Mohnyin YTK
Sunday, September 6, 2015
ကလေးချစ်တတ်သူတွေအတွက် ကမ္ဘာ့အချောဆုံး အလှဆုံး မိန်းကလေးငယ်လေး အကြောင်းကို fb စာမျက်နှာအချို့မှာ ဖတ်ဖူးကြမယ်ထင်ပါတယ်။ သူဟာ ဒီနှစ် ဒီဇင်ဘာမှာမှ အသက် ၁၀နှစ်ပြည့်မှာပါ။
ကလေးချစ်တတ်သူတွေအတွက် ကမ္ဘာ့အချောဆုံး အလှဆုံး မိန်းကလေးငယ်လေး အကြောင်းကို fb စာမျက်နှာအချို့မှာ ဖတ်ဖူးကြမယ်ထင်ပါတယ်။ သူဟာ ဒီနှစ် ဒီဇင်ဘာမှာမှ အသက် ၁၀နှစ်ပြည့်မှာ
ပါ။ ရှရှားနိုင်ငံ မော်စကိုမှာမွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သုံးလသမီးအရွယ်မှာ သူတို့မိသားစု ပြင်သစ်ကိုပြောင်းပါတယ်။ ဒီချစ်စရာကလေးငယ် မိန်းကလေးရဲ့နာမည်ကတော့ Kristina Pimenova တဲ့။ ဖခင်ရဲ့အမည်က Ruslan Pimenov တဲ့။ ကလေးမလေးဟာ မျက်လုံးလေးတွေက အပြာရောင် ဆံပင်ကရွှေရောင် အရုပ်ကလေးလား နတ်သမီးလေးလား ထင်မှတ်ရပါတယ်။ အသက်ငယ်ပေမယ့် အလုပ်ကြီး အကိုင်ကြီးနဲ့ပါ။ ကမ္ဘာ့ အသက်အငယ်ဆုံး model ပါ။ ကုမ္ပဏီပေါင်းများစွာနဲ့ စာချုပ်ချုပ်ထားပါတယ်။ လှပေမယ့် ပိုက်ဆံရှာနိုင်ပေမယ့် ရှေ့ရေးအတွက် အလုပ်တွေ လုပ်နေပါတယ်။ ကမ္ဘာ့ချန်ပီယံဟောင်းတစ်ယောက်ဆီမှာ အလှပြ ဂျွမ်းဘား အားကစားနည်းကို သင်ယူနေပါတယ်။ Instagram မှာရော Facebook မှာရော account ဖွင့်ထားပြီး မိခင်ဖြစ်သူက လိုအပ်တာကို စီမံပေးပါတယ်။ follow လုပ်သူသိန်းပေါင်းများစွာရှိပါတယ်။ လှလိုက်တဲ့သမီး တော်လိုက်တဲ့သမီး အားကျဖို့ကောင်းတဲ့သ
မီးလေးတစ်ယောက်ပါ။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment