Sunday, September 6, 2015

System 16 (sd ကဒ် အတွင်း ပျောက်နေသော ) ဓာတ်ပုံများကိုရှာဖွေခြင်း

System 16 (sd ကဒ် အတွင်း ပျောက်နေသော ) ဓာတ်ပုံများကိုရှာဖွေခြင်း

ကျွန်တော်တို့ လို ကွန်ပျူတာ ဆိုင်လေးတွေမှာ မကြာမကြာကြုံတွေ့နေရတဲ့
ပြဿနာလေးတွေပေါ့  ဖုန်းထဲက sd ကဒ်လေးကို ထုတ် ကွန်ပျူတာနဲ့join
ဓာတ်ပုံထုတ်ပေးဖို့ လုပ်တော့  မောင်မင်းကြီးသား sd ကတ်က photo က
ဘယ်မှာမှရှာမတွေ့ပါဘူး  photo တွေဟာ sd ကဒ် ထဲက  DCIM ဆိုတဲ့
folder ထဲမှာနေတာပါ  .....
ဟော... sd  ကဒ်ထဲ က DCIM ကို ရှာတွေ့တော့လည်း  မောင်မင်းကြီးသား
DCIM က ဘယ်လိုဖွင့်ဖွင့် မပွင့်ပါဘူး
ကျွန်တော့်သူငယ်ချင်း လည်း သူ ပုံနှိပ်တိုက် စဖွင့်တုန်းက အဲဒီပြဿနာကို
အတော်ရွာလည်ခဲ့ဖူးတယ် ..... ဗွီနိုင်းလာထုတ်တဲ့သူ ကို ခဏပဲ
အခုပဲရပါတယ်ဆိုပြီး ထုတ်ဖို့လုပ်တော့
 sd ကတ်ထဲက DCIM က ဖွင့်မရတော့ဘူး
  ဗွီနိုင်းထုတ်မယ့် Photo ကိုလည်း sd ကတ်ထဲမှာ ဘယ်လို
ရှာရှာမတွေ့တော့  မရဘူးဆိုပြီးပြန်ပေးလိုက်ရတယ်
 ကျွန်တော်
ကဒီနည်းလမ်းလေးကို လုပ်ကြည့်ဖို့ညွှန်းပေးခဲ့ရဘူးပါတယ်.....]
 sd ကတ်ဟာ ပျက်စီးခါနီးအဟုတ်ရင် ဒီနည်းလမ်းနဲ့ ရပါတယ်....


ကဲစလိုက်ရအောင်
win + R ကိုနှိပ် Run ခေါ်ပါ
cmd လို့ရိုက်ထည့်ပါ cmd box မှာ 
attrib e:\dcim -s -r -h လို့ရိုက်ထည့်ပါ စောစောကဖွင့်မရခဲ့တဲ့
DCIM folder ဟာ ဖွင့်လို့ရလာပါလိမ့်မယ် ပျောက်နေတဲ့photo ကိုလည်း
တွေ့ရပါလိမ့်မယ်..... e:\ ဆိုတာ sd ကဒ် ကိုညွှန်းတာပါ မိမိရဲ့ကွန်ပျူတာမှာ
f ဆိုရင် f:\ လို့ထည့်ပေးရပါမယ်...
-s  -r   -h  ကြားမှာspace ခြားရပါမယ် ဒါမှ အလုပ်လုပ်ပါမယ်

N&N Computer (က ခ သင်ကြားရေး)



No comments:

Post a Comment