Saturday, September 26, 2015

ပဋိစ္စသမုပ္ပါဒ်

ပဋိစ္စသမုပ္ပါဒ်

ပဋိစ္စသမုပ္ပါဒ် ဆိုတာ  အကြောင်းကိုစွဲ၍ အကျိုးတရားဖြစ်လာတယ်  လို့  မြန်မာလိုအနက်အဓိပ္ပါယ်ရပါတယ်။
လောကမှာရှိရှိသမျှအရာအားလုံးရဲ့  အကျိုးတရားတွေဟာ  အကြောင်းတရားကို မှီပြီးတော့ ဖြစ်လာကြရတာ
ဖြစ်ပါတယ်။
အပါယ်ဘုံ၊ လူဘုံ ၊ နတ်ဘုံ ၊ ဗြဟ္မာဘုံ  စတဲ့ (၃၁) ဘုံက သတ္တ၀ါတွေဟာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ ၊
အကုသိုလ်ကံ  ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေပဲဖြစ်ပါတယ်။
လူသတ်မှုတခုမှာ သတ်သူဟာ သူသတ်သင့်တယ်လို့ခံစားရတဲ့အကြောင်းအရာတခုခုကြောင့်  သတ်လိုက်
တာဖြစ်တယ်။ သေသူလည်း သူအရင်က ပြုခဲ့ဘူးတဲ့  အကြောင်းအရာ တခုခုရဲ့ အကျိုးတရားကိုခံစားလိုက်
ရတာဖြစ်တယ်။
သေသူဟာတချိန်က သတ်သူကို စော်ကား(အနိုင်ကျင့်)မှု ဒါမဟုတ်  လိမ်လည်  ချောက်တွန်းမှုတွေကို
ပြုလုပ်ခဲ့မိပါလိမ့်မယ်။ ဒါဟာ သူအသတ်ခံရမယ့် အကြောင်းအရာတွေပဲဖြစ်တယ်။
ဒီလိုမှ မဟုတ်ပဲ သေသူဟာ လူမှားပြီးအသတ်ခံရရင်လဲ  
အရင်အတိတ်ဘ၀က  သတ်သူအပေါ်မှာ ပြုမူခဲ့ဘူးတဲ့  အကြောင်းတရားတွေကြောင့် အခုဘ၀မှာလူမှား
သတ်ခံရတဲ့ အကျိုးတရားပေါ်ပေါက်လာရတာဖြစ်တယ်
အကြောင်းရှိရင်  အကျိုးရှိရမယ်။  အကျိုးရှိရင်လည်းအကြောင်းရှိရမယ်။ အရာရာဟာ  အလကားသက်သက်
ဖြစ်ပေါ်လာရတာမရှိပါဘူး။

လူတစ်ယောက် ကားတိုက်သေသွားခဲ့ရင်  သူ့ရဲ့မိဘ ညီအစ်ကိုတွေက ပြင်းပြင်းထန်ထန် ၀မ်းနည်းပူဆွေးမယ်
ငိုကြွေးကြလိမ့်မယ်။ သေဆုံးသူနဲ့ရင်းနီးသူတွေကတော့ စိတ်မကောင်းလောက်ပဲ ဖြစ်ကြမယ်။ သေဆုံးသူရဲ့
ရန်ဘက်တွေဆိုရင်တော့ ၀မ်းသာနေကြလိမ့်မယ်။ သေသူရဲ့မိဘ ညီအစ်ကိုတွေ ရဲ့ ငိုကြွေးပူဆွေးဝမ်းနဲမှု
အကျိုးတရားဟာ  မိဘညီအစ်ကိုမောင်နှမ ဆိုတဲ့ သမုဒိယ သံယောဇဉ် အကြောင်းတရားကြောင့် ပေါ်ပေါက်
လာရတာပဲ။ ကြီးမှားလှတဲ့ သမုဒိယသစ္စာအကြောင်းတရားကြောင့်  မျက်ရည်ကြီးငယ်ကျလာရတဲ့ ဒုက္ခသစ္စာ
အကျိုးတရားတရားကြီး  ပေါ်ပေါက်လာရတာပဲဖြစ်တယ်။  မိတ်ဆွေသူငယ်ချင်း သံယောဇဉ်က မိသားစု
သံယောဇဉ်ထက် မကြီးမားတော့ ဖြစ်ပေါ်လာတဲ့ အကျိုးတရားက  ပြင်းထန်မှုမရှိလှပါဘူး။ ဒါပေမယ့် မိတ်ဆွေ
သူငယ်ချင်း သံယောဇဉ်ဆိုတဲ့  အကြောင်းတရားကြောင့် စိတ်မကောင်းဖြစ်မိတယ်  ဆိုတဲ့ အကျိုး
တရား ဖြစ်မိတာပဲ မဟုတ်လား...။ သေဆုံးသူရဲ့ရန်သူတွေကတော့ အရင်က ရှိခဲ့၊ဖြစ်ခဲ့ ဘူးတဲ့ က္ကုဿာ၊
မိစ္ဆရိယ မနာလိုဝန်သိုမှု ဒေါသ  စတဲ့  အကြောင်းတရားတွေကြောင့် ၀မ်းသာလုံးဆို့တဲ့ အကျိုးတရားတွေ
ဖြစ်ပေါ်ကြတာပဲဖြစ်တယ်...။
သရက်မျိုးစေ့ကို စိုက်ရင် သရက်ပင်ပဲပေါက်မှာပဲ။ သရက်မျိုးစေ့ကို စိုက်လို့ဘူးပင်ပေါက်လာတယ်ဆိုတာမျိုး
မရှိပါဘူး။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးတရားဟာ  သေချာခိုင်မှာလှတဲ့ တရားတော်ဖြစ်တယ်။ ကောင်းတာ
လုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းတာလုပ်ရင် မကောင်းကျိုးကို ခံစားရမယ် ဆိုတာဟာ ပဋိစ္စသမုပ္ပါဒ်
အကြောင်းအကျိုးတရားကို ပြောဆိုနေကြတာ ဖြစ်တယ်။  လောဘတန်းလန်းနဲ့ စုတိစိတ်ကျသေဆုံးသွားခဲ့ရင်
 ဗြိတ္တာဘုံမှာ ပဋိသန္ဓေစိတ်ကျပြီး ဗြိတ္တာ ခန္ဓာကိုရတယ်။  ဒေါသစိတ်နဲ့သေရင် ငရဲဘုံ၊  ဘာကိုမှမသိပဲ
တွေဝေ ထိုင်းမှိုင်း မောဟစိတ်နဲ့သေရင်  တိရစ္ဆာန်ဘုံ ကို ရောက်ပြီး တိရစ္ဆာန် ခန္ဓာကို ရကြတယ်။
ကုသိုလ်စိတ် မဟာဝိပါတ်စိတ်နဲ့ သေဆုံးခဲ့ရင် လူနတ် ဗြဟ္မာစတဲ့  ဘုံမှာ  လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတွေနဲ့
ကောင်းကျိုးကိုခံစားရတယ်၊  ဒီလောဘ ၊ ဒေါသ ၊ မောဟ စိတ်နဲ့ ကုသိုလ်စိတ် ၊ မဟာဝိပါတ်စိတ် တို့ဟာ
အကြောင်းတရားတွေ ဖြစ်ကြပြီး ရလာတဲ့ခန္ဓာတွေဟာ  အကျိုးတရားတွေပဲ ဖြစ်တယ်......။
(ဆက်ရန်...............)

No comments:

Post a Comment