Saturday, September 5, 2015

ကျွန်မတို့မိုးညှင်းမှာလည်း တစ်ယောက်တည်းသွားလာနေတဲ့ မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ ဒုစရိုက်သမားတွေ ပေါလာပြီ

ကျွန်မတို့မိုးညှင်းမှာလည်း တစ်ယောက်တည်းသွားလာနေတဲ့ မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ ဒုစရိုက်သမားတွေ ပေါလာပြီ
ဒီညနေ ကျွန်မဘုရားသွားတယ်
သူငယ်ချင်းနဲ့ နှစ်ယောက်ဆိုင်ကယ်တစ်စီးတည်းနဲ့သွားတာပါ
အပြန်ရွှေပြည်တော်နားက မုန့်ဟင်းခါးဆိုင်မှာ အာပူသောက်တယ်
ပြီးတော့သူငယ်ချင်းကို ပြန်ပို့ပြီး ကျွန်မအိမ်ပြန်လာတယ်
ကျွန်မနောက်ကို ဆိုင်ကယ်တစ်စီးလိုက်လာပါတယ်
ပထမတော့ သူ့လမ်းသူသွားတယ် ထင်မိတယ်
အချိန်က ခြောက်နာရီခွဲလောက်ဆိုတော့ မိုးသိပ်မချုပ်သေးပါဘူး
သူငယ်ချင်းနေတာက မကြီးခေါက်ဆွဲဆိုင်နားလေးမှာပါ
ကျွန်မက နတ်/ရှမ်းကို ပြန်ရမှာမို့ အုတ်ကျင်းကျောင်းလမ်းကနေပြန်ပါတယ်
ဘူတာနဲနဲအကျော်မှာ
ညနေက မိုးရွာထားတော့ ဗွက်အိုင်လေးတစ်ခုတွေ့လို့ ဆိုင်ကယ်အရှိန်လျော့လိုက်တယ် နောက်ကဆိုင်ကယ်က လုံးဝကျော်တက်မသွားဘူး
ကျွန်မစိတ်ထဲ သံသယဝင်လာတာနဲ့ ဗွက်အိုင်ကျော်ပြီးလည်း ဆိုင်ကယ်ကိုအရှိန်လုံးဝမပါပဲ စက်ဘီးထက်နှေးအောင်ဆက်မောင်းလိုက်တယ်
နောက်ကဆိုင်ကယ်ကျွန်မကို လုံးဝကျော်မသွားဘူး
မီးရထားဆေးခန်းနားလေးရောက်တော့ လူလည်းနဲနဲပြတ်တာနဲ့ ဆိုင်ကယ်ကို သာမန်ထက် အရှိန်မြင့်လိုက်တယ်
ကျွန်မမောင်းတဲ့အရှိန်အတိုင်း နောက်ကကပ်လျက်လိုက်ပါလာတာကို သူ့ဆိုင်ကယ်မီးအရ သိလိုက်ရတယ်
ကျွန်မလည်း ကုန်စုံဆိုင်တစ်ဆိုင်မှာရပ်ပြီး အမေမှာခဲ့တဲ့ပစ္စည်းဝယ်တယ်
ကျွန်မနောက်လိုက်လာတဲ့ဆိုင်ကယ်ကို သေချာကြည့်လိုက်တယ်
ကတုံးနဲ့အသားကနဲနဲဖြူတယ် အသက်သုံးဆယ်ဝန်းကျင် ဆိုင်ကယ်က အနီရောင်
အမျိုးအစားတော့ မသိပေမယ့် မြင်ရင်တော့ မှတ်မိတယ်
အဲ့လူက ကျွန်မဈေးဆင်းဝယ်တော့ ကျွန်မကိုကျော်တက်သွားတယ်
သူ့ဆိုင်ကယ်သံကိုမှတ်မိတဲ့အတွက် ဈေးဝယ်ရင်း အသံနားစွင့်လိုက်တယ်
ပြန်လှည့်လာတဲ့အသံ သေချာကြားလိုက်ရတယ်
ကျွန်မလည်း ဆိုင်ရှင်အစ်မကြီးကို အကျိုးအကြောင်းပြောပြလိုက်တယ်
ဆိုင်ရှင်အစ်မကြီးက ဆိုင်ပြင်ကိုထွက်လာတော့ ဟိုလူက ဆိုင်ကယ်ကိုရပ်ထားပြီး မီးလည်းမှိတ်ထားတယ်
လမ်းကမှောင်နေတော့ သူ့ကိုသိပ်မမြင်ရဘူး
လူပုံစံကိုပြောပြတော့ ဆိုင်ရှင်အစ်မကြီးက အဲ့လူကအဲ့လိုပဲ တစ်ယောက်တည်းသွားလာနေတဲ့ မိန်းကလေးတွေကို လိုက်နှောက်ယှက်နေတာ ပိုက်ဆံအိတ်တွေဘာတွေ သတိထားတဲ့
အဲ့လမ်းကလူပြတ်တော့ တခြားလမ်းကပြန်ပါလားဆိုလို့ မြို့ထဲဘက်ပြန်လာခဲ့တယ်
နောက်ကအသံကို နားစွင့်ကြည့်တော့ အသံမကြားတော့လို့ လိုက်မလာတော့ဘူးထင်မိတယ်
အဲ့ဒါနဲ့ ကြိုးတံတားဘက်ကွေ့လိုက်တယ်
ဟိုလူက ဆက်လိုက်လာပါတယ်
တစ်ယောက်ယောက်ကို ဖုန်းဆက်ဖို့ စဉ်းစားကြည့်ပေမယ့် ကျွန်မဖုန်းထုတ်ပြောနေချိန်မှာ ဖုန်းလုပြေးသွားရင် မြို့ထဲပေမယ့် အားလုံးက ကိုယ့်အာရုံနဲ့ကိုယ် သွားလာနေတာဆိုတော့ ရုတ်တရက် ဘယ်သူမှကယ်နိုင်မှာ မဟုတ်ဘူးလေ
အဲ့ဒါနဲ့ သူငယ်ချင်းဆီပြန်သွားမယ်ဆိုပြီး ဈေးရှေ့ကချင်အထည်ဆိုင်နားမှာ ဆိုင်ကယ်ရပ်လိုက်တယ်
ဟိုလူက ကျွန်မဆိုင်ကယ်ရှေ့ပိတ်ရပ်ပြီး ဘယ်သွားမှာလဲလို့ မေးလာပါတယ်
ကျွန်မလည်း ဘာမှပြန်မပြောပဲ ဆိုင်ကယ်ကွေ့လိုက်ပြီးသူငယ်ချင်းဆီပြန်လာပြီး အကူအညီတောင်းလိုက်ရတယ်
မိန်းကလေးတစ်ယောက်ရဲ့နောက်ကို သဲကြီးမဲကြီးလိုက်တဲ့ရည်ရွယ်ချက်ကိုတော့ လိုက်တဲ့လူကအသိဆုံးဖြစ်မှာပါ
သေချာတာတော့ ကောင်းတဲ့ရည်ရွယ်ချက် ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး
အားလုံးသတိလေးနဲ့ သွားလာကြပါလို့

Linnlat Hnin Myu's post.

No comments:

Post a Comment