်ကြရတော့မှာပါ။
ဒါပေမယ့် ထူးခြားတဲ့ တိုက်ဆိုင်မှုကတော့ ဒီညတွေ့ရမယ့် supermoon ဟာ လကြတ်ခြင်း နဲ့အတူ တပြိုင်နက် ယှဉ်တွဲတွေ့ရမှာမို့ သူဟာတကယ်တော့ Supermoon eclipse ဖြစ်နေတာပါပဲ။ ဒီကနေ့ညတွေ့ရမယ့် supermoon eclipse ဟာ အချိန် စုစုပေါင်း (၁)နာရီ (၁၁)မီနစ်ကြာမှာမို့ အချိန်ကြာတဲ့ ဖြစ်စဉ်ဖြစ်လာမှာပါ။ ဒါပေမယ့် ကမ္ဘာသူကမ္ဘာသားတွေက ဒီထက် နည်းနည်းအချိန်ပိုကြာတဲ့ supermoon eclipse ကိုတွေ့ခဲ့ကြဘူးပြီးသားပါ။
ဒီည ဖြစ်စဉ်ကို တောင်နဲ့မြောက်အမေရိကတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက် နဲ့ အာရှအနောက်ပိုင်းဒေသအချို့တို့မျတွေ့မြင်နိုင်ကြမှာဖြစ်ပါတယ်။ ညပိုင်း အမှောင်ကျရောက်မှတွေ့မြင်ကြရမယ့် supermoon eclipse ဟာ 8:11 pm (ET) (20:41 MST)မှာစတင်တွေ့ကြရပြီး 10:11 pm(ET) (22;41 pm MST)မှာ လုံးဝလကြတ်မှာဖြစ်ပြီး 10;47 pm(ET) (23: 17 pm MST):မှာ လကြတ်မှုအမြင့်ဆုံးကိုရောက်ရှိမှာဖြစ်ပါတယ်။
Supermoon eclipse ဟာ ကြုံတောင့်ကြုံခဲဖြစ်စဉ်ဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း(၅)ကြိမ်(၁၉၁၀၊ ၁၉၂၈၊ ၁၉၄၆၊ ၁၉၆၄ နဲ့ ၁၉၈၂) သာဖြစ်ခဲ့ဖူးပါတယ်။ supermoon ဖြစ်နေစဉ်မှာ လမင်းကြီးဟာ ၁၄% ပိုကြီးလာပြီး၊ ၃၀% ပိုမိုတောက်ပစွာ မြင်ကြရမှာဖြစ်ပါတယ်။ ဒီနှစ်ပြီးလို့နောကတစသ်ကြိမ်ထပ်မြင်ရဖို့ဆို
ရင် ၂၀၃၃ အထိ
စောင့်ကြရဦးမှာဖြစပါတယ်။
လူသားသမိုင်းတလျှောက်မှာတော့ supermoon eclipse ကို အံ့ကြဖွယ်၊ တုန်လှုပ်ဖွယ် ဖြစ်ရပ် တစ်ခုအဖြစ်သိမြင်ခံစားကြပါတယ်။ အကြောင်းကတော့ supermoon eclipse ဖြစ်နေစဉ်မှာ လမင်းကြီးဟာ အတောက်ပဆုံး နဲ့ အမှောင်အတွင်း အကျရေ/ာက်ဆုံး ၀ိရောဓိဖြစ်စဉ်နှစ်ခုကို တပြိုင်တည်းကြုံတွေ့နေခိုင်ဖြစ်တဲ့အတွက် အရောင်အဆင်းဟာ လုံးဝမှောင်မဲမသွားပဲ အနီရင့်ရောင်လွှမ်းနေတတ်လေ့ရှိပါတယ်။ ဒါကြောင့်လူသားများက supermoon eclipse ကို နမိတ်ဆိုးတစ်ခုအဖြစ် Blood moon လို့ခေါ်တတ်ကြပါတယ်။
ဒါပေမယ့် ဒီကနေ့တော့ သိပ္ပံပညာရှင်တွေက အဖြစ်မှန်ကိုဖေါ်ထုတ်နိုင်ခဲ့ကြပါပြီ။ တကယ်တော့ supermoon eclipse ဟာ supermoon လမင်းကြီးဟာ ကမ္ဘာကြီးရဲ့ အရိပ်မှောင်အတွင်း ကျေ၇ာက်သွားခဲ့ခြင်းသာဖြစ်ပါတယ်။
ဒီလိုနေေ၇ာင်ခြည်များက ကမ္ဘာကြီးကိုဖြတ်သန်းရာမှာ နံနက်မိုးလင်းစနဲ့ ညနေနေ၀င်ချိန်တွေမျာဖြစ်တတ်တဲ့သဘာဝအတိုင်း အလင်းယိုင်မှု(Refraction) ဖြစ်ပေါ်မှုကြောင့် နေရောင်ခြည်များထဲမှ အနီရောင်ဟာ အလင်းလမ်းကြောင်းယိုင်သွားပြီး ကမ္ဘာ့အရိပ်မဲ(umbra) နယ်ထဲကိုကျရောက်သွားမှုကြောင့် လမင်းကြီးကို supermoon eclipse ဖြစ်နေစဉ်မှာ Blood moon အဖြစ်မြင်ကြရခြင်းသာဖြစ်တယ်ဆိုတာကို ဖေါ်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒီကနေ့တော့ သိပ္ပံပညာရဲ့ ထိုးဖေါက်သိမြင်နိုင်တဲ့ အကိုျးေကြာင့် ကမ္ဘာဦးလူသားများလို နေကိုကိုးကွယ်၊ လကို ကိုးကွယ်ကြရတဲ့ အမှောင်တွင်းဘ၀များမှ ကမ္ဘာ့လူသားများ လွတ်မြောက်နိုင်ခဲ့ကြပါပြီ။
ဒေါက်တာထွန်းလွင်

No comments:
Post a Comment