Saturday, September 26, 2015

တစ်ဖက်ကန်းနေသည်မျက်စိပိုင်ရှင်များ မြင်စေခြင် **********************************

အရှင်ပညော ဘာသ
တစ်ဖက်ကန်းနေသည်မျက်စိပိုင်ရှင်များ မြင်စေခြင်
**********************************
တချို့ဒကာ ဒကာမတွေပြောတာတွေကြားရတာစိတ်မချမ်းသာစရာဖြစ်လို့ပါ သူတို့ပြောနေတာက သံဃာတွေက ကိုယ့်အလုပ်ကိုယ်မလုတ်ကြဘူးလို့ပြောနေကြတယ် အဲ့ဒီဒကာ ဒကာမတွေမှာမျက်စိတစ်ဖက်မြင်ပြီး တဖက်ကကွယ်နေလို့ပဲဖြစ်ရမယ်
ဒီလိုပြောလို့ရိုင်းသွားတယ်မထင်ပါနဲ့
အပြစ်မြင်တက်တဲ့မျက်စိသာရှိပြီး
ချီကျူးပေးရမဲ့မျက်စိပါမလာကြဘူးထင်မိပါတယ်
သံဃာတစ်ပါးအပြစ်လုတ်မိရင် အဲ့ဒီအပြစ်ပဲ ပြောချင်နေကြတယ်
သူဘာလို့အဲ့လို လုတ်လိုက်တာလဲဆိုတာမတွေးကြဘူး
သံဃာတစ်ပါးအပြစ်ပြောမိရင်တောင်
ဘယ်လောက်အပြစ်သင့်တယ်ဆိုတာသဘောမပေါက်ပဲပြောမိနေကြတယ်
တစ်ချို့ကပုံကြီးချဲ့ပြီး သံဃာတစ်ပါးကနေ
သံဃာတွေတဲ့ ဆိုတဲ့စကားသုံးမိနေကြတယ်
သံဃားတစ်ပါးတောင်အပြစ်သင့်လွန်းလို့
သံဃာတွေဆိုရင်တော့ မိမိတို့ဘယ်သွားကြမလဲစဉ်စားကြပါ
တကယ်လုပ်တဲ့သံဃာတွေကြတော့မျက်စိပိတ်ပြီးနေကြတယ်
ကိုယ့်အလုပ်လုတ်နေကြတဲ့စာဖြေသံဃာတွေကိုမိမိတို့ဘယ်လောက်ထောက်ပံ့ပြီးပီလဲ ဘယ်လိုအလှုအတန်းမျိုးပြု့ခဲ့ပြီပီလဲ
မကောင်းတာကိုမြင်တက်ရင် ကောင်းတဲ့သံဃာတွေကိုလဲ ချီးကျူးပြီးထောက်ပံ့ပေးသင့်ပါတယ်
စာချ စာသင် စာဖြေ လုပ်နေတဲ့သံဃာတွေမှ အများကြီးပဲ
ဘယ်မြို့မှာပဲဖြစ်ဖြစ် လှုပေးလို့ရပါတယ်
မစိုရိမ်ကျောင်းဒကာပြောခဲ့သလို

မင်းမျက်လုံးထဲမှာခြင်းခက်တဲ့သံဃာကိုမြင်တာကိုကွ လာ လိုက်ခဲ့ဆိုပြီး ကျောင်းပေါ်
ခေါ်ပြလိုက်မှ စာအံနေတဲ့ သံဃာတွေ၂၀၀၀လောက်တွေ့တယ်
ကျောင်းဒကာကထက်ပြောတယ်သေးတယ်
ခြင်းခက်တာတဲ့သံဃာတွေ ၁၀ပါးလောက်ပဲ စာအံနေတဲ့သံဃာတော်က၂၀၀၀ရှိတယ်တဲ့ မင်းကအပြစ်ပြောချင်တဲ့မျက်စိနဲ့ကြည့်တာကိုတဲ့ သလောက်ဆိုသဘောပေါက်လောက်ပါတယ် ဘုရားဟောထားတာတစ်ခုရှိပါတယ်
နောက်ဆုံးအနေနဲ့ပြောခဲ့ပါရစေ
ကိုယ်တိုင်လုပ်ကြည့်ပါ ပြီးမှကောင်းတယ်မကောင်းဘူးဆိုတာသိမှာပါ ဘာမှမလုတ်ရင်ဘာမှမဖြစ်ပါဘူးတဲ့

တစ်ဖက်ထဲမြင်ကြည့်ပြီးအပြစ်ပြောမဲ့အစား
နှစ်ဖက်လုံးဖွင့်ပြီး အော် ကိုယ့်အလုတ်ကိုယ်လုပ်နေကြတဲ့ သံဃာတွေကပိုများတယ်လို့တွေးမိပြီ်း
မိမိတို့အဖို့ သံဃာတွေအပေါ်မှာ အပြစ်မမြင်ပဲ ချစ်ခင်နေကြအုန်းမှာပါ
သံဃာတွေမှာ မိဝေး ဖဝေး ဆွေမျိုးတွေနဲ့ဝေးပြီး စာသင်စာချလုပ်ပြီးသာသနာပြု့နေရတာကို
လျစ်လျူရူ့ပြီး အပြစ်မပြောစေချင်တဲ့စိတ်ဆန္ဒတစ်ခုပါပဲ
ပြန်တွေးလိုက်ပါ မိမိဆိုရင်ရော သူတို့လို
နေနိုင်မလားလို့ တခဏတာစဉ်းစားပြီး
သတင်းစကားကို မျှဝေခဲ့ပါပြီး
ဆွေတော်မျိုးတော်အားလုံး နိဒုက္ခာစ ဟောန္တု နိေဿာကာစ ဟောန္တု ။

No comments:

Post a Comment