
Friday, September 25, 2015
သာသနာပြုနည်းမှန်ပါေ
ဦးမြင့် ခိုင် စိတ်ပညာ
သာသနာပြုနည်းမှန်ပါစေ
-------------------------
ဗုဒ္ဓတရားတော်တွေတင်တဲ့အခါမှာ ကွန်းမန့် တွေမှာ ဘာသာခြားတွေ ရိတာ ဆဲဆိုတာတွေ
တွေ့ ရတက်ပါတယ် သူတို့ ကို ဗွေမယူပါနဲ့  အဆဲနဲ့ ပြန်လည်မတုန့် ပြန်ပါနဲ့ 
ဥရောပတိုက်မှာ ဘာသာခြားတွေ fb သုံးလို့ 
ဘုရားသခင်အကြောင်းရေးကြတဲ့အခါမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာအမြင်နဲ့ ဝင်မန့် ရင်
သူတို့ ကလည်း ကိုယ်တွေကို သနားစရာ လို့ ပဲ
မြင်မိကြမှာပါလေ ဒါဟာ မဆန်းလှပါဘူး
ဗုဒ္ဓတရားတေိာတွေကို မထိတွေ့ ဘူးတဲ့ လူတိုင်း
ဟာ ကိုယ့်ဘာသာအကောင်းဆုံးလို့ ပဲ မြင်နေကြ
ပါလိမ့်မယ်
ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဖြစ်စဉ်က
အီတလီဘုန်းတော်ကြီး ဦးလောကနာထ နဲ့  အနီး
စခန်းဆရာတော်တို့ ရဲ့ တရားတွေဟာ BBC ကနေ အမြဲ လွှင့်ခွင့်ရခဲ့ဘူးတယ် အဲဒီအချိန်က
ဘယ်ဘာသာခြားကမှ ဆန့် ကျင်ဘက် မပြုလုပ်
နိုင်ကြပါဘူး ဘာ့ကြောင့်လည်းဆိုတော့ ဗုဒ္ဓတရားတော်တွေဟာ လက်တွေ့ ကျ သိပ္ပံဆန်
လို့ ပဲ ဆန်းစစ်ပြီးမှ ယုံလို့ စိတ်ခေါ်ထားတဲ့အတွက်
ဘယ်သူမှ မငြင်းပယ်နိုင်ဘူးလေ
ပြောချင်တာက ဗုဒ္ဓဘာသာကို ထိတွေ့ ခွင့်မရှိလို
သာ လက်မခံနိုင်ဖြစ်နေကြတာပါ
အခု fb ဆိုတာကြီးပေါ်လာတော့ ဟိုတုန်းကလို
ဖြန့် ဝေရတာ မပင်ပမ်းတော့ဘူး လူတိုင်း ရေးတင်
နိုင်တယ် မတင်တက်ရင် သူများတင်တာ share
လိုက်တာနဲ့  လူအများကြီးသိမယ် လူတန်းစား
မျိုးစုံသိမယ်
fb မှာ ဗုဒ္ဓတရားတော်တွေသာ ပြန့် နေစမ်းပါစေ
လေ့လာသူကို စိတ်ဝင်စားဖို့  တရားတော်က
တာဝန်ယူပါလိမ့်မယ်
ဒါပေမဲ့
ဖြန့် ဝေဖို့ ကတော့ ဗုဒ္ဓဘာသာတွေက
တာဝန်ယူရလိမ့်မယ်
ဘာသာခြားတွေသာ လေ့လာစမ်းပါစေ
လက်ခံတာမခံတာ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်
သူတို့ ကမသိလို့  ရိတာ ဆဲတာ လုပ်ရင်
ကိုယ်က လိုက်ပြီး မတုန့် ပြန်မိပါစေနဲ့ 
ကိုယ့်တာဝန်ကိုယ်ယူပြီး
မေတ္တာစိတ်နဲ့ သာ တုန့် ပြန်ပါ
ဗုဒ္ဓတရားတော်တွေဟာ
ဘယ်လိုဆိုတာ သူတို့ တွေ လေ့လာရင်းနဲ့ 
သိလာပါလိမ့်မယ်
share ဖို့ သာ ကြိုးစားပါ
ဒါဟာ ဘယ်သူမှ အကုသိုလ်မတက်နိုင်တဲ့
သဘာဝကျကျ သာသနာပြုနည်းပါပဲ
သာသနာပြုနည်း
မှန်ကန်နိုင်ကြပါစေ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment