Photoshop 3 ( မိမိ Crop Tool နဲ့ဖြတ်ထားတဲ့ ပုံကို Image sizeချိန်ခြင်း)
photoshop 2 သင်ခန်းစာမှာ ပုံကို ၄ × ၆ crop ဖြတ်ခဲ့ပါတယ်........
အခု photoshop 3 သင်ခန်းစာမှာတော့ အဲဒီပုံကို size မှန်အောင်လို့
Image size ချိန်ပေးတာပါ
ကျွန်တော် ကွန်ပျူတာ ဆိုင်လေးစဖွင့်စတုန်းကပေါ့ Image size ကို အလေး
မထားမိတော့ အတော်လေးရွာလည်တိုင်ပတ်ခဲ့သေးတယ်.....မိမိက ကွန်ပျူတာ
သင်တန်းလိုဟာမျိုး သေချာမတက်ခဲ့တော့ တိုင်ပတ်တာပေါ့ ...
မှတ်မိပါသေးတယ် လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းကပေါ့ ဆိုင်စဖွင့်လို့ ပထမဦးဆုံး
ဓါတ်ပုံကိုထုတ်တာ ပရင်တာက ထွက်လာတော့ ကြီးတဲ့ပုံကကြီး သေးတဲ့ပုံက
သေး ထွက်လာတယ်..... ၄ × ၆ လက်မ crop ဖြတ်တာခြင်းအတူတူ ကြီးတဲ့ပုံ
ကကြီး သေးတဲ့ပုံကသေး နဲ့ သူများရှေ့မှာ အတော်ရွာလည်ခဲ့တယ်........
သူများရှေ့မှာတော့ ခပ်တည်တည်နဲ့ အရွေ့တမင်ပဲ အကြီးအသေးစမ်းထုတ်
သလိုလုပ်ရတာပေါ့.... အခုမှပြန်တွေးကြည့်လိုက်ရင် ရယ်စရာကြီးပါ........
ဘာကြောင့်လဲ ပြန်စဉ်းစားကြည့်တော့ နောက်ဆုံးမှာ Image size ဆိုတာကို
ထည့်မစဉ်းစားခဲ့တာပဲဖြစ်တယ် .... နောက် resolution ကိုမသတ်မှတ်တော့
ရိုက်လာတဲ့ ကင်မရာပေါ်မူတည်ပြီး အနိမ့်အမြင့် ကွာတာရယ်ကြောင့်ပါ
ကဲဒီတော့ အစပြုလေ့လာသူတွေ မိမိလို ဘ၀မျိုးနဲ့ မကြုံရအောင် အခုလို မိမိရဲ့ blog မှာရေးသားနေတာပဲဖြစ်ပါတယ်..... မသိသေးတဲ့သူများအားလုံးကို ရည်ရွယ်ပါတယ်.......သိပြီးတဲ့သူများတော့ မိမိနဲ့အတူ mohnyin ytk apk မှာ
နည်းပညာလေးတွေကို ၀င်ရောက်ရေးသားနိုင်ပါတယ်
ကဲစရအောင်
photoshop ဆော့ဝဲ ကိုဖွင့်ထားပြီး ပုံတပုံကို ၄× ၆ crop ဖြတ်ထားပါ
နောက် အပေါ်ဘက် menu bar က Image ကိုဝင်ပါ
နောက် Image size ကိုဝင်ပါ
ပေါ်လာတဲ့ box ထဲက width မှာ ၄ In ထည့်ရင် height မှာ အလိုလို ၆ဖြစ်ပါတယ် မဖြစ်ရင် Crop ကို သေချာ ပြန် ဖြတ်ပါ........
resolution ကို ၃၀၀ ထည့်ပေးပါ........
ဗွီနိုင်း ထုတ်ဖို့ ဆိုရင်တော့ ၇၂ ထည့်ပေးပါ ........
ဒါဆိုရင် မိမိလိုချင်တဲ့ပုံ လေး စနစ်တကျ သေသေသပ်သပ်ရပါပြီ........
(N&N Computer က ခ သင်ကြားရေး)
--
Posted By Blogger to N.N Computer at 9/13/2015 09:01:00 PM
Sunday, September 13, 2015
Photoshop 3 ( မိမိ Crop Tool နဲ့ဖြတ်ထားတဲ့ ပုံကို Image sizeချိန်ခြင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment