ပထမအခေါက်ကျွန်ပြုခံရတာ ငါးနှစ်လောက်ကြာခဲ့ပြီးတော့ အဲ့ဒီလှေပေါ်ကနေ
ခုန်ချထွက်ပြေးခဲ့ပါတယ်။ အင်ဒိုနီးရှားကကျွန်းစုတွေပေါ်မှာ
ပုန်းအောင်းနေခဲ့ပြီး ငါးနှစ်အကြာမှာ မြန်မာပြည်ကို ပြန်ခွင့်ရမလားဆိုတဲ့
မျှော်လင့်ချက်နဲ့ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ပြန်လိုက်ခဲ့ပါတယ်။
အဲဒီလှေပေါ်မှာလည်း ကျွန်လိုခိုင်းစေ နှိပ်စက်မှုကို
ရှစ်နှစ်လောက်ခံခဲ့ရပြန်တယ်။ အိမ်ပြန်ပို့ပေးဖို့ ခြေသလုံးဘက်ပြီး
တောင်းပန်ခဲ့ပေမယ့်လည်း သံကြိုးခတ်ပြီး ဖမ်းဆီးခံခဲ့ရရှာတယ်။
သံကြိုးအချုပ်အနှောင်တွေကို ရတဲ့သံခြောက်းလေးနဲ့ ကြိုးစားပြီးဖွင့်ယူခဲ့ပြီး ပင်လယ်ထဲကို အသေခံခုန်ချထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ အခြားမြန်မာပြည်က ဘဝတူ ငါးဖမ်းကျွန်နှစ်ယောက်နဲ့အတူ ဟင်းသီးဟင်းရွက်တွေစိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ် ။ အသီးအနှံထွက်ရောင်းရတဲ့ ဘဝတူသူငယ်ချင်းကတော့ အင်ဒိုနီးရှားရဲတွေကိုဖမ်းပြီး ငါးဖမ်လှေတွေပေါ် ပြန်ရောင်းစားခဲ့လို့ အဲဒီလှေတွေပေါ်မှာပဲ ဖျားနာသေးဆုံးခဲ့ရပါတယ် ။
အဲဒီလိုနဲ့နေလာလိုက်တာ တစ်နေ့မှာ APသတင်းထောက် ရဲ့ အင်ဒိုနီးရှားအစိုးရက ကျွန်ပြုခံနေရတဲ့ သူတို့လိုငါးဖမ်းလုပ်သားတွေကို အိမ်ပြန်ပို့နေပြီဆိုတဲ့သတင်းကို သူငယ်ချင်းတစ်ယောက်ဆီက ကြားခဲ့ပါတယ်။ အဲဒါနဲ့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကိုယ့်နိုင်ငံကိုပြန်ဖို့လုပ်ခဲ့ပါတယ်။
အမေနဲ့ညီမကို ပြန်တွေ့ရလို့ ဝမ်းသာဝမ်းနည်းဖြစ်ပြီး မျက်ရည်ကျရတဲ့ ငါးဖမ်းသမားကတော့ ကိုမြင့်နိုင် အသက် ၄၀ နှစ်ဖြစ်ပါတယ်။

Kyaw Thu Ya's post.

No comments:
Post a Comment